Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံသို့ အေးခဲငါးနှင့် ပုစွန်များအပါအဝင် ရေထွက်ပစ္စည်းများတင်ပို့

Unicode

တရုတ်နိုင်ငံသို့ အေးခဲငါးနှင့် ပုစွန်များအပါအဝင် ရေထွက်ပစ္စည်းများတင်ပို့


ယခုနှစ် ဖေဖော်ဝါရီလသုံးပတ်တာကာလအတွင်း မူဆယ် (၁၀၅) မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ အေးခဲငါးနှင့် ပုစွန်များအပါအဝင် ရေထွက်ပစ္စည်းတန်ချိန် ၆၀၀၀ ကျော် တင်ပို့ထားကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာ၏ ပြောကြားချက်အရ သိရပါတယ်။


Fish Gravy, Fish Paste Warehouses (127) ငါးပိ၊ ငံပြာရည်ပွဲရုံ (၁၂၇) ခုကိုရှာရန်နှိပ်ပါ။


ယင်းသို့ တင်ပို့ရာတွင် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၃ ရက်အထိ မူဆယ် (၁၀၅) မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၁၃ သန်း တန်ဖိုးရှိ ရေထွက်ပစ္စည်းတန်ချိန် ၆၀၀၀ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။


ပို့ကုန်တွေကတော့ ရေခဲရိုက်တဲ့ငါး၊ ပုစွန်၊ အေးခဲထားတဲ့ ငါး၊ ပုစွန်တွေ၊ ကဏန်းအရှင်၊ ငါးရှဉ့်အရှင်၊ ငါးလေးခြောက်၊ ငါးပေါင်းမှုန့်၊ ပုစွန်ဖွဲနု၊ ကင်းမွန်ခြောက်တွေကို တင်ပို့ကြောင်း သိရပါတယ်။


Read More >>>>>    ကြက်ရခိုင်ချက် ချက်စားကြရအောင်


ယခင်က တရုတ်နိုင်ငံသို့ မူဆယ် (၁၀၅) မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းအပြင် ချင်းရွှေဟော်နှင့် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းတို့မှ တင်ပို့ခဲ့သော်လည်း ယခုအခါ မူဆယ် (၁၀၅) မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းမှသာ တင်ပို့နေခြင်းဖြစ်ကြောင်း သိရပါတယ်။


#MFID

 

 


 


 


 


 


 


 


 

#MFID

Read times Last modified on Tuesday, 03 March 2020 17:11
Rate this item
(0 votes)