Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဒေါ်လာဈေးတက်သော်လည်း ပြည်ပတင်ပို့သော မွေးမြူရေးငါးများ ဈေးကောင်းမရ

 ဒေါ်လာဈေးတက်သော် လည်း ပြည်ပတင်ပို့သော မွေးမြူရေးငါးများ ဈေးကောင်းမရသည့်အပြင် ဈေးကျနေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

 

ဇွန်လ စတုတ္ထပတ်က စတင် ၍ တစ်ဒေါ်လာလျှင် ကျပ် ၁,၃၇၀  ခန့်မှ ဇူလိုင် ၁၁ ရက်တွင် ၁,၄၀၅ ကျပ်သို့ ဆက်တိုက်မြင့်တက်ခဲ့ သည်။

 

‘‘ဒေါ်လာဈေးတက်ရင် ပို့ ကုန်ငါးတွေက နှစ်တိုင်းဈေးတက် တယ်။ ဈေးမတက်ရင်လည်း ပွဲ စားတွေနဲ့ ညှိပြီး ၅၀ တိုးပေး ဦး၊ ၁၀၀ တိုးပေးဦး မင်းတို့ကိုက်နေပြီပဲဆိုပြီး တိုးတောင်းလို့ရတယ်။ အခုက ပြောင်းပြန်ဖြစ်နေတယ်။ ငွေဈေးတက်တယ်။ ငါးဈေးက ကျတယ်။ ဈေးကွက် သဘောအရ တက်ရမယ့်အချိန်မှာ ဈေးမတက်ဘဲ ဈေးကျတာက အရေးကြီးတဲ့ အခြေအနေတစ်ရပ်ပါ’’ဟု ဦးဝင်းကြိုင်က ဆိုသည်။

 

ငါးလုပ်ငန်းမှ ပို့ကုန်ဝင်ငွေ ကျဆင်းလာနိုင်သဖြင့် အစိုးရအ နေဖြင့် လက်ရှိငါးလုပ်ငန်း အခြေအနေများကို သုံးသပ်ရန် လိုအပ် ကြောင်း ၎င်းကဆိုသည်။

 

 ဒေါ်လာဈေး တက်သော် လည်း ငါးဈေးမတက်သည့် အ ကြောင်းရင်းသည် ဆော်ဒီအာရေးဗီးယားနိုင်ငံသို့ ငါးမြစ်ချင်းတင်ပို့နေသည့် ဈေးကွက်ရပ်ဆိုင်းနေခြင်း၊ ယင်းကဲ့သို့ ပြည်ပတင်ပို့မှု မရှိသဖြင့် ပြည်တွင်းဈေး ကွက်သို့ မွေးမြူရေးငါးများ ၀င် ရောက်မှု များပြားခြင်း၊ မိုးဦး ကာလအစောပိုင်းတွင် မြန်မာ ပြည်အထက်ပိုင်း၌ ရေကြီးသဖြင့် ငါးကန်များ ရေမြုပ်မည်စိုးရိမ်ကာ ကန်ပိုင်ရှင်များက ကန်ဖော်ခြင်းကြောင့်ဟု ဦးဝင်းကြိုင်က ပြောသည်။

 

၂၀၁၅ အတွင်း မြန်မာပြည် အထက်ပိုင်းတွင် မိုးဦးကာလအ စောပိုင်းက ရေကြီးပြီးနောက် ဇူလိုင်နှင့် သြဂုတ်၌ ယင်းရေများ မြန်မာပြည် အောက်ပိုင်းသို့ ရောက်ရှိလာ၍ ငါးကန်များရေ မြုပ်ကာ ငါးမွေးမြူရေးလုပ်ငန်း ရှင်များ ဆုံးရှုံးနစ်နာမှုခဲ့သည်။

 

‘‘ပြည်ပ ၀ယ်လက်နည်းပြီး ပြည်တွင်းက ရောင်းမယ့်သူတွေ များနေလို့ ဈေးကောင်းမရဘူး ဖြစ်နေတာပါ။ အပြိုင်လျှော့ပြီး ရောင်းချသလို ဖြစ်နေတာပါ’’ မြန်မာနိုင်ငံ ရေထွက်ပစ္စည်းထုတ် လုပ်သူများနှင့် အစာထုတ်လုပ် ရောင်းဝယ်သူများအသင်း ဗဟို အလုပ်အမှုဆောင် ဦးခန့်ဇော် အောင်က ပြောသည်။

 

ဒေါ်လာဈေးတက်မှုကြောင့် အအေးခန်းစက်ရုံများတွင် အသုံးပြုရသည့် သွင်းကုန်ပစ္စည်းများ ဈေးတက်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္က ဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ဆို သည်။ မြန်မာနိုင်ငံတွင် အများဆုံး မွေးမြူသည့် ငါးသည် ငါးမြစ်ချင်း ဖြစ်ပြီး ဆော်ဒီအာရေးဗီးယားနိုင်ငံသို့ အဓိကတင်ပို့ရောင်းချနေ ခြင်း ဖြစ်သည်။ ဆော်ဒီအာရေးဗီး ယားနိုင်ငံက ယခုနှစ် မတ်လ ၁ ရက်က စတင်၍ မြန်မာနိုင်ငံမှ ငါးတင်ပို့မှု ပိတ်ပင်ထားသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 11:49
Rate this item
(4 votes)