Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အမရပူရမြို့နယ်၌ ထိုင်ဝမ်ဆီးသီး အဖွင့်ဈေးကွက် ကောင်းမွန်

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင် ထိုင်ဝမ်ဆီးသီးများ လှိုင်လှိုင်ပေါ်လျက်ရှိရာ အဖွင့်ဈေးကွက် ကောင်းမွန်လျက်ရှိပြီး

ဆီးသီးဂျပ်ပုံးတစ်ပုံးလျှင် ငွေကျပ် ၈ဝဝဝဖြင့် ရောင်းချရကြောင်း ထိုင်ဝမ်ဆီးသီး စိုက်ပျိုး ရောင်းချသူများ ထံမှ သိရသည်။

 

ခြံတစ်ခြံလျှင် နှစ်ရက်တစ်ကြိမ် သုံးရက်တစ်ကြိမ် ခြံအကြီး အသေးအလိုက် ခူးဆွတ်ကြရပြီး ဆီးသီးဂျပ်ပုံးတစ်ပုံးလျှင် ဆီးသီးအလုံး အကြီးအသေးအလိုက် ဆီးသီးတစ်ရာခန့် ပါဝင်သည်။

 

တစ်ခါစိုက်ပျိုးပြီးသည်နှင့် နှစ်စဉ်စားသုံးရသော အပင်များထဲတွင် ဆီးပင်လည်း ပါဝင်သည်။ ယခင်စိုက်ပျိုးပြီးသား ဆီးသီးပင်များကိုပင် လက်ရှိကာလတွင် ထိုင်ဝမ်ဆီးသီးများကို တစ်သျှူးမျိုးပွား နည်းစနစ်ဖြင့် ကိုင်းကူးလေ့ရှိသည်။ နောက်ပိုင်းစိုက်သည့် ဆီးသီးပင်များကိုမူ ထိုင်ဝမ်ဆီးသီး မျိုးကောင်းများကိုသာ ရွေးချယ်စိုက်ပျိုး လာကြသည်။

 

ထိုင်ဝမ်ဆီးသီးပင်များကိုမူ အသီးတုံးချိန် ဇွန်လထဲတွင် ခုတ်လေ့ရှိသည်။ ကြားကာလတွင် ဆီးပင်များအကြား ပေါင်းဝင်ခြင်းများ ပြုလုပ်ပေးရသည်။ မိုးခေါင်ပါက တစ်လလျှင် နှစ်ကြိမ် ရေတင်ပေးခြင်း ပြုလုပ်ပေးကြရသည်။

 

မိုးကောင်းပါက အလိုက်သင့် ပြုပြင်ပေးကြသည်။ ဆီးပင်များတွင် အဓိကအားဖြင့် ကြက်ချေးများကို မြေသြဇာအဖြစ် အဓိကထား ကျွေးပေးကြရသည်။

 

မန္တလေးမြို့အနီးရှိ ထိုင်ဝမ်ဆီးသီးခြံများတွင် သြဂုတ်လနှင့် စက်တင်ဘာလတို့တွင် ဝါးငြမ်းများကို ထိုးပေးကြရသည်။ ဆီးပင်၏ အခက်ဖြာသည့်အပေါ် မူတည်ကာ ဝါးငြမ်းနှစ်ငြမ်းမှ သုံးငြမ်းအထိ ထိုးပေးကြရသည်။

 

ဆီးပွင့်သည့်ကာလတွင် အထူးဂရုစိုက်ပေးရသည်။ အပင်အားပေး အသီးအားပေး ဆေးများကိုလည်း လိုအပ်သလို ဖျန်းပေးကြသည်။

 

ဆီးပင်များမှ အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် အသီးကင်းများ လှိုင်သည့်ကာလပင်ဖြစ်သည်။ အပင်လေးရာခန့် ရှိသော ထိုင်ဝမ်ဆီးသီးခြံတစ်ခြံတွင်ပထမငြမ်းထိုးရန်အတွက်  တစ်နေ့လျှင် လူ ၃ဝ ခန့် အသုံးပြုကာ ဂရုတစိုက် ပြုလုပ်ပေးရသည်။

 

ယခုနှစ်မန္တလေးတိုင်း ဒေသကြီး အမရပူရ မြို့နယ်ရှိ ဆီးသီးခြံများတွင် ဆီးသီး လှိုင်လှိုင်ပေါ်လျက်ရှိရာ အဖွင့်ဈေးကွက် ကောင်းမွန်လျက် ရှိကြောင်း သိရသည်။

 

Source: Myawaddy

Read times
Rate this item
(2 votes)