Restaurants

×

Warning

JUser: :_load: Unable to load user with ID: 540

Thursday, 24 December 2020 12:19
Grab Food မှ စားသောက်ကုန်လုပ်ငန်းများ ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းနိုင်ရေးအတွက် ဆောင်ရွက် ပေးနေပြီး Covid 19 ၏ ရိုက်ခတ်မှုကြောင့်

Tuesday, 22 December 2020 16:51
၂၀၁၁ ခုနှစ်တွင် James နှင့် Thom Elliot တို့သည် အလုပ်မှထွက်လိုက်ကြပြီး ချေးငွေ (၂) ခုကိုလျှောက်ထားရယူကြပြီး

Wednesday, 16 December 2020 17:01
ကျန်းမာရေးဦးစီးဌာနမှ စားသောက်ဆိုင်၊လက်ဖက်ရည်ဆိုင်များပြန်လည်ဖွင့်လှစ်ရာတွင်လိုက်နာဆောင်ရွက်ရမည့်အချက်များထုတ်ပြန်ထားပါသည်။

Thursday, 03 December 2020 22:16
Coronavirus Disease 2019(COVID-19) ကွဲကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီမှ  ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့ ရက်စွဲ ဖြင့် ဆိုင်ထိုင်စားသောက်ခွင့်ပြုနိုင်သည့် (၈၀၁၇) ဆိုင် များကို  (၄-၁၂-၂၀၂၀)ရက်မှစ၍ ပြန်လည်ခွင့်ပြုသွားရန်နှင့် စစ်ဆေးရန် ကျန်ရှိနေသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ဆက်လက်စစ်ဆေးပြီး "A အဆင့်သတ်မှတ်ခြင်းခံရပါက ဖွင့်လှစ်ခွင့်ပြုသွားရန် ညွန်ကြားချက် ထုတ်ပြန်ထားပါသည်။  ဖွင့်လှစ်ခွင့်ပြုထားသောဆိုင်များကို ရှောင်တခင် စစ်ဆေးမည် ဖြစ်ပြီး လိုက်နာခြင်းမရှိပါက လိုအပ်သလို အရေးယူဆောင်ရွက် သွားရန်လည်း ညွန်ကြားထားပါသည်။  အကြောင်းအရာ။ Stay at Home သတ်မှတ်ထားခြင်းမရှိသော မြို့နယ်များရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ဖွင့်လှစ်ရေးကိစ္စ    ၁။ လူစုလူဝေးဖြင့် သွားလာနေထိုင်စားသောက်ခြင်းများမှCOVID-19 ရောဂါကူးစက်မှု ကို ပိုမိုခံရနိုင်ဖွယ်ရှိသည့်အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် များရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်၍ စားသောက်ခြင်းကို ခွင့်မပြုတော့ဘဲ Take-away စနစ်ဖြင့်သာ ရောင်းချသွားရန် (Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ၂၀-၉-၂၀၂၀ ရက်စွဲပါစာအမှတ်၊ ၂၄၉၀/ ၂၆၄/COVID-19/ ကော်မတီ(၂၀၂၀)) စာဖြင့် ထုတ်ပြန်ထားရှိခဲ့ ပါသည်။  ၂။ သို့ရာတွင် နေပြည်တော်ကောင်စီအတွင်းနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များမှ stay at Home သတ်မှတ်ထားခြင်းမရှိသော မြို့နယ်များတွင် နေထိုင်သည့် ပြည်သူများအား စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်းကို ပြန်လည် ခွင့်ပြုနိုင်ရန်အတွက် လိုအပ်သော စစ်ဆေးမှုများကို ဆောင်ရွက်စေခဲ့ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော COVID-19 ကာကွယ်၊ တားဆီးရေးဆိုင်ရာ စံသတ်မှတ်ချက် (A)အဆင့်နှင့်ကိုက်ညီပြီး ဆိုင်ထိုင်စားသောက်ခွင့်ပြုနိုင်သည့် ဆိုင်(၈၀၁၇)ရှိ ကြောင်း စိစစ်တွေ့ရှိရပါသည်။  ၃။ သို့ပါ၍ နေပြည်တော်ကောင်စီအတွင်းနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များရှိ Stay at Home သတ်မှတ်ထားခြင်းမရှိသော မြို့နယ်များမှ စစ်ဆေးဆောင်ရွက်ပြီး (A)အဆင့် သတ်မှတ်ခြင်းခံရသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်း ကို (၄-၁၂-၂၀၂၀)ရက်မှစ၍ ပြန်လည်ခွင့်ပြုသွားရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရေး ကြပ်မတ်သွားရန် (၁-၁၂-၂၀၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေး၌ ဆုံးဖြတ် ခဲ့ပါသဖြင့် သိရှိလိုက်နာဆောင်ရွက်နိုင်ရန် လမ်းညွှန်မှုအရ အကြောင်းကြားပါသည်။ ၄။ ဖွင့်လှစ်ခွင့်ပြုထားသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များမှ ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်အတိုင်း လိုက်နာမှုရှိ/မရှိအား သက်ဆိုင်ရာတာဝန်ရှိသည့်ဌာနများမှ ရှောင်တခင်စစ်ဆေးသွားရန်၊ လိုက်နာခြင်းမရှိပါက လိုအပ်သလို အရေးယူဆောင်ရွက် သွားရန်နှင့် စစ်ဆေးရန် ကျန်ရှိနေသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ဆက်လက်စစ်ဆေးပြီး "A အဆင့်သတ်မှတ်ခြင်းခံရပါက ဖွင့်လှစ်ခွင့်ပြုသွားရန် ဖြည့်စွက်ဖော်ပြ အပ်ပါသည်။    

Thursday, 03 December 2020 15:04
အာရှပစိဖိတ်တစ်ဝှမ်းရှိ ထိပ်တန်း အွန်လိုင်းအစားအသောက် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း တစ်ခုဖြစ်သော foodpanda သည် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် တစ်နှစ်အတွင်း

Friday, 06 November 2020 16:52
 တစ်နိုင်ငံလုံး ဒုတိဘအကြိမ် လော့ဒေါင်းချတာမှာ အရက်များရောင်းဝယ်သောစီးပွားရေးလုပ်ငန်းများကို အစိုးရက ပိတ်ပင်ထားခဲ့ရာမှ

Tuesday, 29 September 2020 08:59
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ Stay at Home သတ်မှတ်ခဲ့သည့်

Monday, 28 September 2020 08:27
ယနေ့ လူမှုကွန်ယက်ပေါ်မှာ ဝိဝါဒ ကွဲပြားပြီး ပြောဆိုနေကြတဲ့ QR Pass လိုလာပြီဆိုတဲ့ကိစ္စဟာ

Friday, 25 September 2020 08:38
COVID 19 ကပ်ရောဂါကာကွယ်တားဆီး၊ ထိန်းချုပ်ရေးအတွက် Stay At Home အစီအစဉ်ကာလအတွင်း