Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်စေမယ့် ချဉ်ငံစပ် ကြက်သားငပိချက်

ကြက်သားကို ပုံစံအမျိုးမျိုးချက်စားရတာ ရိုးအီလာပြီဆိုရင်တော့ အသွင်တစ်မျိုးပြောင်းပြီး ချဉ်ငံစပ်အရသာ ကြက်သားငါးပိချက်လေးချက်စားဖို့အတွက် အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ကြက်သား၊ မျှင်ငပိ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ကြက်သားမှုန့်၊ နနွင်းမှုန့်၊ ငရုတ်သီးစိမ်း၊ ဆီ တို့လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကြက်သားကို ရေဆေးသန့်စင်ပြီးလျှင် အရွယ်တော်အတုံးကလေးများတုံး၍ ကြက်သားမှုန့်၊ နနွင်းမှုန့် တို့ဖြင့် ရောနယ်ထားပါ။

 

ပြီးလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း တို့ကို ရောထောင်းထားပါ။

 

Read More >>>>>   သက်သတ်လွတ် မှိုထမင်းလေး လုပ်စားရအောင်

 

ပြီးနောက် ဒယ်အိုးထဲ ဆီထည့် ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း ရောထောင်းထားတာကိုဆီသတ်ပေးပါ။

 

ပြီးလျှင် ဆီသတ်ထားတဲ့အထဲကို ငပိထည့်ပြီး ငရုတ်သီးစိမ်းတွေကိုလည်း ပါးပါးလှီးထည့်ပါ။

 

ပြီးနောက် ငပိအနံ့ထွက်လာပြီဆိုရင်တော့ အရသာနယ်ထားတဲ့ ကြက်သားကို ထည့်ပြီး လုံးချက် ချက်ပေးထားပါ။

 

ပြီးရင်တော့ အဖုံးဖွင့်ပြီး ၁၀ မိနစ်လောက်ကြာပြီဆိုရင်တော့ အဖုံးအုပ်၍ ဆီပြန်တဲ့အထိ ချက်ပေးထားပါ။

 

နောက်ဆုံးတွင်တော့ အရသာရှိတဲ့ ချဉ်ငံစပ် ကြက်သားငပိချက်လေးကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

 

#Myanmar Food Industry Directory (WWH)

Read 2930 times Last modified on Thursday, 18 July 2019 10:55
Rate this item
(0 votes)