Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540

Thursday, 18 August 2022 09:37
အင်ဒိုနီးရှားမှ စားအုန်းဆီရောင်းလိုအားကောင်းမည့် အလားအလာများကြောင့် ဩဂုတ်လ ၄ ရက် အစောပိုင်း ကုန်သွယ်မှုတွင်

Wednesday, 17 August 2022 15:13
လက်ရှိဘဏ္ဍာရေးနှစ် (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် ပထမလေးလတွင် မြန်မာ့လယ်ယာပို့ကုန်ဝင်ငွေသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ

Wednesday, 17 August 2022 14:59
unSirs ၏ စောင့်ကြည့်လေ့လာသည့် အချက်အလက်များအရ ဩဂုတ် ၄ ရက်မှစတင်၍

Wednesday, 17 August 2022 12:58
၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမငါးလတွင် ပါကစ္စတန်မှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ

Wednesday, 17 August 2022 11:13
ဂျာမနီ၊ ပိုလန်နှင့် မော်လ်တာ အီးယူသုံးနိုင်ငံတို့က ဗီယက်နမ်မှ တင်သွင်းသော ခေါက်ဆွဲခြောက်များတွင် ကင်ဆာဖြစ်စေသောဓာတ် ethylene oxide EO ပါဝင်မှု မြင့်မားနေသဖြင့် သတိပေးချက် ထုတ်ပြန်ထားသည်။ အီးယူ အစားအသောက် ဘေးကင်းရေး စည်းမျဉ်းများအရ ခွင့်ပြုသည့် ရေချိန်ထက် ကင်ဆာဖြစ်စေနိုင်သော ethylene oxide EO ပါဝင်မှု ကျော်လွန်နေသည်ဟု ဆိုသည်။   ဂျာမနီနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ ပေးပို့သည့် အသိပေးအကြောင်းကြားစာတွင် ဗီယက်နမ်နိုင်ငံ တောင်ပိုင်းရှိ Binh Duong ပြည်နယ်၊ Thuan An City မှ Asia Food Joint Stock Company အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ်များဖြစ်သော ကြက်သားအရသာ အသင့်စားခေါက်ဆွဲနှင့် ဟင်းခတ်အမွှေးအကြိုင် အသင့်စားခေါက်ဆွဲများတွင် ethylene oxide EO ပါဝင်နှုန်းသည် ဥရောပသမဂ္ဂ အီးယူ၏ ခွင့်ပြုထားသော ကန့်သတ်ချက်များထက် ကျော်လွန်၍ ပါဝင်နေကြောင်း ဖော်ပြထားသည်။   ဟိုချီမင်းမြို့ တန်ဖူခရိုင်မှ Việt Nam Food Industry Joint Stock Company (Vifon) ကြက်သားအရသာ အသင့်စားခေါက်ဆွဲများတွင် အလားတူ ဖြစ်ရပ် တွေ့ရှိကြောင်း ပိုလန်နိုင်ငံက အသိပေးအကြောင်းကြားသည်။ ဗီယက်နမ်မှ တင်ပို့ထားသော ခေါက်ဆွဲခြောက်ထုပ်များကို ဗီယက်နမ်သို့ ပြန်လည်ပေးပို့ကြောင်းလည်း အကြောင်းကြားစာတွင် ဖော်ပြထားသည်။   Nguyễn Gia ၏ ခေါက်ဆွဲ ထုတ်ကုန်များသည် တရားမဝင် မျိုးဗီဇပြုပြင်ထားသော ဆန်များမှ ပြုလုပ်ထားကြောင်း မောလ်တာမှ သတိပေးခဲ့သည်။ ထုတ်ကုန်များကို ဈေးကွက်ထဲမှ ပြန်ရုပ်သိမ်းထားကြောင်း ပြောကြားသည်။ ယမန်နှစ်တွင် ဗီယက်နမ် ခေါက်ဆွဲခြောက်နှင့် ကြာဇံခြောက် အထုပ် အများအပြားတို့တွင် EO ပါဝင်မှုညများပြားကြောင်း တွေ့ရှိပြီးနောက် အီးယူဈေးကွက်တွင် ပြန်လည်သိမ်းဆည်းခဲ့သည်။   ကမ္ဘောဒီးယားအာဏာပိုင်များသည် ဗီယက်နမ် အသင့်စားခေါက်ဆွဲများကို ဓာတ်ခွဲစစ်ဆေးကြည့်မည်ဖြစ်ပြီး တားမြစ်ထားသော Ethylene Oxide (EO) ပါ၀င်မှု များပြားသော ဗီယက်နမ် အသင့်စားခေါက်ဆွဲများ တင်သွင်းမှုကို တားဆီးမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။   #MyanmarFoodIndustryGuide Source: vietnamnet.vn

Tuesday, 16 August 2022 11:17
အခန်း(၃)အမှတ်တံဆိပ်တွင်မဖြစ်မနေပါဝင်ရမည့်အချက်များ   ၅။ မြန်မာစံချိန်စံညွှန်း သို့မဟုတ် ကိုဒက်(Codex) စံချိန်စံညွှန်းသတ်မှတ်ချက်အရ အမျိုးအမည် အလိုက် သီးခြားလိုက်နာဖော်ပြရန်လိုသည့် အစားအသောက်မှအပ အသင့်ထုပ်ပိုးထားသည့် အစား အသောက်၏ အမှတ်တံဆိပ်တွင် အောက်ပါအချက်များ မဖြစ်မနေပါဝင်ရမည် - (က) အစားအသောက်အမျိုးအမည်(The name of the food)၊ (ခ) ပါဝင်ပစ္စည်းစာရင်း (List of ingredients)၊ (ဂ) အသားတင်ပမာဏ၊ အရေအတွက်နှင့် အရည်စစ်အလေးချိန် (Net Content, QuantityAnd Drained weight) (ဃ) အမည်နှင့်လိပ်စာ(Name and address)၊ (င) ထုတ်လုပ်သည့်နိုင်ငံ(Country of origin)၊ (စ) မျိုးတူစုအထောက်အထား(Lot identification)၊ (ဆ) ရက်စွဲအမှတ်အသား(Date marking)၊ (ဇ) သုံးစွဲရန်အညွှန်း (Instructions for use)၊   ၆။ အသင့်ထုပ်ပိုးထားသော အစားအသောက်အမှတ်တံဆိပ်တွင် အစားအသောက်အမျိုးအမည်ကို ဖော်ပြရာ၌ - (က) အစားအသောက်အမျိုးအမည်သည် ယေဘုယျသဘော မဆောင်ဘဲ အများပြည်သူကကွဲပြားစွာနားလည်ပြီး အစားအသောက်၏ ပင်ကိုယ်သဘာဝကို ပေါ်လွင်စွာ ညွှန်းဆိုနိုင်သည့် အခေါ် အဝေါ် ဖြစ်ရမည် (ဥပမာ- ဆီကိုမြေပဲဆီ၊ စားအုန်းဆီစသည့်ဖြင့် ကွဲပြားစွာဖော်ပြရမည်)၊   (ခ) မြန်မာစံချိန်စံညွှန်း သို့မဟုတ် ကိုဒက်(Codex) စံချိန်စံညွှန်းတွင် သတ်မှတ်ထားပြီးဖြစ်ပါက ယင်းအစားအသောက်အမျိုးအမည်တစ်ခုခုကိုသာ သုံးစွဲရမည်၊ (ဂ) အထက်အပိုဒ်ခွဲ (က) နှင့် (ခ) ပါ သတ်မှတ်ချက်တွင် အကျုံးမဝင်ပါက စားသုံးသူနားလည်မှု လွဲမှားခြင်း မရှိစေရန် အလွယ်တကူ နားလည်နိုင်သော ယေဘုယျအမည်ကိုဖြစ်စေ၊ အများသုံးစွဲလေ့ရှိသော အမည်ကိုဖြစ်စေ သုံးစွဲရမည်၊   (ဃ) ပေါင်းစပ်ပြုပြင်ထားသည့် အစားအသောက်ဖြစ်လျှင် စားသုံးသူနားလည်မှု လွဲမှားခြင်းမရှိစေရန် အများသုံးစွဲလေ့ရှိသောအမည်ကိုဖြစ်စေ (ဥပမာ-ဟာလဝါ)၊ အဓိကပါဝင် ပစ္စည်း၏ အမည်ကို ပြုပြင်မှုစကားရပ် ဖြင့် အထူးပြု၍ဖြစ်စေ (ဥပမာ-ဆီးယို၊ ငပိထောင်း) ဖော်ပြရမည်။ သဘာဝတူ အစားအသောက်များကို ရောနှောထားပါက ယေဘုယျအမည်တွင် “စုံ” “ရောနှော" စသည့်စကားရပ်များဖြင့် အထူး ပြု၍ဖြစ်စေ (ဥပမာအကြော်စုံ၊ ရောနှောဆီ)၊ ပါဝင်ပစ္စည်းများရာမှ နည်းရာသို့ အမည်များကိုစဉ်၍ “အရော" ဟူသည့်စကားရပ်ဖြင့် အထူးပြု၍ ဖြစ်စေ (ဥပမာ-နှမ်းဆီ၊ ပန်းနှမ်းဆီအရော) ကွဲပြားစွာဖော်ပြရမည်၊   (င) တီထွင်ထားသောအမည် သို့မဟုတ် စိတ်ကူးယဉ်ဖန်တီးထားသောအမည် သို့မဟုတ် ကုန်စည် အမှတ်အသားအမည် (Brand Name) သို့မဟုတ် ကုန်အမှတ်တံဆိပ် (Trade Mark) စသည်တို့ကို သုံးစွဲလိုပါက အစားအသောက်အမျိုးအမည်နှင့် ကပ်လျက် ဖြစ်စေ၊ တစ်ဆက်တည်းဖြစ်စေ တွဲလျက်ဖော်ပြရမည်၊   (စ) ထပ်တိုးစာသားများ၊ စကားရပ်များပါဝင်ပါက အစားအသောက်၏ ပင်ကိုယ်သဘာဝ၊ ပကတိ အခြေအနေတို့ နှင့်စပ်လျဉ်း၍ စားသုံးသူကို ထင်ယောင်ထင်မှားဖြစ်စေခြင်း၊ နားလည်မှု လွဲမှားစေခြင်း၊ ရှုပ်ထွေး စေခြင်းမရှိစေရ (ဥပမာ-ရိုးရိုးခေါက်ဆွဲကြော်ရဲ့ အမည်ဝတူအနာစကား မိုးပျံခေါက်ဆွဲ၊ ကြက်ဥမွှေကြော်ကို ဒေးဗစ်ကော်)။ သို့ရာတွင် ထည့်သွင်းထုပ်ပိုးပစ္စည်း အမျိုးအစား၊ ပုံစံနှင့် အစားအသောက်ကိုအခြောက်ခံ၊ အနှစ်ထုတ်၊ ကြပ်တိုက် စသည်ကဲ့သို့ ပြုပြင်စီရင်ခြင်း နည်းလမ်းများဖော်ပြခြင်းနှင့် မသက်ဆိုင်စေရ (ဥပမာမုန်လာဥခြောက်၊ ငါးကျည်းကြပ်တိုက်ခြောက်)၊   (ဆ) အထူးအာဟာရအဖြစ် ထုတ်လုပ်သည့် အစားအသောက်ဖြစ်လျှင် အစားအသောက်အမည်နှင့် ကပ်လျက် “အထူးအာဟာရ (Special Dietetic) ” “အထူးအာဟာရဆိုင်ရာ (Special Dietetic)” သို့မဟုတ် ယင်းနှင့် အလားတူ အဓိပ္ပာယ်သက်ရောက်သော စကားရပ်ကို ဖော်ပြပေးရမည်၊   (ဇ) နေရာဒေသအမည်ကို အစား အသောက်အမျိုးအမည်တွင် ထည့်သွင်းဖော်ပြလိုပါက ယင်းအစားအသောက်ကို ဖော်ပြပါနေရာဒေသတွင် ထုတ်လုပ်လျှင်ဖြစ်စေ၊ ဖော်ပြပါနေရာ၏ ဝိသေသထူးပါဝင်ပစ္စည်းများ ဖြင့် ထုတ်လုပ်လျှင်ဖြစ်စေ၊ ဖော်ပြပါနေရာ၏ ရိုးရာဓလေ့ ထုတ်လုပ်ပြင်ဆင်ပုံနည်းလမ်းအတိုင်း တိကျစွာ ထုတ်လုပ်ပြင်ဆင်လျှင်ဖြစ်စေ ဖော်ပြနိုင်သည်။ ထုတ်လုပ်ပြင်ဆင်သည့် နည်းလမ်းသည် အခြားနိုင်ငံတစ်ခု၏ နေရာဒေသတွင် ထုတ်လုပ်ပြင်ဆင်သည့် နည်းလမ်းအတိုင်းဖြစ်ပါက “ စတိုင် (Style) " ဟူသောစကားရပ်ဖြင့် အထူးပြုဖော်ပြရမည်၊   (ဈ) နေရာဒေသအမည်ကို ကုန်စည်အမှတ်အသားအမည်(Brand Name)အဖြစ် ဖော်ပြရာတွင် စားသုံးသူထင်ယောင်ထင်မှားဖြစ်စေခြင်း သို့မဟုတ် အဓိပ္ပာယ်လွဲမှားခြင်း မဖြစ်စေနိုင်ပါက ဖော်ပြနိုင်သည် (ဥပမာ-ကုန်စည်အမှတ်အသားအမည် ရွှေတောင်နှင့် အစားအသောက်အမျိုးအမည် ခေါက်ဆွဲဖြစ်ပါက ရွှေတောင်-ခေါက်ဆွဲဟု အမှတ်တံဆိပ်ကပ်ခြင်းသည် ရိုးရာအစားအသောက် ရွှေတောင်ခေါက်ဆွဲနှင့် နားလည်မှုလွဲမှားစေနိုင်သည်)၊   (ည) အနံ့ကိုဖြစ်စေ၊ အရသာကိုဖြစ်စေ ထပ်မံဖြည့်တင်းထားသော အစားအသောက်အမျိုးအမည်၏ ရှေ့တွင် “အနံ့ထည့်ထားသော" “အရသာထည့်ထားသော" စသည့် အလားတူစကားရပ်ဖြင့် အထူးပြုဖော်ပြရမည်။ ယင်းသို့ဖော်ပြရာတွင် “အနံ့" “အရသာ”ရှေ့တွင် “သဘာဝ” “သဘာဝတူ" "ဖန်တီး" စသည့်စကားရပ်များဖြင့် ပေါင်းစပ်ဖော်ပြနိုင်သည်။   ၇။ အသင့်ထုပ်ပိုးထားသော အစားအသောက်အမှတ်တံဆိပ်တွင် ပါဝင်ပစ္စည်းစာရင်းကို ဖော်ပြရာ၌- (က) ပါဝင်ပစ္စည်းတစ်မျိုးတည်းသာ ပါဝင်သောအစားအသောက်မှအပ ပါဝင်ပစ္စည်းစာရင်းကို အမှတ်တံဆိပ်ပေါ်တွင်ဖော်ပြရမည်၊   (ခ) “ပါဝင်ပစ္စည်းများ”ဟု ခေါင်းစဉ်တပ်လျက်ဖော်ပြရမည်၊ (ဂ) အစားအသောက်ထုတ်လုပ်ရန် ထည့်သွင်းချိန်၌ ပါဝင်သည့်အလေးချိန်ပမာဏအလိုက်များရာမှ နည်းရာသို့ အစဉ်အတိုင်းဖော်ပြရမည်၊   (ဃ) ပါဝင်ပစ္စည်းတစ်ခုသည် အခြားပါဝင်ပစ္စည်းနှစ်ခုနှင့်အထက် ပေါင်းစပ်ထားခြင်းဖြစ်လျှင် အဆိုပါပေါင်းစပ်ပါဝင်ပစ္စည်းကို ဖော်ပြရာ၌ ယင်းနောက်တွင် ပေါင်းစပ်ထားသော ပါဝင်ပစ္စည်းများကို အချိုးအစားများရာမှ နည်းရာသို့စဉ်၍ ကွင်းစကွင်းပိတ် "( )" ဖြင့် ထည့်သွင်းဖော်ပြရမည်။ သို့ရာတွင် မြန်မာစံချိန်စံညွှန်း သို့မဟုတ် ကိုဒက် (Codex) စံချိန်စံညွှန်း၌ ယင်းပေါင်းစပ်ပါဝင်ပစ္စည်းကို သတ်မှတ်ပြီးဖြစ်ပါက အစားအသောက် ထပ်ဖြည့်ပစ္စည်းမှအပ အဆိုပါပေါင်းစပ်ပါဝင်ပစ္စည်း၏ ပမာဏသည် ပါဝင်ပစ္စည်း အားလုံး၏ ၅% အောက်လျော့ နည်းလျှင် အသေးစိတ်ဖော်ပြရန်မလို (ဥပမာမဆလာသည် ပါဝင်ပစ္စည်းတွင် ၅% ထက်ကျော်လွန်ပါက ပါဝင် ပစ္စည်းစာရင်းတွင် “မဆလာ (ဖာလာ၊ နာနတ်ပွင့်၊ ..)”ဟုဖော်ပြရမည်ဖြစ်ပြီး ပါဝင်ပစ္စည်းတွင် ၅% အောက်လျော့နည်းပါက “မဆလာ" ဟုသာ ဖော်ပြနိုင်သည်)၊   (င) စားသုံးသူ ဓာတ်မတည့်ခြင်းဖြစ်စေနိုင်သည့် အောက်ဖော်ပြပါကဲ့သို့သော အစားအသောက်များနှင့် ပါဝင်ပစ္စည်းများဖြစ်ပါက ပါဝင်ပစ္စည်းစာရင်းတွင် စာလုံးမည်း (Bold) ဖြင့်ဖြစ်စေ၊ ပါဝင်ပစ္စည်းစာရင်းနှင့်ကပ်၍ ဓာတ်မတည့်ပစ္စည်းဖြစ်ကြောင်း သိသာထင်ရှားစေသည့် စကားရပ်ဖြင့်တွဲလျက်ဖြစ်စေ ဖော်ပြရမည်- (၁) ဂလူတန်ပါဝင်သော ကောက်ပဲသီးနှံများ (ဂျုံ၊ ဘာလီ၊ အုတ်၊ မုယောစပါး သို့မဟုတ် ယင်းတို့၏စပ်မျိုး များနှင့် ထုတ်ကုန်များ)၊ (၂) အခွံမာရေနေသတ္တဝါနှင့် ယင်းတို့မှထုတ်ကုန်များ၊   (၃) ဥနှင့်ဥမှရသော ထုတ်ကုန်များ၊ (၄) ငါးနှင့်ငါး မှရသော ထုတ်ကုန်များ၊ (၅) နို့နှင့်နို့ထွက်ပစ္စည်းများ(နို့သကြားအပါအဝင်)၊ (၆) မြေပဲ၊ ပဲပိစပ်၊ ပဲပုပ်နှင့် ယင်းတို့မှ ထုတ်ကုန်များ၊ (၇) အခွံမာသီးများနှင့်ယင်းတို့မှထုတ်ကုန်များ၊ (၈) အစားအသောက် တစ်ကီလိုဂရမ်တွင် ၁၀ မီလီဂရမ်ထက် ပိုမိုပါဝင်သော ဆာလဖိုက်ဒြပ်ပေါင်း (Sulphite)။   (စ) အပိုဒ်ခွဲ (င)ပါ စားသုံးသူဓာတ်မတည့်ခြင်းဖြစ်စေနိုင်သည့် အစားအသောက်နှင့် ပါဝင်ပစ္စည်းများကို ထည့်သွင်းထားခြင်းမရှိသော်လည်း ထုတ်လုပ်မှုနည်းစဉ်တစ်လျောက် အစားအသောက်တွင် တစ်နည်းနည်းဖြင့် ပါဝင်လာနိုင်ဖွယ်ရှိပါက “ဓာတ်မတည့်ပစ္စည်း ပါရှိနိုင်သည်"ဟု ပါဝင်ပစ္စည်းများအောက်တွင် ကပ်လျက်ဖော်ပြ ရမည်။ ယင်းသို့ဖော်ပြရာတွင် ပိုမိုသိသာထင်ရှား၍ လွယ်ကူစွာနားလည်စေရန် ရုပ်ပုံနှင့်သင်္ကေတ (symbols) တို့ကိုလည်းသုံးစွဲနိုင်သည်၊   (ဆ) ဆားငန်ရည်၊ သကာရည်၊ အနှစ်ရည်နှင့် ပြုတ်ရည်(broth)ကဲ့သို့သော မူလပါဝင်ပစ္စည်း | အတွင်းပါရှိပြီး ရေမှအပ ထပ်မံထည့်သွင်းထားသည့် ရေအားလုံးကို ပါဝင်ပစ္စည်းအဖြစ် ဖော်ပြရမည်။ ရေနှင့်အခြားအငွေ့ပျံလွယ်သည့် ပါဝင်ပစ္စည်းများသည် ထုတ်လုပ်စဉ်အတွင်း အငွေ့ပျံသွားပါက ပါဝင်ပစ္စည်း အဖြစ်ဖော်ပြရန်မလို၊   (ဇ) ရေဖြင့်သာရောစပ်အသုံးပြုရမည့် အခြောက်ခံ၊ အနှစ်ထုတ် သို့မဟုတ် ပျစ်ခဲထားသည့် အစားအသောက်များတွင် ပါဝင်ပစ္စည်းစာရင်းကို “ပါဝင်ပစ္စည်းများ”ဟူသော ခေါင်းစဉ် အစား “ဖျော်စပ်ပြီးချိန် ပါဝင်ပစ္စည်း"ဟု ဖော်ပြလျက် ယင်းပါဝင်ပစ္စည်းများ၏ ပါဝင်မှု ကို များရာမှနည်းရာသို့ ဖော်ပြရမည်။ ယင်းသို့ဖော်ပြရာတွင် တစ်ကြိမ်စာပမာဏကို (serving size or portion size) ထင်ရှားစွာဖော်ပြပေးရမည်၊   (ဈ) အပိုဒ်ခွဲ( င) ပါ စားသုံးသူဓာတ်မတည့်ခြင်းဖြစ်စေနိုင်သည့် အစားအသောက်နှင့် ပါဝင်ပစ္စည်း များသည် ဇီဝနည်းပညာသုံးခြင်းကြောင့် အစားအသောက် သို့မဟုတ် ပါဝင် ပစ္စည်းများတွင် ကူးပြောင်းပါဝင်လာ ပါက ယင်းကို အသိပေးဖော်ပြရမည် (ဥပမာမျိုးဗီဇ ပြုပြင်ထားသော အစားအသောက် သို့မဟုတ် ပါဝင်ပစ္စည်း)၊ (ည) ဝက်ဆီ၊ ဝက်ဆီခဲ၊ အမဲဆီတို့ကို ၎င်းတို့၏ တိကျသောအမည်ဖြင့်သာ ဖော်ပြရမည်။   (ဋ) အစားအသောက်ထပ်ဖြည့်ပစ္စည်းများကို အမျိုးအစားအလိုက် အမည်ကိုဖော်ပြရာတွင် “သဘာဝ” “သဘာဝတူ" “ဖန်တီး” စသည့်အထူးပြုစကားရပ်များဖြင့် ပေါင်းစပ်၍ဖော်ပြနိုင်သည်။ ဥပမာအနံ့အတွက် - (၁) သဘာဝအနံ့-ဟင်းခတ်အမွှေးအကြိုင်၊ ဘယဆေးပင်၊ သစ်သီး၊ သစ်ရွက်၊ အခေါက်၊ အဖူး၊ အမြစ်၊ ကြက်၊ ငှက်၊ သား၊ ငါး၊ ဥ၊ နို့၊ နို့ထွက်ပစ္စည်း၊ တဆေး နှင့် အချဉ်ဖောက်ပစ္စည်း စသည်တို့မှ သင့်လျော်သော နည်းလမ်းဖြင့် ထုတ်ယူရရှိသည့်အနံ့၊ (၂) သဘာဝတူအနံ့- လူတို့စားသုံးရန်ရည်ရွယ်၍ ရနံ့ရှိပစ္စည်းမှဖြစ်စေ၊ ဓာတ်ခွဲခန်းတွင်ဖြစ်စေ သဘာဝ အနံ့ ဓာတုဖွဲ့စည်းပုံနှင့် ထပ်တူညီပြုလုပ်ထားသည့်အနံ့၊ (၃) ဖန်တီးအနံ့- သဘာဝအားဖြင့်မတွေ့ရှိရသောပြုလုပ် ဖန်တီးထားသည့်အနံ့။   (ဌ) ကုန်ကြမ်းပစ္စည်းတွင်ဖြစ်စေ၊ ပါဝင်ပစ္စည်းတစ်ခုခုတွင်ဖြစ်စေ ထည့်သွင်းထားပြီးဖြစ်၍ ဆက်လက်ပါဝင်လာသော အစားအသောက်ထပ်ဖြည့်ပစ္စည်းများသည် သိသာ ထင်ရှားသော ပမာဏ ပါဝင်လျှင်သော်လည်းကောင်း၊ အစားအသောက်တွင် ပါဝင်ခြင်းအားဖြင့် နည်းပညာပိုင်းဆိုင်ရာ လုပ်ဆောင်ချက် တစ်ခုဖြစ်ပေါ်စေရန် လုံလောက်သော ပမာဏပါရှိလျှင်သော်လည်းကောင်း အဆိုပါအစားအသောက် ထပ်ဖြည့် ပစ္စည်းကို ပါဝင်ပစ္စည်းစာရင်းတွင် ဖော်ပြပေးရမည်။   (ဍ) နည်းပညာရပ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်အတွက် လိုအပ်သည့် ပမာဏအောက်လျော့နည်းစွာ ဆက်လက်ပါဝင်နေသည့် အစားအသောက် ထပ်ဖြည့်ပစ္စည်းနှင့် ပြုပြင်အကူပစ္စည်းကို ပါဝင်ပစ္စည်းစာရင်းတွင် ဖော်ပြရန်မလို၊ (ဎ) အစားအသောက်ထပ်ဖြည့်ပစ္စည်းနှင့် ပြုပြင်အကူပစ္စည်းသည် အပိုဒ်ခွဲ(င)တွင် ဖော်ပြထားသည့် စားသုံးသူဓာတ်မတည့်ခြင်းဖြစ်စေနိုင်သည့် ပစ္စည်းစာရင်းတွင် ပါဝင်လျှင် ပါဝင်ပစ္စည်းစာရင်းတွင် ထည့်သွင်း ဖော်ပြရမည်၊   (ဏ) အထူးအာဟာရအစားအသောက်များတွင် ဆိုဒီယမ်(Sodium) ပမာဏပါဝင်မှု လျော့နည်းလျှင် သို့မဟုတ် လျှော့ချထားလျှင် “ဆိုဒီယမ်ဆားပမာဏနည်းပါးသည်” သို့မဟုတ် * ဆိုဒီယမ်ဆား အာဟာရ လျှော့ချ ထားသည်” သို့မဟုတ် ယင်းနှင့်အလားတူ အဓိပ္ပာယ် သက်ရောက်သောစကားရပ်ကို အစားအသောက်အမည်နှင့် ကပ်လျက် ဖော်ပြပေးရမည်။ (တ) ပါဝင်ပစ္စည်းများ၏ ယေဘုယျ အမျိုးအစားအမည်(General Class Names)ကို သတ်မှတ်အုပ်စု အမည်သို့ ပြောင်းလဲသုံးစွဲခြင်းနှင့် အစားအသောက်ထပ်ဖြည့် ပစ္စည်းဆိုင်ရာ ဖော်ပြချက်များကို သက်ဆိုင်ရာ အဖွဲ့အစည်း၏ သတ်မှတ်ချက်များနှင့်အညီဖော်ပြရမည်။   ၈။ အသင့်ထုပ်ပိုးထားသော အစားအသောက်၏ အမှတ်တံဆိပ်တွင် အသားတင်ပမာဏ၊ အရေ အတွက်နှင့် အရည်စစ်အလေးချိန်တို့ကို ဖော်ပြရာ၌ - (က) အသားတင်ပမာဏကို မက်ထရစ်စနစ်(Systeme International units) သုံး၍ ထုပ်ပိုးချိန်တွင် ရှိသည့် ပျမ်းမျှကိန်းအရဖော်ပြရမည်။ ဒေသအခြင်အတွယ်များကို ဖော်ပြလိုက ယှဉ်တွဲဖော်ပြနိုင်သည်   (ခ) အစားအသောက်သည် အရည်ပုံစံဖြစ်ပါက အသားတင်ပမာဏကို ထုထည်ဖြင့်ဖော်ပြရမည်၊ (ဂ) အစားအသောက်သည် အစိုင်အခဲဖြစ်ပါက အသားတင်ပမာဏကို အလေးချိန် သို့မဟုတ် အရေ အတွက်ဖြင့် ဖော်ပြရမည်။ (ဃ) ပျစ်ခဲသောအစားအသောက်ဖြစ်ပါက အသားတင်ပမာဏကို အလေးချိန် သို့မဟုတ် ထုထည် ဖြင့်ဖော်ပြရမည်၊ (င) လက်လီရောင်းအထုပ်ငယ်များပါဝင်သော အထုပ်ကြီးတွင် အထုပ်ငယ်များ၏ အရေအတွက်ကို ဖော်ပြရမည်ဖြစ်ပြီး အထုပ်ငယ်တစ်ခု၏ အသားတင်ပမာဏနှင့် စုစုပေါင်း ပမာဏကိုဖော်ပြရမည် (ဥပမာ - “၂၀ x ၁၀ ဂရမ်ထုပ် (၂၀၀ ဂရမ်)" "၆ x ၂၀၀ မီလီလီတာဘူး (၁.၂လီတာ သို့မဟုတ် ၁၂၀၀ မီလီလီတာ)")၊   (စ) ကြားခံအရည်ထဲတွင် ထည့်သွင်းထားသော အစားသောက်ဖြစ်ပါက အသားတင် ပမာဏအပြင် ယင်းအစားအသောက်၏ အရည်စစ်အလေးချိန်ကိုပါ မက်ထရစ်စနစ်ဖြင့် ထုပ်ပိုးချိန်တွင်ရှိသည့် ပျမ်းမျှကိန်းအရ ဖော်ပြရမည်။ ကြားခံအရည်ဆိုသည်မှာ သစ်သီးနှင့်ဟင်းသီးဟင်းရွက် စည်သွတ်ဘူးတို့တွင်သာပါရှိသော သစ်သီးနှင့်ဟင်းသီး ဟင်းရွက်ဖျော်ရည်၊ ရေ၊ သကြားရည်၊ ဆားရည်၊ ရှာလကာရည်စသည်တို့တွင် အရည်တစ်မျိုးချင်း သို့မဟုတ် ရောနှောပေါင်းစပ်အရည်ကိုဆိုသည်။   ၉။ အသင့်ထုပ်ပိုးထားသော အစားအသောက်၏ အမှတ်တံဆိပ်တွင် အမည်နှင့်လိပ်စာကို ဖော်ပြရာ၌- (က) ပြည်တွင်းတွင်ထုတ်လုပ်သည့် အစားအသောက်ဖြစ်ပါက အစားအသောက်ထုတ်လုပ်သူ သို့မဟုတ် ပြန်လည်ထုပ်ပိုးသူ၏ လုပ်ငန်းအမည်နှင့် ဆက်သွယ်ရန်လိပ်စာ အပြည့် 300 (Mailing Address with postal code including email and web address if available)နှင့်ဖုန်းနံပါတ်တို့ကို ဖော်ပြရမည်။ လုပ်ငန်း၏ရုံး လိပ်စာနှင့် အစားအသောက်စက်ရုံ၊ အလုပ်ရုံ လိပ်စာ မတူညီလျှင်ဖြစ်စေ၊ စက်ရုံ၊ အလုပ်ရုံသည် တစ်ခုထက်ပို လျှင်ဖြစ်စေ လုပ်ငန်းရုံးလိပ်စာ၏နောက်တွင် ယင်းအစားအသောက်ထုတ်လုပ်ရာစက်ရုံ၊ အလုပ်ရုံ၏ကုဒ် သို့မဟုတ် အမှတ်ကိုပူးတွဲ၍ ဖော်ပြရမည်။   (ခ) ပြည်ပမှတင်သွင်းသည့် အစားအသောက်များအတွက် ထုတ်လုပ်သူ သို့မဟုတ် ထုပ်ပိုးသူအပြင် တင်သွင်းသူ သို့မဟုတ် ဖြန့်ဖြူးသူ သို့မဟုတ် ပြန်လည်ထုပ်ပိုးသူတို့၏ ဆက်သွယ်ရန်လိပ်စာအပြည့်အစုံ (Mailing Address with postal code including email and web address if available)နှင့် ဖုန်းနံပါတ်တို့ကို ဖော်ပြရမည်။ (ဂ) ကိုယ်တိုင်ထုတ်လုပ်ခြင်းမဟုတ်သည့် လုပ်ငန်းအမည်ကိုဖော်ပြပါက ယင်းအမည်နှင့်ယှဉ်တွဲ၍" - - အတွက်ထုတ်လုပ်ထားသည်" “Manufactured for_ _" သို့မဟုတ် " - - အတွက်ထုပ်ပိုးထားသည်” “Packed for_ _"ဟု ဖြည့်စွက်ဖော်ပြရမည်။   ၁၀။ အသင့်ထုပ်ပိုးထားသော အစားအသောက်၏ အမှတ်တံဆိပ်တွင် ထုတ်လုပ်သည့်နိုင်ငံကို ဖော်ပြရာ၌ - (က) အစားအသောက်ထုတ်လုပ်သည့်နိုင်ငံကို မဖော်ပြခြင်းကြောင့် စားသုံးသူက လွဲမှားစွာနားလည်စေ နိုင်လျှင် ယင်းကို ဖော်ပြရမည်၊ (ခ) ပြည်ပမှတင်သွင်းသည့် အစားအသောက်များတွင် မူလနိုင်ငံမဟုတ်သော အခြားနိုင်ငံတစ်ခုခု၌ အစားအသောက်၏ သဘာဝပြောင်းလဲစေရန် ထပ်မံပြုပြင်စီရင်ထားပါက နောက်ဆုံးပြုပြင်စီရင်ခြင်းပြုခဲ့သည့် နိုင်ငံကို ထုတ်လုပ်သည့်နိုင်ငံအဖြစ် သတ်မှတ်ဖော်ပြရမည်။   ၁၁။ အသင့်ထုပ်ပိုးထားသော အစားအသောက်၏ အမှတ်တံဆိပ်တွင် မျိုးတူစုအထောက်အထား ကိုဖော်ပြရာ၌ အစားအသောက် ထည့်သွင်းထုပ်ပိုး ပစ္စည်းတစ်ခုချင်းစီတွင် ထုတ်လုပ်သည့်စက်ရုံနှင့် မျိုးတူစုအထောက်အထား ကို ခွဲခြားသိရှိနိုင်ရန် ကုဒ်နံပါတ်ဖြင့်ဖြစ်စေ၊ အခြားအမှတ်အသား တစ်ခုခု ဖြင့်ဖြစ်စေ မပျက်ယွင်းနိုင်အောင် အမှတ်အသားပြု၍ ထုတ်လုပ်မှုအမှတ်စဉ်ဖြင့် ဖော်ပြရမည်။   ၁၂။ အသင့်ထုပ်ပိုးထားသော အစားအသောက်၏ အမှတ်တံဆိပ်တွင် ရက်စွဲအမှတ်အသားကို ဖော်ပြရာ၌ မြန်မာ စံချိန်စံညွှန်းနှင့် ကိုဒက်(Codex)စံချိန်စံညွှန်းများတွင် သီးခြားသတ်မှတ်ထားခြင်း မရှိပါကရက်စွဲအမှတ်အသားကို နိုင်ငံတကာသုံးပြက္ခဒိန်ကိုအခြေခံ၍ အောက်ပါအတိုင်း ဖော်ပြရ မည်။ ယင်းသို့ဖော်ပြရာတွင် နိုင်ငံတကာနှင့်အညီ အတိုကောက်စာလုံးများကို သုံးစွဲနိုင်သည်-   (က) အစားအသောက်၏ဘေးအန္တရာယ် ကင်းရှင်းမှုနှင့် အရည်အသွေး စိတ်ချရစေရန် သတ်မှတ်ရက်စွဲ မတိုင်မီ စားသုံးရမည့် အစားအသောက်ဖြစ်ပါက “နောက်ဆုံးစားသုံး ရန်ရက်စွဲ” (Use-by Date) သို့မဟုတ် “သက်တမ်းကုန်ရက်စွဲ” (Expiration Date) ဖြင့်ဖော်ပြရမည်။   (ခ) သတ်မှတ်ရက်စွဲတွင် အစားအသောက်သည် ပျက်စီးသည့် အခြေအနေသို့မရောက်ဘဲ တဖြည်းဖြည်း အရည်အသွေးဆုတ်ယုတ်လာသည့် အခြေအနေတွင် “နောက်ဆုံးစားသုံး ရန်ရက်စွဲ” (Use-by Date) သို့မဟုတ် “သက်တမ်းကုန်ရက်စွဲ” (Expiration Date)ဖြင့် ဖော်ပြရန်မလိုအပ်ဘဲ “ရက်စွဲမတိုင်မီအကောင်းဆုံး” (Best Before Date) သို့မဟုတ် “ရက်စွဲမတိုင်မီ အရည်အသွေးအကောင်းဆုံး” (Best Quality before Date) ဖြင့် ဖော်ပြရမည်။   (ဂ) သုံးလအောက်အထားခံသည့် စားသောက်ကုန်များအတွက် ရက်နှင့်လဖော်ပြရမည့်အပြင် သက်ဆိုင် ရာဌာန၊ အဖွဲ့အစည်းက စားသုံးသူများ အဓိပ္ပါယ်လွဲမှားနိုင်သည်ဟု ယူဆ၍ သီးခြားညွှန်ကြားပါက ခုနှစ်ကိုပါ ဖြည့်စွက်ဖော်ပြရမည်။ သုံးလနှင့်အထက်အထားခံသည့် စားသောက်ကုန်များအတွက် အနည်းဆုံးလနှင့် ခုနှစ် ဖော်ပြရမည်။ (ဃ) ရက်စွဲကို စာသားများနှင့် ပူးတွဲဖော်ပြထားခြင်းမရှိပါက ယင်းရက်စွဲကို ဖော်ပြထားသည့် အမှတ် တံဆိပ်ပေါ်ရှိ နေရာနှင့် ပတ်သက်သည့် ညွှန်းဆိုချက်ကိုလည်းကောင်းပူးတွဲဖော်ပြရမည် (ဥပမာ-သက်တမ်း ကုန်ရက်စွဲ- (ဘူးအောက်ခြေတွင် ကြည့်ပါ))၊   (င) ရက်နှင့်နှစ်ကိုဖော်ပြရာတွင် ကိန်းဂဏန်းများဖြင့် ဖော်ပြနိုင်ပြီး ခုနှစ်ကို ဂဏန်းနှစ်လုံး သို့မဟုတ် လေးလုံးဖြင့်လည်းကောင်း၊ လကို စာသားဖြင့် သို့မဟုတ် အတိုကောက် စာလုံးဖြင့် သို့မဟုတ် ကိန်းဂဏန်း ဖြင့်လည်းကောင်း ဖော်ပြနိုင်သည်။ ရက်စွဲကိုဖော်ပြ ရာတွင် ရက်/လ/နှစ် (DD/MM/YY) သို့မဟုတ် (DD/MM /YYY) အစီအစဉ်ဖြင့် ဖော်ပြရမည်။ ယင်းသို့မဟုတ်ပါက ရက်စွဲအမှတ်အသားဖော်ပြချက်နှင့် ဖော်ပြပုံအစီအစဉ် ကိုပါ ပူးတွဲဖော်ပြရမည် (ဥပမာ-၂၀၁၉-၁၂-၀၂(YYYY-MM-DD))၊ (စ) ရက်စွဲဆိုင်ရာအချက်များအား ဖော်ပြရန်မလိုသည့် အခြေအနေနှင့်ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့ အစည်း၏ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်။   (ဆ) အောက်ပါကဲ့သို့သော အစားအသောက်များတွင် ထုတ်လုပ်ရက်စွဲ သို့မဟုတ် ထုပ်ပိုးရက်စွဲကိုသာ ဖော်ပြနိုင်သည်- (၁) အခွံခွာခြင်း၊ ဖြတ်တောက်ခြင်း၊ ပြုပြင်ခြင်းမရှိသည့် သစ်ဥသစ်ဖုအပါအဝင် လတ်ဆတ်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ၊ (၂) ဝိုင်အမျိုးမျိုး(အပြင်းစားဝိုင်၊ အမြှုပ်ပါသည့်ဝိုင်၊ မွှေးကြိုင်နေသည့်ဝိုင်၊ သစ်သီးဝိုင်၊ အမြှုပ်ထနေသည့်သစ်သီးဝိုင်များ)၊ (၃) အရက်ပါဝင်မှု ၁၀% နှင့်အထက် ပါဝင်သည့် အဖျော်ယမကာများ၊ (၄) ထုတ်လုပ်ချိန်မှ ၂၄ နာရီအတွင်း စားသုံးရန်ပြုလုပ်ထားသော မီးဖုတ်မုန့်များ၊ အစားအသောက်များ၊ (၅) ရှာလကာရည်၊ (၆) အိုင်အိုဒင်းဖြည့်စွက်ထားခြင်းမရှိသော အိမ်သုံးဆား(Non-iodized foodgrade salt)   (၇) အာဟာရဖြည့်စွက်ထားခြင်းမရှိသော သကြား(Non-fortified solid sugar)၊ (၈) အရောင်အနံ့ပါသော သကြားအခြေခံသည့် မုန့်ချို (Confectionary)၊ (၉) ချွင်းဂမ်း(Chewing Gum)။   (ဇ) ထုတ်လုပ်ရက်စွဲနှင့် ထုပ်ပိုးရက်စွဲတို့ကို အပိုဒ်ခွဲ(က) နှင့် (ခ) တို့ပါ ဖော်ပြချက်များနှင့် ပေါင်းစပ် ဖော်ပြနိုင်သည်။ ထိုသို့ဖော်ပြရာတွင် “ထုတ်လုပ်ရက်စွဲ” သို့မဟုတ် “ထုပ်ပိုး ရက်စွဲ” စာသားနှင့်အတူ အပိုဒ်ခွဲ (င)ပါပုံစံအတိုင်းဖော်ပြနိုင်ပြီး နောက်ခံအရောင်၊ ရုပ်ပုံ၊ ဒီဇိုင်းတို့နှင့် မရောထွေးစေပဲ ရှင်းလင်းပြတ်သားစွာ ဖော်ပြရမည်။   ၁၃။ အသင့်ထုပ်ပိုးထားသော အစားအသောက်၏ အမှတ်တံဆိပ်တွင် သုံးစွဲရန်အညွှန်းကိုဖော်ပြ ရာ၌ အစားအသောက်ကို မှန်ကန်စွာသုံးစွဲနိုင်စေရန်အလို့ငှာ သုံးစွဲရန်အညွှန်းအပြင် လိုအပ်သည့် ပြုပြင်သုံးစွဲရမည့်နည်းလမ်းကို အမှတ်တံဆိပ်ပေါ်တွင် လိုအပ်ချက်နှင့်အညီ တစ်ပါတည်းဖော်ပြရမည်။ ရှင်းလင်းချက်-   (၁) အသင့်စားခေါက်ဆွဲထုပ်ကို အာဟာရမျှတစေရန် အသား၊ ငါး၊ ဥ၊ ဟင်းသီးဟင်းရွက်များ ထပ်မံ ဖြည့်သွင်းပြုပြင်သုံးစွဲရန် လိုအပ်ပါက သုံးစွဲရန်အညွှန်း တွင် ပြုပြင်လုပ်ဆောင်ရမည့် နည်းလမ်း သို့မဟုတ် အဆင့်ကို မဖြစ်မနေထည့် သွင်းဖော်ပြပေးရမည်။   (၂) ယင်းကဲ့သို့ ထည့်သွင်းဖော်ပြခြင်းမရှိပဲ ပြုပြင်ပြီးရရှိမည့် အခြေအနေကို ပွဲပြင် ပန်းကန်ဖြင့်ဖြစ်စေ၊ အခြားတနည်းနည်းဖြင့်ဖြစ်စေ အမှတ်တံဆိပ်တွင် ဖော်ပြ ခြင်းသည် ယင်းအစားအသောက်တွင်ထပ်မံ ဖြည့်သွင်းရမည့်အရာများ ပါရှိပြီးဖြစ်သည်ဟု ထင်ယောင်ထင်မှားဖြစ်စေသည့်အတွက် ဖော်ပြခြင်းမပြုရ။   (၃) ပြုပြင်ပြီးရရှိမည့်အခြေအနေကို ပွဲပြင်ပန်းကန်ဖြင့် ပုံဖော်ပြသပါက ယင်းသို့ပြုပြင်ရာတွင် သုံးစွဲရမည့် တစ်ကြိမ်စာပမာဏကို(serving or portion size) ထင်ရှားစွာဖော်ပြပေးရမည်။   ကျန်းမာရေးဝန်ကြီးဌာန မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ #MyanmarFoodGuide

Monday, 15 August 2022 17:21
အာရှစပါး အထွက်နည်းမည်ဟု ခန့်မှန်း

Monday, 15 August 2022 12:28
စားသောက်ကုန် အရည်အသွေးရှိသည့် ပဲစင်းငုံဈေးသည် မဟာရပ်ရှ်တြာ (မဟာရဋ္ဌ) ပြည်နယ်မြို့တော်

Sunday, 14 August 2022 18:27
ယူကရိန်းမှ ပထမဆုံးထွက်ခွာသည့် ကုန်တင်သင်္ဘောမှ ပြောင်းများ ဝယ်လက်က ဝယ်ဖို့ ငြင်းဆန်