Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540

Saturday, 13 August 2022 10:41
အာရှဆန် တစ်ပတ်တာ  ( ဩဂုတ် ၆-၁၂  )

Friday, 12 August 2022 12:37
တရုတ်ပြည်တွင်း ယူရီးယားဈေးနှုန်းများသည် ဇူလိုင် ၂၅ ရက်တွင် ၃ ဒသမ ၆၃ ရာခိုင်နှုန်း ကျဆင်းခဲ့

Friday, 12 August 2022 11:01
ဈေးကွက်အတွင်းတွင် အခြေခံစားကုန်များ အခြားဒေသမှ အများအပြား ဝင်ရောက်လျက်ရှိရာ အခြေခံစားကုန်တစ်မျိုးဖြစ်သည့် ကြက်ဥကို တောင်ကြီး၊ မိုးဗြဲဘက်မှ အများဆုံး ဝင်ရောက်လျက်ရှိရာ ယခင်ဇူလိုင်လတွင် တောင်ကြီးမှ ကြက်ဥ (၁၀၈၈) ဖာ ဝင်ရောက်ကြောင်း မြို့ဦးဂိတ်စာရင်းအရ သိရပါသည်။

Wednesday, 10 August 2022 14:08
အခန်း(၂) အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ အခြေခံမူများ   ၄။ အသင့်ထုပ်ပိုးထားသော အစားအသောက်ကို အမှတ်တံဆိပ်ကပ်ရာတွင် အောက်ပါအခြေခံမူများကို လိုက်နာ ရမည် - (က) အစားအသောက်၏ ထူးခြားသော သွင်ပြင်လက္ခဏာ၊ ဂုဏ်သတ္တိတို့နှင့်စပ်လျဉ်း၍ မှားယွင်းသော ထင်မြင် ချက်များ ဖြစ်ပေါ်စေနိုင်သော ဖော်ပြချက်၊ အဓိပ္ပာယ်လွဲမှားစေသော (သို့မဟုတ်) အဓိပ္ပာယ်နှစ်ခွဖြစ်စေသော ဖော်ပြချက်၊ လိမ်လည်လှည့်ဖြားသော ဖော်ပြချက်၊ မှားယွင်းသည့် ထင်မြင်ချက်များကို ဖြစ်ပေါ်စေနိုင်သော ဖော်ပြချက် (သို့မဟုတ်) အလားတူ ဖော်ပြချက်များ မပါရှိစေရ။   (ခ) အခြားသော ထုတ်ကုန်နှင့် ဆက်စပ်နေသည့် အစားအသောက်ဖြစ်သည်ဟု စားသုံးသူက ထင်မြင်ယူဆစေရန် သို့မဟုတ် ထင်ယောင်ထင်မှားဖြစ်စေရန် စာဖြင့်ဖြစ်စေ၊ ပုံဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ဖော်ပြချက် သို့မဟုတ် အလားတူဖော်ပြချက်များ မပါရှိစေရ။   (ဂ) ကုန်စည်အမှတ်အသား (Brand)နှင့် ကုန်အမှတ်တံဆိပ် (Trade Mark) သတ်မှတ်ရာတွင် အောက်ပါ အဓိပ္ပာယ်မျိုး သက်ဝင်စေသည့်စာသား၊ ဝေါဟာရ၊ အသုံးအနှုန်း၊ ရုပ်ပုံ၊ သရုပ်ဖော်ပုံ၊ ကိုယ်ပိုင်အမှတ်အသား၊ ကိုယ်ပိုင်တံဆိပ်စာလုံး (Logo) (သို့မဟုတ်) အလားတူ အဓိပ္ပာယ်သက်ရောက်သော ဖော်ပြချက်များကို ဖော်ပြ သုံးစွဲခြင်း မပြုရ -              (၁) ဥပဒေ၊ နည်းဥပဒေများဖြင့်ဖြစ်စေ၊ ဌာနအဖွဲ့အစည်းတစ်ခုခုကဖြစ်စေ အမှတ်တံဆိပ်တွင်ဖော်ပြခြင်း မပြုရန် တားမြစ်ထားသည့် အချက်များ။                (၂) ဤအမိန့်၏ အပိုဒ်၅(က)တွင် မဖြစ်မနေဖော်ပြရန် ညွှန်းဆိုသည့် အစား အသောက်အမျိုးအမည်များကို ကုန်စည်အမှတ်အသားအမည် (Brand Name) အဖြစ်သုံးစွဲခြင်း (ဥပမာ- “သံလွင်သီး အမဲဆီ”၊ “နှမ်းနက်လက်ဖက်ခြောက်"၊ “ပျားရည်နို့ချဉ်")။   (ဃ) အမှတ်တံဆိပ်တွင် သတင်းအချက်အလက်များ ဖော်ပြသည့်အခါ -              (၁) ထည့်သွင်းထုပ်ပိုးပစ္စည်းပေါ်တွင် ခိုင်မြဲစွာတွဲကပ်၍ဖြစ်စေ၊ ရိုက်နှိပ်၍ဖြစ်စေ၊ ခင်းကျင်းထားသောအစားအသောက်နှင့် ယှဉ်တွဲ၍ဖြစ်စေ ဖော်ပြရမည်။                            (၂) ထည့်သွင်းထုပ်ပိုးပစ္စည်းကို အလွှာတစ်ထပ်ဖြင့် ထပ်မံထုပ်ပိုးပါက ယင်းထုပ်ပိုးလွှာပေါ်တွင် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ ဖော်ပြချက်များပါရှိစေရမည်။ ယင်းသို့မဟုတ်ပါက မူလထုပ်ပိုးမှုပေါ်ရှိ ဖော်ပြချက်များကို ရှင်းလင်းပီသစွာ ထွင်းဖောက်မြင်နိုင်စေရမည်။ မထင်မရှား ဖုံးကွယ်ခြင်းမျိုး မဖြစ်စေရ။                           (၃) အစားအသောက်အမျိုးအမည်နှင့် အသားတင်အလေးချိန်ကို မြင်ကွင်းမျက်နှာ ပြင်တစ်ခုတည်းတွင် ထင်ရှားပေါ်လွင်စွာ မြင်သာအောင် ဖော်ပြရမည်။   (င) အမှတ်တံဆိပ်တွင်ဖော်ပြသည့် ဘာသာစကားသည် -               (၁) အခြားဥပဒေပါ သတ်မှတ်ချက်များနှင့် မဆန့်ကျင်သရွေ့ စားသုံးသူများ ဖတ်ရှုနားလည်လက်ခံနိုင်သည့် ဘာသာစကား (သို့မဟုတ်) မြန်မာဘာသာစကား ဖြစ်ရမည်။ ဘာသာစကားတစ်ခုထက်ပို၍ သုံးစွဲဖော်ပြနိုင်သည်။                 (၂) မူလအမှတ်တံဆိပ်၏ ဘာသာစကားသည် ရောင်းချရန် ရည်ရွယ်ထားသည့် စားသုံးသူအတွက် လက်ခံနိုင်ခြင်းမရှိပါက အမှတ်တံဆိပ်ပြန်လည် ပြင်ဆင်ခြင်းအစား မဖြစ်မနေဖော်ပြရမည့် အချက်အလက်များကိုသာ လိုအပ်သော ဘာသာစကားဖြင့် ထပ်ဆောင်း ဖြည့်စွက်ဖော်ပြခြင်းကို အသုံးပြုနိုင်သည်။                 (၃) အမှတ်တံဆိပ်ကို ပြန်လည်ပြင်ဆင်အစားထိုးခြင်း (relabelling)၊ ထပ်ဆောင်း ဖြည့်စွက်ဖော်ပြခြင်း (supplementary label) များတွင် မဖြစ်မနေဖော်ပြရမည့် အချက်အလက်များကို မူလအမှတ်တံဆိပ်ပါ ဖော်ပြချက်အတိုင်း ပြည့်စုံတိကျစွာဖော်ပြရမည်။   (စ) ဤအမိန့်နှင့် အခြားသက်ဆိုင်ရာ အမိန့်၊ ညွှန်ကြားချက်များအရ ထုပ်ပိုးပစ္စည်းပေါ်တွင် အမှတ်တံဆိပ်နှင့် သက်ဆိုင်သည့် အချက်များဖော်ပြရမည့် သတင်းအချက်အလက် နေရာ (information panel) နှင့် အဓိကမြင်ကွင်းအကွက် (principal display panel) အတွက် သတ်မှတ်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ လမ်းညွှန်ချက် များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။   #MyanmarFoodGuide Source: ကျန်းမာရေးဝန်ကြီးဌာန မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့

Tuesday, 09 August 2022 11:18
ကျန်းမာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ အမိန့်ကြော်ငြာစာ

Sunday, 07 August 2022 17:34
ယူကရိန်းမှ စားနပ်ရိက္ခာသင်္ဘော ၄ စီး ထွက်ခွာ

Saturday, 06 August 2022 09:31
အာရှဆန် တစ်ပတ်တာ  (ဇူလိုင် ၃၀ - ဩဂုတ် ၅ )

Friday, 05 August 2022 09:51
ဗုဒ္ဓဟူးနေ့(ဩဂုတ် ၃ရက်) မှာ တရုတ်နိုင်ငံက တိုင်ဝမ်မှ လိမ္မော်၊ ကဗ္ဗလာမျိုးဝင်အသီးများနှင့် ငါးအမျိုးအစားတစ်မျိုးတို့ တရုတ်ပြည်သို့ တင်သွင်းခွင့် ပိတ်ပင်လိုက်ပါတယ်။

Thursday, 04 August 2022 13:41
၁။ မျိုးရွေးချယ်ခြင်း -    ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသော၊ စျေးကွက်ရှိသောမျိုးများကို ရွေးချယ်ပါ။ -    အထွက်နှုန်းကောင်း၍ ဆန်အရည်အသွေးမြင့်မားသောမျိုးများကို ဦးစားပေးရွေး ချယ်ပါ။  -    မိုးရာသီတွင် အောက်မြန်မာပြည်၌ သက်လတ်အထွက်ကောင်းစပါးမျိုးများဖြစ် သော မနောသုခ၊ ကျော်ဇေယျ၊ မှော်ဘီ ၂၊ ရွှေဝါထွန်း၊ ဧရာမင်း၊ ဆင်းသွယ်လတ် နှင့် ဆန်အရည်အသွေးကောင်းမျိုးများဖြစ်သော ပေါ်ဆန်းမွေး၊ လုံးသွယ်မွှေး၊ အင်းမရဲဘော်၊ ဇီယာ (နှံကားမီးကောက်) စသည့်မျိုးများကိုရွေးပါ။ -    နွေရာသီတွင်ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီသော သတ်လျင်အထွက်ကောင်း မျိုးများဖြစ်သည့် ရတနာအောင်၊ ရွှေသွယ်ရင်၊ သီးထပ်ရင်၊ IR-747 နှင့် သတ်လက်စပါးမျိုးများဖြစ်သော မနောသုခ၊ ရေဆင်းလုံးသွယ် စသည့်မျိုးများကို ရွေးပါ။