Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540

Friday, 12 June 2020 22:40
Volga-Dnepr Group က မျိုးဝက်မ ကောင်ရေ ၃၀၀၀ ကျော်ကို ပြင်သစ်မှ တရုတ်သို့ ကုန်တင်လေယာဉ်ဖြင့် ပေးပို့ခဲ့ပါတယ်။  သစ်သားလှောင်အိမ်သေတ္တာတွေထဲ ဝက်တွေထည့်ပြီး မိုင်ပေါင်း ၆၄၅၀ လေကြောင်းခရီးကို Boeing 747 လေယာဉ်ဖြင့် ပို့ဆောင်ပေးတာ ဖြစ်ပါတယ်။  ယခုနှစ်ရဲ့ ပထမနှစ်ဝက်အတွင်း တရုတ်ပြည်ကို ဝက်တွေ လေကြောင်းဖြင့် ပေးပို့တာ လေယာဉ် ၆ စီး ရှိပါပြီ။ နောက်ထပ် ဆက်လက်ပေးပို့သွားဦးမှာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် အနှောင်းပိုင်းကစလို့ တရုတ်ပြည်မှာ အာဖရိက ဝက်တုပ်ကွေး ကူးစက်ရောဂါ ကျရောက်သဖြင့် ဝက်အမြောက်အမြား ဆုံးရှုံးခဲ့ပါတယ်။ အဲဒါကြောင့် ပြည်တွင်းမှာ ဝက်သား ပြတ်လပ်မှုများ ပေါ်ပေါက်နေပြီး ဝက်သားဈေးလည်း မြင့်တက်နေပါတယ်။ အဲဒီလိုအပ်ချက်ကို ဖြေရှင်းပေးဖို့ ဥရောပမှ မျိုးဝက်မတွေကို လေကြောင်းဖြင့် အရေတကြီး တင်သွင်းနေပါတယ်။ မျိုးဝက်မ မျိုးကောင်းမျိုးသန့် ထိပ်ဆုံးတန်းမှာ ရှိနေတဲ့ ဝက်မတွေကို တင်သွင်းနေတာဖြစ်ပြီး အဲဒီ ဝက်မတွေဟာ သားပေါက်ရင် ၁၆ ကောင်အထိ ရှိတတ်ပါတယ်။ ပြင်သစ်မှ ဝက်မျိုးရိုးဗီဇကုမ္ပဏီ  Axiom ကလည်း တရုတ်ပြည်ကို ဝက်တွေ ပေးပို့နေပါတယ်။ ဇန်နဝါရီလမှာ ဝက်တွေကို Boeing 777 နှစ်စီး ပို့ပေးခဲ့ပြီး မေလမှာ Boeing 747 နှစ်စီး ထပ်မံပေးဖို့ခဲ့တယ်။ စုစုပေါင်း ကောင်ရေ ၃၄၀၀ နီးပါးရှိတယ်။ နောက်ထပ် လေယာဉ် ခြောက်စီးဖြင့် ဝက်တွေ တင်ပို့ဖို့ သဘောတူစာချုပ် ချုပ် လက်မှတ်ရေးထိုးထားပြီးပြီ ဖြစ်ပါတယ်။ ဒတ်ချ် ဝက်မွေးမြူရေးလုပ်ငန်း Topigs Norsvin ကလည်း တရုတ်ပြည်ကို ဝက်ကောင်ရေ ၅၀၀ ပေးပို့ခဲ့ပါတယ်။ အဲဒီ မျိုးဝက်မတွေကနေ မျိုးပွားယူပြီး အသားပေါ်မယ့် ဝက်ကောင်ရေ သန်း ၂၀ ထုတ်လုပ်မှာ ဖြစ်တယ်လို့ တရုတ်ပြည်မှ ဝက်ဝယ်လက် Dekang Group က ဆိုပါတယ်။ တရုတ်ပြည်မှာ နှစ်စဉ် ဝက်ကောင်ရေ သန်း ၇၀၀ ခန့်ကို သတ်ဖြတ်ပြီး ဝက်သားတန်ချိန်  သန်း ၅၀ ကျော် ထုတ်လုပ်ပါတယ်။ ဝက်တုပ်ကွေးကြောင့် ဝက်တွေ သေကြေခဲ့တာမို့ ၂၀၁၉ ခုနှစ်မှာ ထုတ်လုပ်မှု ၂၁ ရာခိုင်နှုန်း လျော့ကျသွားခဲ့ပါတယ်။ ဝက်သားဈေးလည်း ခုန်တက်သွားပါတယ်။ ယခုနှစ်မှာလည်း ဝက်သား ထုတ်လုပ်မှု လျော့ကျနေဦးမှာ ဖြစ်ပါတယ်။ တရုတ်ပြည်အနေဖြင့် မျိုးဝက်မများ လေယာဉ် အစီး ၁၅၀ ကျော် တင်သွင်းဖို့ လိုအပ်မယ်လို့ ခန့်မှန်းထားပါတယ်။ ကိုဗစ်ကြောင့် လူခရီးသည်တွေ လေကြောင်းခရီး သွားလာဖို့ ခက်ခဲနေချိန်မှာ ဝက်တွေက လေကြောင်းဖြင့် တရုတ်ပြည်ကို သွားနေတာဖြစ်ပေမဲ့ အဲဒီဝက်တွေလည်း လူတွေလိုပဲ quarantine ဝင်ကြရပါတယ်။ ဝက်တွေရဲ့ ကျန်းမာရေးကို တစ်လ ဆေးစစ်ပေးရင်း စောင့်ကြည့်တယ်။ လေယာဉ်ပျံဖြင့် တင်ပို့ရန် ရွေးချယ်လိုက်တဲ့ ဝက်တွေကို နောက်ထပ် ရက် ၃၀ quarantine ဝင်ခိုင်းထားပြီး တရုတ်ပြည်မှ တိရစ္ဆာန်ဆေးကုဆရာဝန်တွေက ဥရောပမှာ လာရောက်စောင့်ကြည့်ပါတယ်။ ပေးပို့ပြီးလို့ တရုတ်ပြည်ကို ရောက်တဲ့အခါမှာလည်း quarantine ထပ်ဝင်ရပါတယ်။ ၄၅ ရက်တိုင်တိုင် စောင့်ကြည့်ပြီး ဆေးစစ်တာအောင်မှ ရောဂါကင်းရှင်းတဲ့ ဝက်မများအဖြစ် ဝယ်လက် ဝက်ခြံကို ဆက်လက်ပေးပို့ပါတယ်။ တရုတ်ပြည်က မျိုးဝက်မတွေကို တင်သွင်တဲ့အပြင် ဝက်သားကိုလည်း အမေရိကန်နိုင်ငံမှ တင်သွင်းပြီး ပြည်တွင်းဈေးကွက် လိုအပ်ချက်ကို ဖြည့်တင်းပါတယ်။ ယခုနှစ် ပထမ လေးမှာ ဝက်သား တန်ချိန် ၂၅၄ ၅၃၃ ကို အမေရိကန်မှ တင်သွင်းခဲ့ပါတယ်။  ၂၀၁၉ ခုနှစ် တစ်ခုလုံးမှာ ပြည်ပမှ တင်သွင်းတဲ့ ဝက်သား ပမာဏက တန်ချိန် ၂၄၅ ၀၀၀ ပဲ ရှိခဲ့တာမို့ ယခုနှစ် ပထမ လေးလတာအတွင်း တင်သွင်းတဲ့ ပမာဏဟာ ယမန်နှစ် တစ်နှစ်ပတ်လုံး တင်သွင်းခဲ့တဲ့ ပမာဏထက် ကျော်လွန်နေပြီ ဖြစ်ပါတယ်။ မ်ိဳးဝက္မမ်ား တ႐ုတ္ႏိုင္ငံသို႔ ေလ‌ေၾကာင္းျဖင့္ ေကာင္ေရ ေထာင္ခ်ီ အေရးတႀကီး တင္ပို႔ Volga-Dnepr Group က မ်ိဳးဝက္မ ေကာင္ေရ ၃၀၀၀ ေက်ာ္ကို ျပင္သစ္မွ တ႐ုတ္သို႔ ကုန္တင္ေလယာဥ္ျဖင့္ ေပးပို႔ခဲ့ပါတယ္။ သစ္သားေလွာင္အိမ္ေသတၱာေတြထဲ ဝက္ေတြထည့္ၿပီး မိုင္ေပါင္း ၆၄၅၀ ေလေၾကာင္းခရီးကို Boeing 747 ေလယာဥ္ျဖင့္ ပို႔ေဆာင္ေပးတာ ျဖစ္ပါတယ္။ ယခုႏွစ္ရဲ႕ ပထမႏွစ္ဝက္အတြင္း တ႐ုတ္ျပည္ကို ဝက္ေတြ ေလေၾကာင္းျဖင့္ ေပးပို႔တာ ေလယာဥ္ ၆ စီး ရွိပါၿပီ။ ေနာက္ထပ္ ဆက္လက္ေပးပို႔သြားဦးမွာ ျဖစ္ပါတယ္။၂၀၁၈ ခုႏွစ္ အေႏွာင္းပိုင္းကစလို႔ တ႐ုတ္ျပည္မွာ အာဖရိက ဝက္တုပ္ေကြး ကူးစက္ေရာဂါ က်ေရာက္သျဖင့္ ဝက္အေျမာက္အျမား ဆုံးရႈံးခဲ့ပါတယ္။ အဲဒါေၾကာင့္ ျပည္တြင္းမွာ ဝက္သား ျပတ္လပ္မႈမ်ား ေပၚေပါက္ေနၿပီး ဝက္သားေဈးလည္း ျမင့္တက္ေနပါတယ္။ အဲဒီလိုအပ္ခ်က္ကို ေျဖရွင္းေပးဖို႔ ဥေရာပမွ မ်ိဳးဝက္မေတြကို ေလေၾကာင္းျဖင့္ အေရတႀကီး တင္သြင္းေနပါတယ္။မ်ိဳးဝက္မ မ်ိဳးေကာင္းမ်ိဳးသန႔္ ထိပ္ဆုံးတန္းမွာ ရွိေနတဲ့ ဝက္မေတြကို တင္သြင္းေနတာျဖစ္ၿပီး အဲဒီ ဝက္မေတြဟာ သားေပါက္ရင္ ၁၆ ေကာင္အထိ ရွိတတ္ပါတယ္။ ျပင္သစ္မွ ဝက္မ်ိဳး႐ိုးဗီဇကုမၸဏီ Axiom ကလည္း တ႐ုတ္ျပည္ကို ဝက္ေတြ ေပးပို႔ေနပါတယ္။ ဇန္နဝါရီလမွာ ဝက္ေတြကို Boeing 777 ႏွစ္စီး ပို႔ေပးခဲ့ၿပီး ေမလမွာ Boeing 747 ႏွစ္စီး ထပ္မံေပးဖို႔ခဲ့တယ္။ စုစုေပါင္း ေကာင္ေရ ၃၄၀၀ နီးပါးရွိတယ္။ ေနာက္ထပ္ ေလယာဥ္ ေျခာက္စီးျဖင့္ ဝက္ေတြ တင္ပို႔ဖို႔ သေဘာတူစာခ်ဳပ္ ခ်ဳပ္ လက္မွတ္ေရးထိုးထားၿပီးၿပီ ျဖစ္ပါတယ္။ ဒတ္ခ်္ ဝက္ေမြးျမဴေရးလုပ္ငန္း Topigs Norsvin ကလည္း တ႐ုတ္ျပည္ကို ဝက္ေကာင္ေရ ၅၀၀ ေပးပို႔ခဲ့ပါတယ္။ အဲဒီ မ်ိဳးဝက္မေတြကေန မ်ိဳးပြားယူၿပီး အသားေပၚမယ့္ ဝက္ေကာင္ေရ သန္း ၂၀ ထုတ္လုပ္မွာ ျဖစ္တယ္လို႔ တ႐ုတ္ျပည္မွ ဝက္ဝယ္လက္ Dekang Group က ဆိုပါတယ္။ တ႐ုတ္ျပည္မွာ ႏွစ္စဥ္ ဝက္ေကာင္ေရ သန္း ၇၀၀ ခန္ံ့ ကို သတ္ျဖတ္ၿပီး ဝက္သားတန္ခ်ိန္ သန္း ၅၀ ေက်ာ္ ထုတ္လုပ္ပါတယ္။ ဝက္တုပ္ေကြးေၾကာင့္ ဝက္ေတြ ေသေၾကခဲ့တာမို႔ ၂၀၁၉ ခုႏွစ္မွာ ထုတ္လုပ္မႈ ၂၁ ရာခိုင္ႏႈန္း ေလ်ာ့က်သြားခဲ့ပါတယ္။ ဝက္သားေဈးလည္း ခုန္တက္သြားပါတယ္။ ယခုႏွစ္မွာလည္း ဝက္သား ထုတ္လုပ္မႈ ေလ်ာ့က်ေနဦးမွာ ျဖစ္ပါတယ္။တ႐ုတ္ျပည္အေနျဖင့္ မ်ိဳးဝက္မမ်ား ေလယာဥ္ အစီး ၁၅၀ ေက်ာ္ တင္သြင္းဖို႔ လိုအပ္မယ္လို႔ ခန႔္မွန္းထားပါတယ္။ ကိုဗစ္ေၾကာင့္ လူခရီးသည္ေတြ ေလေၾကာင္းခရီး သြားလာဖို႔ ခက္ခဲေနခ်ိန္မွာ ဝက္ေတြက ေလေၾကာင္းျဖင့္ တ႐ုတ္ျပည္ကို သြားေနတာျဖစ္ေပမဲ့ အဲဒီဝက္ေတြလည္း လူေတြလိုပဲ quarantine ဝင္ၾကရပါတယ္။ဝက္ေတြရဲ႕ က်န္းမာေရးကို တစ္လ ေဆးစစ္ေပးရင္း ေစာင့္ၾကည့္တယ္။ ေလယာဥ္ပ်ံျဖင့္ တင္ပို႔ရန္ ေ႐ြးခ်ယ္လိုက္တဲ့ ဝက္ေတြကို ေနာက္ထပ္ ရက္ ၃၀ quarantine ဝင္ခိုင္းထားၿပီး တ႐ုတ္ျပည္မွ တိရစာၦန္ေဆးကုဆရာဝန္ေတြက ဥေရာပမွာ လာေရာက္ေစာင့္ၾကည့္ပါတယ္။ ေပးပို႔ၿပီးလို႔ တ႐ုတ္ျပည္ကို ေရာက္တဲ့အခါမွာလည္း quarantine ထပ္ဝင္ရပါတယ္။ ၄၅ ရက္တိုင္တိုင္ ေစာင့္ၾကည့္ၿပီး ေဆးစစ္တာေအာင္မွ ေရာဂါကင္းရွင္းတဲ့ ဝက္မမ်ားအျဖစ္ ဝယ္လက္ ဝက္ၿခံကို ဆက္လက္ေပးပို႔ပါတယ္။တ႐ုတ္ျပည္က မ်ိဳးဝက္မေတြကို တင္သြင္တဲ့အျပင္ ဝက္သားကိုလည္း အေမရိကန္ႏိုင္ငံမွ တင္သြင္းၿပီး ျပည္တြင္းေဈးကြက္ လိုအပ္ခ်က္ကို ျဖည့္တင္းပါတယ္။ ယခုႏွစ္ ပထမ ေလးမွာ ဝက္သား တန္ခ်ိန္ ၂၅၄ ၅၃၃ ကို အေမရိကန္မွ တင္သြင္းခဲ့ပါတယ္။ ၂၀၁၉ ခုႏွစ္ တစ္ခုလုံးမွာ ျပည္ပမွ တင္သြင္းတဲ့ ဝက္သား ပမာဏက တန္ခ်ိန္ ၂၄၅ ၀၀၀ ပဲ ရွိခဲ့တာမို႔ ယခုႏွစ္ ပထမ ေလးလတာအတြင္း တင္သြင္းတဲ့ ပမာဏဟာ ယမန္ႏွစ္ တစ္ႏွစ္ပတ္လုံး တင္သြင္းခဲ့တဲ့ ပမာဏထက္ ေက်ာ္လြန္ေနၿပီ ျဖစ္ပါတယ္။

Wednesday, 10 June 2020 17:54
ပုဇွန်တွေတိုင်းမှာတော့ မဟုတ်ပါဘူး ရွံစေးထူထပ်တဲ့ နေရာမှာ ရှင်လည်ကျက်စားတဲ့ ပုဇွန်တွေဆိုရင်တော့ အဆိုပါ ကပ်ပါးကောင်တွေရဲ့ ဒုက္ခကို အင်မတန်မှခံရပါလိမ့်မယ်။

Tuesday, 09 June 2020 14:28
မြန်မာနိုင်ငံရှိ လူအများစုအတွက် အစားအစာစွန့်ပစ်ပစ္စည်းသည် အမှိုက်သရိုက်မျှသာဟု

Tuesday, 09 June 2020 13:32
သကြားအကြမ်း ဝယ်လိုအား ကျဆင်းသဖြင့် ကြံထုတ်လုပ်မှုကို ခုနစ်နှစ်တာအတွင်း အနည်းဆုံးသို့ ရောက်ရှိစေခဲ့သည်။

Tuesday, 09 June 2020 08:54
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် လေးအိမ်တန်းကျေးရွာ ပဲတီစိမ်းစိုက်ပျိုး သူများ

Monday, 08 June 2020 10:27
မိုးစပါးစိုက်ရာသီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် နမ့်ယောင်းချောင်းအနီး ဒေသမှ လိုင်ချီးသီးများ ရောင်းအားကောင်းလျက် ရှိကြောင်း ဗလမင်းထင်လမ်းဆုံအနီးမှ လိုင်ချီးသီး ရောင်းချသူတစ်ဦးက ပြောကြားသည်။ 

Monday, 08 June 2020 10:19
ပြည်တွင်း ကြက်မွေးမြူသူများအနေ ဖြင့် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကြက်မွေးမြူရေးလုပ်ငန်းများ ယာယီ ရပ်တန့်သွားမှုကြောင့် ကြက်သား ထုတ်လုပ်မှု လျော့ကျကာ ယခုရက် ပိုင်းအတွင်း ဈေးကွက်အတွင်း၌ ကြက်သား လက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၈၀၀၀ နှုန်း အထိ မြင့်တက်လာကြောင်း သိရသည်။ 

Saturday, 06 June 2020 13:17
တရုတ်နိုင်ငံရဲ့ ၆ ခုမြှောက် အစားအသောက် လုပ်ငန်းစုကြီးဖြစ်တဲ့ Techbank အနေနဲ့ အာရှတိုက်ရဲ့ အကြီးဆုံးဝက်သတ်ရုံ စက်ရုံကြီးကို တရုတ်ပြည်အလယ်ပိုင်း Fuyang မြို့မှာ ဝက်သတ်ရုံကိုတည်ဆောက်နေတယ်သိရပါတယ်။

Friday, 05 June 2020 15:28
ထိပ်တန်း အစားအသောက်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း တစ်ခုဖြစ်သည့် foodpanda သည် မြန်မာ့စပါးအုံး အောင်လအန်ဆန်းနှင့် မိတ်ဖက်ပူးပေါင်းပြီး မြန်မာ့အစားအသောက်ဝန်ဆောင်မှုကဏ္ဍကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန်ကြေညာခဲ့သည်။