Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်း၌ သန့်စင်ပြီး သကြား ထုတ်လုပ်နိုင်ရန် စီစဉ်နေ

ပည်ပမှ သကြားကုန်ကြမ်းများကို တင်သွင်းကာ ပြည်တွင်း၌ သန့်စင်ပြီးသကြား ပြန်လည် ထုတ်လုပ်နိုင်ရန်   စီစဉ်လျက်ရှိကြောင်း

  မြန်မာနိုင်ငံ သကြားနှင့်ကြံထွက် လုပ်ငန်းရှင်များ အသင်း (မန္တလေး) ဥက္ကဋ္ဌ ဦးဝင်းဌေးထံမှ သိရသည်။

 

 

''ပြည်တွင်းမှာ သကြားထုတ်လုပ်မှု တိုးတက်ဖို့  ဆောင်ရွက်ရတာပါ။ ဒီလို လုပ်ဆောင်ခြင်းအားဖြင့်   ပြည်တွင်းမှာ သကြားထုတ်လုပ်မှုနှုန်း တိုးလာမှာဖြစ်ပါတယ်။ကုန်ကြမ်း ရလာပြီဖြစ်တဲ့အတွက် စက်ရုံတွေလည်း ပိုပြီး လည်ပတ်လာနိုင်မယ်။ အလုပ်အကိုင်တွေလည်း ပိုပြီးဖန်တီးလာနိုင်မှာဖြစ်ပါတယ်'' ဟု ဦးဝင်းဌေးက ပြောသည်။

 

 

လတ်တလောတွင်  ပြည်ပမှသကြား ကုန်ကြမ်း တင်သွင်းနိုင်ရေးအတွက် မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်  (MIC) သို့ တင်ပြရန်   အချက်အလက်များ စုဆောင်း နေကြောင်း သိရသည်။

 

 

''အရင်ကတော့ ကုန်ကြမ်းကို ပြည်တွင်းမှာ ဝယ်လို့ရတယ်။ အခုကျတော့ ကုန်ကြမ်းကို ပြည်ပကနေ ဝယ်ဖြစ်တယ်။ သကြားစက်ကြီးတွေက ကြံခင်းတွေကနေ တိုက်ရိုက် ထုတ်နေတာဖြစ်တော့ ကုန်ကြမ်းက မလွယ်တော့ဘူး'' ဟု ဦးဝင်းဌေးကပြော သည်။

 

 

လက်ရှိတွင် ပြည်တွင်း၌ ကုန်ကြမ်းထုတ်လုပ်သည့် စက်များ လည်ပတ်နိုင်ရန် အခက် အခဲများစွာ ရှိနေကြောင်း၊  သကြားစက်ရုံကြီးများအတွက် ကြံခင်းများအထိ ဆင်းဝယ် နေရသဖြင့်   ကုန်ကြမ်းထုတ် စက်ရုံများ ကုန်ကြမ်းရရှိမှု အခွင့်အလမ်း နည်းပါးလာ ခြင်း ဖြစ်ကြောင်း သိရသည်။

 

Source: Myawady

 

Read times
Rate this item
(1 Vote)