Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပမှသကြားကို တရုတ်သို့ တစ်ဆင့်ခံကုန်သွယ်ခွင့် ပြန်ခွင့်ပြုမည်

ပြည်ပမှတစ်ဆင့်ခံ ကုန် သွယ်ရေးဖြင့်သကြားတင်သွင်းပြီး တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခွင့် ပြန်လည်ခွင့်ပြုမည်ဟု စီးပွားရေး နှင့်

ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန အမြဲတမ်း အတွင်းဝန်ဦးတိုးအောင်မြင့်က ပြောသည်။

 

ပည်တွင်း သကြားထုတ် လုပ်ငန်းအများစုသည် လက်ရှိ တွင် ထုတ်လုပ်မှုလျော့နည်းခြင်း ကြောင့် ပြည်ပမှသကြားတင်သွင်း ပြီး တရုတ်နိုင်ငံသို့ ပြန်လည် ရောင်းချမည့်တစ်ဆင့်ခံ ကုန် သွယ်ရေးကိုပြန်လည်ခွင့်ပြုရန် စီစဉ်ခြင်းဖြစ်သည်ဟု ၎င်းကပြော သည်။

 

‘‘ဘယ်နေ့၊ ဘယ်ရက်မှာ ဖွင့်ပေးမယ်ဆိုတာကိုတော့ အတိ အကျမပြောနိုင်သေးဘူး။ ပြန် လည်ဖွင့်သွားဖို့တော့ ရှိပါတယ်’’ ဟု ဦးတိုးအောင်မြင့်က ပြော သည်။ နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်သို့ တစ်နှစ်လျှင်သကြား တန်ချိန် နှစ်သန်းခန့်တင်ပို့ရောင်း ချနိုင်ခြင်းကြောင့် ကုန်တင်ကုန် ချအလုပ်သမားများ၊ ကုန်စည်ပို့ ဆောင်ရေးလုပ်ငန်းများ အလုပ် အကိုင်ရရှိပြီး နိုင်ငံတော်အတွက် လည်း အခွန်ဝင်ငွေရရှိသည်။

 

သကြားကို ပြည်ပမှတင် သွင်းရခြင်းကြောင့် ကွန်တိန်နာ ငှားရမ်းခြင်း၊ ဆိပ်ကမ်း ကုန်တင်ကုန်ချလုပ်ငန်း အပါအ ၀င် သကြားအိတ်များတင်ပို့သည့် ကုန်တင်ကားများ၊ မူဆယ်မြို့မှ သကြားအိတ်သယ်ပိုးနေသည့် အ လုပ်သမားများ အလုပ်အကိုင်အခွင့်အလမ်းရရှိမည်ဖြစ်သည်။

 

ထို့ကြောင့် တစ်ဆင့်ခံကုန် သွယ်ရေးဖြင့် ပြည်ပမှ သကြား တင်သွင်းပြီး တရုတ်နိုင်ငံသို့ ရောင်းချခွင့်ပြုခြင်းကို ကြိုဆို ကြောင်း မူဆယ်မှ သကြားကုန် သည်တစ်ဦးက ပြောသည်။ ယူ နန်ပြည်နယ်၏ သကြားလိုအပ် ချက်ကြောင့် လက်ရှိတွင်နေ့စဉ် သကြားအိတ်ရေ ၅၀,၀၀၀ ခန့် ၀ယ်လိုအားရှိပြီး သကြားတစ် အိတ်ဈေးနှုန်းသည် ၂၀၇ ယွမ် (ကျပ် ၄၅,၀၀၀ ကျော်)ရှိကြောင်း ၎င်းကပြောသည်။

 

ပြည်တွင်းမှ သကြားထုတ် လုပ်သည့် လုပ်ငန်းရှင်များ တောင်းဆိုမှုကြောင့် ၂၀၁၇ အောက်တိုဘာကစတင်ပြီးပြည်ပ မှသကြားတင်သွင်းကာ တရုတ် နိုင်ငံသို့ ရောင်းချခွင့်ပြုခြင်းကို ရပ်ဆိုင်းခဲ့သည်။

 

ထိုအချိန်တွင် တရုတ်အစိုးရ က ဆက်တိုက်ဖမ်းဆီးနေ၍ ပြည် တွင်း၌ သကြားလက်ကျန်တန်ချိန် လေးသိန်းကျော်ကျန်ရှိနေခြင်း၊ ပြည်တွင်းသကြား ထုတ်လုပ်မှု သည် တစ်နှစ်လျှင် တန်ချိန်သုံး သိန်းကျော်ရှိကာ သကြားလက်ကျန်များပါက ကြံစိုက်တောင်သူများအခက်တွေ့မည်ကို စိုးရိမ်သဖြင့် တင်ပို့ရောင်းချမှုခွင့်ရပ်ဆိုင်းရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးကတွန်း အားပေးခဲ့သည်။

 

Source: 7 days new

 

Read times Last modified on Tuesday, 18 September 2018 13:32
Rate this item
(1 Vote)