Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ထောပတ်သီးများ ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိ

Unicode


ထောပတ်သီးများ ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိ


ရှမ်းပြည်နယ် (တောင်ပိုင်း) မှ ထောပတ်သီးလက်ကျန်များကို ထိုင်းနိုင်ငံသို့ တင်ပို့နေပြီး ချင်းပြည်နယ်မှ ထောပတ်သီးများကို အိန္ဒိယနိုင်ငံသို့ အနည်းငယ်တင်ပို့လျက် ရှိကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးညွန့်၏ပြောပြချက်အရ သိရပါတယ်။


လက်ရှိအချိန်ဟာ ရှမ်းပြည်နယ်တွင် ထောပတ်သီးရာသီ  ကုန်ခါနီးချိန်ဖြစ်ပြီး လက်ကျန်သီးများသာ ကျန်ရှိတော့တဲ့ အချိန်ဖြစ်ကာ ချင်းပြည်နယ်တွင် ဧပြီလအထိ ထွက်ရှိလေ့ရှိကြောင်း သိရပါတယ်။


Distributor/Suppliers အစားအသောက်ဖြန့်ချိရေးဆိုင်များ ၁၁၈ ခုကိုရှာရန်နှိပ်ပါ။


ထိုသို့တင်ပို့ရာတွင် ရှမ်းပြည်နယ်မှထွက် ရှိတဲ့ ထောပတ်သီးများကို ကျိုင်းတုံ- တာချီလိတ်လမ်းကြောင်းမှတစ်ဆင့် ထိုင်း နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်ကြောင်း သိရပါတယ်။


Read More >>>>>  ချဉ်ငံစပ် ကြက်သားသုပ်


ပြည်တွင်းရှိ  ထောပတ်မျိုးများဟာ အရည်အသွေး ကောင်းမွန်သော်လည်း အလေ့ကျခြံစည်းရိုးပင်များ အဖြစ်သာ စိုက်ပျိုးခဲ့တဲ့အတွက် ထွက်ရှိချိန်တွင် သီးလုံးမညီခြင်း၊  တူညီတဲ့ အရည်အသွေးကို တစ်ချိန်တည်းတွင် အရေအတွက်များများ မရရှိနိုင်ခြင်း စတဲ့ အခက်အခဲများကြောင့် ပြည်ပနိုင်ငံတို့သို့  တင်ပို့ရာတွင်  ဈေးကောင်းမရရှိခြင်းများ   ရှိတဲ့အတွက် နိုင်ငံတကာ ဈေးကွက်ဝင်မျိုးများကို ပြည်ပမှမှာယူကာ စနစ်တကျ စိုက်ပျိုးခဲ့ရာ ၂ဝ၂၁ ခုနှစ်နှင့် ၂ဝ၂၂ ခုနှစ်တို့တွင် အရည်အသွေး ပြည့်မီတဲ့ ထောပတ်သီးများကို  ပြည်ပ နိုင်ငံတို့သို့ တင်ပို့နိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။


#MFID

 

 

 

 

 

ေထာပတ္သီးမ်ား ထိုင္းႏိုင္ငံသို႔ တင္ပို႔လ်က္ရွိ

 

ရွမ္းျပည္နယ္ (ေတာင္ပိုင္း) မွ ေထာပတ္သီးလက္က်န္မ်ားကို ထိုင္းႏုိင္ငံသို႔ တင္ပို႔ေနၿပီး ခ်င္းျပည္နယ္မွ ေထာပတ္သီးမ်ားကို အိႏၵိယႏုိင္ငံသို႔ အနည္းငယ္တင္ပို႔လ်က္ ရွိေၾကာင္း ျမန္မာႏုိင္ငံ ေထာပတ္သီးစိုက္ပ်ဳိး ထုတ္လုပ္တင္ပို႔ ေရာင္းခ်သူမ်ားအသင္း ဒုတိယဥကၠ႒ ဦးမ်ဳိးၫြန္႔၏ေျပာျပခ်က္အရ သိရပါတယ္။

 

လက္ရွိအခ်ိန္ဟာ ရွမ္းျပည္နယ္တြင္ ေထာပတ္သီးရာသီ  ကုန္ခါနီးခ်ိန္ျဖစ္ၿပီး လက္က်န္သီးမ်ားသာ က်န္ရွိေတာ့တဲ့ အခ်ိန္ျဖစ္ကာ ခ်င္းျပည္နယ္တြင္ ဧၿပီလအထိ ထြက္ရွိေလ့ရွိေၾကာင္း သိရပါတယ္။

 

Distributor/Suppliers အစားအေသာက္ျဖန္႔ခ်ိေရးဆိုုင္မ်ား ၁၁၈ ခုကိုရွာရန္ႏွိပ္ပါ။

 

ထိုသို႔တင္ပို႔ရာတြင္ ရွမ္းျပည္နယ္မွထြက္ ရွိတဲ့ ေထာပတ္သီးမ်ားကို က်ဳိင္းတံု- တာခ်ီလိတ္လမ္းေၾကာင္းမွတစ္ဆင့္ ထိုင္း ႏိုင္ငံသို႔ တင္ပို႔ေနျခင္းျဖစ္ေၾကာင္္း သိရပါတယ္။

 

Read More >>>>>  ခ်ဥ္ငံစပ္ ၾကက္သားသုပ္

 

ျပည္တြင္းရွိ  ေထာပတ္မ်ဳိးမ်ားဟာ အရည္အေသြး ေကာင္းမြန္ေသာ္လည္း အေလ့က်ၿခံစည္း႐ိုးပင္မ်ား အျဖစ္သာ စိုက္ပ်ဳိးခဲ့တဲ့အတြက္ ထြက္ရွိခ်ိန္တြင္ သီးလံုးမညီျခင္း၊  တူညီတဲ့ အရည္အေသြးကို တစ္ခ်ိန္တည္းတြင္ အေရအတြက္မ်ားမ်ား မရရွိႏိုင္ျခင္း စတဲ့ အခက္အခဲမ်ားေၾကာင့္ ျပည္ပႏိုင္ငံတို႔သို႔  တင္ပို႔ရာတြင္  ေစ်းေကာင္းမရရွိျခင္းမ်ား   ရွိတဲ့အတြက္ ႏုိင္ငံတကာ ေစ်းကြက္ဝင္မ်ဳိးမ်ားကို ျပည္ပမွမွာယူကာ စနစ္တက် စိုက္ပ်ဳိးခဲ့ရာ ၂ဝ၂၁ ခုႏွစ္ႏွင့္ ၂ဝ၂၂ ခုႏွစ္တို႔တြင္ အရည္အေသြး ျပည့္မီတဲ့ ေထာပတ္သီးမ်ားကို  ျပည္ပ ႏုိင္ငံတို႔သို႔ တင္ပို႔ႏိုင္မွာ ျဖစ္ေၾကာင္း သိရပါတယ္။

 

#MFID

Read times Last modified on Tuesday, 03 March 2020 13:50
Rate this item
(0 votes)