Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပပို့ဆန်များ ရန်ကုန်ဈေးကွက်သို့ ဝင်ရောက်မှုများသဖြင့် ဈေးနှုန်း ကျဆင်း

မူဆယ်ဆန်ဈေးကွက် ရပ်ဆိုင်းထားရသည့် အတွက် ရန်ကုန်ဈေးကွက်သို့ ပြည်ပပို့ဆန်များ  ဝင်ရောက်မှုများကာ ဈေးနှုန်းများ  ကျဆင်းနေကြောင်း မြန်မာနိုင်ငံ  ဆန်စပါးကုန်သည်များ

အသင်း (ဘုရင့်နောင်ကုန်စည် ဒိုင်) အတွင်းရေးမှူး ဦးသန်းဦးထံမှ သိရသည်။

 

လက်ရှိတွင် ပြည်တွင်း၌  မိုးစပါးထွက်ရှိသည့် ကာလဖြစ်သည့်အပြင် တရုတ်နိုင်ငံမှ ဆန်တင်ပို့မှုကို ရပ်ဆိုင်းထားသောကြောင့်  မူဆယ်ဈေးကွက်သို့ တင်ပို့မည့်  ပြည်ပပို့ဆန်များမှာ ရန်ကုန်ဈေးကွက်သို့ ဝင်ရောက်နေသည့်အတွက် ဈေးနှုန်းများ ကျဆင်းနေခြင်းဖြစ်ကြောင်း သိရသည်။

 

''မူဆယ်ဈေးကွက်က ဆန်ကို လုံးဝရပ်ဆိုင်းထားတော့ ရန်ကုန်ကို အလုံးအရင်းနဲ့ ဝင်လာတယ်။ ဒီဘက်မှာ ရေလမ်းကြောင်းက တင်ပို့မယ့်ကုမ္ပဏီ  နှစ်ခုသုံးခုလောက်ပဲ ရှိတယ်။

 

အဝင်များလာတော့ ငွေလည်းမနိုင်တော့သလို ဂိုဒေါင်လည်း မဆံ့တော့ဘူး ဖြစ်နေတယ်။   ဆန်ဈေးကွက်က လတ်တလော  တော်တော်လေးအခက်တွေ့နေတဲ့  အခြေအနေပါ''ဟု ဦးသန်းဦး ကပြောသည်။  

 

အလားတူ   နိုင်ငံတကာဈေးကွက်၌ ဆန်အရောင်းအဝယ် အေးနေသည့်အတွက်  သင်္ဘောတင်သမားများမှာလည်း အဝယ်အေးနေ၍  ဈေးလျှော့ ရောင်းချနေရခြင်း ဖြစ်ကြောင်း သိရသည်။   

 

လက်ရှိတွင် ရန်ကုန်ဘုရင့်နောင် ဆန်ဈေးကွက်သို့ ဆန်အိတ် ရှစ်သောင်းဝန်းကျင်အထိ ဝင်ရောက်ခဲ့ရာ ၂၅ မှတ်ဆန်  တစ်အိတ်လျှင် ငွေကျပ် ၁၈၅ဝဝ နှင့် ၅ မှတ်ဆန်  တစ်အိတ်လျှင် ငွေကျပ် ၁၉၅ဝဝ အထိ ဈေးနှုန်း ကျဆင်းနေကြောင်း သိရသည်။

 

ပြည်ပသို့တင်ပို့သည့်  ဆန်ဈေးနှုန်းများ  ကျဆင်းနေသော်လည်း ပြည်တွင်းစားသုံးသည့် ဆန်များမှာ    ပုံမှန်ဈေးနှုန်းအတိုင်း အမြင့်ပိုင်း၌သာ ရှိနေကြောင်း သိရသည်။

 

Soruce: Myawady

Read times
Rate this item
(1 Vote)