Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ယခင်နှစ်ထက် ပဲမျိုးစုံတန်ချိန် လေးသိန်းနီးပါး ပိုမိုတင်ပို့ထား

Unicode ျဖင့္ဖတ္ရန္

ယခင်နှစ်ထက် ပဲမျိုးစုံတန်ချိန် လေးသိန်းနီးပါး ပိုမိုတင်ပို့ထား


၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁.၆ သန်းခန့် တင်ပို့ထားပြီး ယခင်နှစ်ကာလတူထက် တန်ချိန်လေးသိန်းနီးပါး ပိုမိုတင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

 

အရက္ခ်က္လုပ္ငန္းမ်ား (၁၇၇) ခုကိုရွာရန္ႏွိပ္ပါ။

 

မြန်မာနိုင်ငံ၏လယ်ယာထွက်ကုန်များတွင် နိုင်ငံခြားငွေအများဆုံးရှာဖွေပေးလျက်ရှိသည့် ပဲမျိုးစုံတိုးချဲ့တင်ပို့နိုင်ရေးအတွက် တာဝန်ရှိသူများ အနေဖြင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ထပ်မံသွားရောက်ခဲ့ပြီး ပဲမျိုးစုံအား နှစ်နိုင်ငံ G to G လက်မှတ်ရေးထိုး တင်ပို့နိုင်ရေး ထပ်မံညှိ နှိုင်းခဲ့ကြကြောင်း သိရပါတယ်။

 

Read More >>>>>  ငါးျပက္ငါးေျခာက္မ်ား အေရာင္းသြက္


G to G မတိုင်မီ အချက်သုံးချက် တောင်းဆိုခဲ့ပြီး(၁) ယခုနှစ်အတွက် တင်သွင်းခွင့်ခွဲတမ်း ထုတ်ပြန်ချက်အား မတ်လကုန်၌ ထုတ်ပြန်ပေးရန်၊ (၂) မတ်ပဲကို ခွဲတမ်းပို၍ သတ်မှတ်ပေးရန်နှင့် (၃) ခွဲတမ်းကို သုံးလသာမဟုတ်ဘဲ တစ်နှစ်ပတ်လုံးတင်သွင်းခွင့်ပြုပေးရန် တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

 

ယင်းသို့ တောင်းဆိုခဲ့သည့်အတွက် အိန္ဒိယနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၂၀၁၉ ခုနှစ် မတ် ၂၉ ရက်တွင် ပဲတီစိမ်းတန်ချိန် ၁.၅ သိန်း၊ မတ်ပဲတန်ချိန် ၁.၅ သိန်း၊ ပဲစင်းငုံတန် ချိန်နှစ်သိန်း၊ ပဲလုံးတန်ချိန် ၁.၅ သိန်း တင်သွင်းခွင့်ပြုကြောင်း သိရပါတယ်။

 

Source: Ministry Of Commerce

 

 

 

ယခင္ႏွစ္ထက္ ပဲမ်ိဳးစုံတန္ခ်ိန္ ေလးသိန္းနီးပါး ပိုမိုတင္ပို႔ထား

 

၂၀၁၈-၂၀၁၉ဘ႑ာႏွစ္အတြင္း ျပည္ပသို႔ ပဲမ်ိဳးစုံတန္ခ်ိန္ ၁.၆ သန္းခန႔္ တင္ပို႔ထားၿပီး ယခင္ႏွစ္ကာလတူထက္ တန္ခ်ိန္ေလးသိန္းနီးပါး ပိုမိုတင္ပို႔ထားေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ သိရပါတယ္။

 

အရက္ခ်က္လုပ္ငန္းမ်ား (၁၇၇) ခုကိုရွာရန္ႏွိပ္ပါ။

 

ျမန္မာႏိုင္ငံ၏လယ္ယာထြက္ကုန္မ်ားတြင္ ႏိုင္ငံျခားေငြအမ်ားဆုံးရွာေဖြေပးလ်က္ရွိသည့္ ပဲမ်ိဳးစုံတိုးခ်ဲ႕တင္ပို႔ႏိုင္ေရးအတြက္ တာဝန္ရွိသူမ်ား အေနျဖင့္ ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီတြင္ အိႏၵိယႏိုင္ငံ နယူးေဒလီၿမိဳ႕သို႔ ထပ္မံသြားေရာက္ခဲ့ၿပီး ပဲမ်ိဳးစုံအား ႏွစ္ႏိုင္ငံ G to G လက္မွတ္ေရးထိုး တင္ပို႔ႏိုင္ေရး ထပ္မံညႇိ ႏႈိင္းခဲ့ၾကေၾကာင္း သိရပါတယ္။

 

Read More >>>>>  ငါးျပက္ငါးေျခာက္မ်ား အေရာင္းသြက္

 


G to G မတိုင္မီ အခ်က္သုံးခ်က္ ေတာင္းဆိုခဲ့ျပီး(၁) ယခုႏွစ္အတြက္ တင္သြင္းခြင့္ခြဲတမ္း ထုတ္ျပန္ခ်က္အား မတ္လကုန္၌ ထုတ္ျပန္ေပးရန္၊ (၂) မတ္ပဲကို ခြဲတမ္းပို၍ သတ္မွတ္ေပးရန္ႏွင့္ (၃) ခြဲတမ္းကို သုံးလသာမဟုတ္ဘဲ တစ္ႏွစ္ပတ္လုံးတင္သြင္းခြင့္ျပဳေပးရန္ ေတာင္းဆိုခဲ့ေၾကာင္း သိရပါတယ္။

 

ယင္းသို႔ ေတာင္းဆိုခဲ့သည့္အတြက္ အိႏၵိယႏိုင္ငံ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ ၂၀၁၉ ခုႏွစ္ မတ္ ၂၉ ရက္တြင္ ပဲတီစိမ္းတန္ခ်ိန္ ၁.၅ သိန္း၊ မတ္ပဲတန္ခ်ိန္ ၁.၅ သိန္း၊ ပဲစင္းငုံတန္ ခ်ိန္ႏွစ္သိန္း၊ ပဲလုံးတန္ခ်ိန္ ၁.၅ သိန္း တင္သြင္းခြင့္ျပဳေၾကာင္း သိရပါတယ္။

 

Source: Ministry Of Commerce

 

Read times Last modified on Thursday, 13 February 2020 08:56
Rate this item
(0 votes)