Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယသို့ ပဲရောင်းချရန် အစိုးရနှင့် ပူးပေါင်း၍ ပဲနှမ်းအသင်းကြိုးပမ်း

လာမည့် ၂၀၁၉ မတ်ပဲ အသစ်ပေါ်ချိန်တွင် ဈေးနှုန်းကျ ဆင်းမှု ကာကွယ်နိုင်ရန် နှစ်နိုင်ငံ အစိုးရချင်း စာချုပ်ချုပ်ဆိုပြီး အိန္ဒိယနိုင်ငံသို့ ရောင်းချမည့်အစီ အစဉ်ကို

စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပူး ပေါင်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန် သည်အသင်းအတွင်းရေးမှူးဦး မင်းကိုဦးက ပြောသည်။


အိန္ဒိယနိုင်ငံ၏ ၀ယ်လိုအား ကို မှီခိုနေရသောမြန်မာနိုင်ငံမှ မတ်ပဲနှင့် ပဲစင်းငုံအပါအ၀င် ပဲ မျိုးစုံစိုက်ပျိုးသည့် တောင်သူ လယ်သမားများအတွက် ဈေးနှုန်း တည်ငြိမ်ရေးက အဓိကကျလာ ကြောင်း ၎င်းကပြောသည်။

 

မတ်ပဲစတင်စိုက်ပျိုးမည့်အ ချိန်တွင် ပြည်တွင်းဈေးကွက်အ တွင်း မတ်ပဲဈေးနှုန်း ဆက်တိုက် မြင့်တက်ပြီး အရည်အသွေး အကောင်းဆုံးပဲတစ်တန်ဈေးနှုန်း က နိုဝင်ဘာပထမပတ်ကုန်ဆုံး သည်အထိ ကျပ် ၁၂ သိန်းကျော် အထိဈေးမြင့်တက်ခဲ့သည်။

 

အိန္ဒိယ ကုန်သည်များက အထူးလိုင်စင်များဖြင့် စက်တင် ဘာနှင့်အောက်တိုဘာတွင် တစ် လလျှင် မတ်ပဲတန်ချိန် ငါး သောင်း၊ ပဲစင်းငုံ တန်ချိန်နှစ် သောင်းကျော်ဝယ်ယူခြင်းကြောင့် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း ပြည်ပသို့ပဲတင်ပို့နေသည့် ကုန်သည် အချို့ကပြောသည်။

 

သို့သော် နိုဝင်ဘာဒုတိယအ ပတ်ကစတင်၍ အ၀ယ်လျော့ နည်းခဲ့သည်။ အိန္ဒိယဆိပ်ကမ်း များတွင် မြန်မာနိုင်ငံမှတင်ပို့သည့် မတ်ပဲနှင့်ပဲစင်းငုံတန်ချိန်များစွာ ရောက်ရှိနေခြင်းကြောင့် အိန္ဒိယ ကုန်သည်များက မြန်မာနိုင်ငံမှ ပဲ အ၀ယ်ကို ခေတ္တလျှော့ချခဲ့ခြင်း ဖြစ်သည်။

 

‘‘ဒီရက်ပိုင်းမှာတော့ ဈေးက နည်းနည်းပြန်ကျလာတယ်။ အိန္ဒိ ယကုန်သည်တွေအ၀ယ်များပြီး ဟိုဘက်မှာ ပစ္စည်းအ၀င်များလို့ ဈေးကျတဲ့သဘောပါ’’ ဟု ဦးမင်း ကိုဦးက ပြောသည်။

 

လက်ရှိပြည်တွင်းဈေးတွင် အရည်အသွေးနိမ့် မတ်ပဲတစ်တန် လျှင် ကျပ်ရှစ်သိန်းကိုးသောင်း နှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ် ခုနစ်သိန်းဈေးဖွင့်သည်။ ဈေး ကောင်းခဲ့သော အောက်တိုဘာ နှင့်နှိုင်းယှဉ်လျှင် မတ်ပဲတစ် တန်လျှင်ကျပ်တစ်သိန်းနှင့် ပဲစင်း ငုံတစ်တန်လျှင် ကျပ်တစ်သိန်းခွဲ ကျဆင်းခဲ့သည်။

 

ယခုပြည်တွင်းဈေးကျဆင်း မှုသည် ယာယီသာဖြစ်နိုင်ပြီး အိန္ဒိယက ၀ယ်လိုအားဆက်လက် မြင့်တက်လာပါက ဈေးပြန်လည် မြင့်တက်လာနိုင်သည်ဟု ဘုရင့် နောင်ပဲကုန်စည်ဒိုင်မှ ကုန်သည် တစ်ဦးက ၎င်း၏အမြင်ကိုပြော သည်။

 

လက်ရှိ ပဲဈေးနှုန်းသည် လယ်သမားများ စိုက်ပျိုးထုတ် လုပ်နိုင်မည့် ဈေးနှုန်းဖြစ်သည်။ မတ်ပဲတစ်ဧက စိုက်ပျိုးစရိတ် ကျပ်နှစ်သိန်းကျော် အနည်းဆုံး ကုန်ကျသဖြင့် ပဲသစ်ပေါ်ချိန်တွင် မတ်ပဲတစ်တင်းလျှင် ကျပ်နှစ် သောင်းခွဲအထက်ဈေးရရှိမည်ဆို ပါက အထွက်နှုန်းကောင်းသည့် လယ်သမားများအတွက် အဆင် ပြေနိုင်ကြောင်း ဓနုဖြူမြို့နယ်နေ လယ်သမား ဦးသိန်းအောင်က ပြောသည်။

 

မြန်မာနိုင်ငံမှ စိုက်ပျိုးသည့် မတ်ပဲစုစုပေါင်း ၇၇ ရာခိုင်နှုန်း၊ ပဲစင်းငုံ ၉၂ ရာခိုင်နှုန်း၊ ပဲတီစိမ်း ၁၀ ရာခိုင်နှုန်းကို အိန္ဒိယနိုင်ငံသို့ နှစ်စဉ်ရောင်းချသည်။ မြန်မာနိုင် ငံ၏ ပဲစိုက်ဧက ၁၁ သန်းတွင် မတ်ပဲနှင့်ပဲစင်းငုံစိုက်ဧကအများ စုပါဝင်သည်။

Source: 7 days new

Read times
Rate this item
(1 Vote)