Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြေပဲမျိုးနှင့် မျိုးနှမ်းဈေးကြီးမြင့်၍ ဆီထွက်သီးနှံစိုက်တောင်သူတို့ မျိုးအခက်အခဲကြုံ

ဆီအိုးကြီးအဖြစ်ထင်ရှားသော မကွေးဒေသ တောင်သူများအနေဖြင့် မျိုးနှမ်းနှင့်မြေပဲ မျိုးများ ဈေးကြီးမြင့်နေသောကြောင့် ရှေ့လာမည့် မိုးနှမ်း မိုးမြေပဲကြဲရန်အတွက် မျိုးအခက် အခဲဖြစ်ပေါ်နေကြောင်း

ဒေသခံတောင်သူ များ၏ပြောဆိုချက်အရ သိရသည်။

 

နှမ်းအထွက်နှုန်းနည်း
 ယမန်နှစ်က မကွေးတိုင်းဒေသကြီးအတွင်း မိုးကြီး၍ ရေကြီးရေလျှံမှုဖြစ်ကာ ဆီထွက်သီးနှံ နှမ်းနှင့် မြေပဲအချို့ ပျက်စီးဆုံးရှုံးခဲ့ရသည်။ နှမ်းပင်သာမြင်ရပြီး နှမ်းအထွက်နှုန်း နည်းခဲ့သည်။

 

မျိုးအခက်အခဲကြုံ

 မကွေး၊ နတ်မောက်၊ မြို့သစ်၊ ရေနံချောင်း၊ ချောက်၊ တောင်တွင်းကြီး၊ ပခုက္ကူ၊ စလေ၊ မင်းလှ၊ မင်းတုန်းနှင့် ကံမ စသောမကွေးတိုင်း ဒေသဆီသီးနှံစိုက်တောင်သူများမှာ မိုးများသောကြောင့် နှမ်းနှင့်မြေပဲခင်းများမှ သီးနှံ လေးပုံတစ်ပုံခန့်သာ ရကြသည်။ ပဲ၊ နှမ်း အတွက် မျိုးပင်မရကြသောတောင်သူများ မျိုး လက်ကျန်ကမရှိ၊ ဝယ်ယူရန်ကလည်း မျိုးဈေး ကြီးမြင့်နေသောကြောင့် မျိုးအခက်အခဲ ကြုံ တွေ့နေကြရခြင်းဖြစ်ကြောင်း မကွေးမြို့နယ် ကြာကန်ကျေးရွာမှ တောင်သူ ဦးဝင်းမောင်က ရှင်းပြသည်။

 

"မျိုးဈေးက နှမ်းနက် တစ်တင်း ကျပ် တစ်သိန်းကျော်နေပြီ။ စမုန်နက်တစ်ပြည် ကျပ် ၇၀ဝ၀-၇၅၀ဝ၊ မြေပဲမျိုးတောင့် တစ်တင်း ကျပ် ၁၅၀ဝ၀။ မနှစ်က နှမ်းသုံးတင်းကျကြဲတာ ခါတိုင်း ၇၀၊ ၈၀ ရတယ်။ မနှစ်က မိုးကြီး လို့ ခြောက်တင်းပဲရတော့တယ်။

 

မရတဲ့တောင်သူတွေ အများကြီးရှိပါတယ်။ လက်ရှိ နှမ်းနက် တစ်တင်း ကျပ် ၇၀ဝ၀ဝ၊ နှမ်းနီတစ်တင်း ကျပ် ၅၀ဝ၀ဝ ကျော်၊ နှမ်းဖြူတစ်တင်း ကျပ် ၅၀ဝ၀ဝ ကျော်နဲ့ ၆၀ဝ၀ဝ ကြားမှာရှိတယ်။ မျိုးဈေးက ဈေးအဆမတန်ကြီးနေတာတွေရယ်။ နှမ်းနဲ့မြေပဲ မျိုးကောင်းမျိုးသန့်တွေ လိုနေပါတယ်။ ကြဲခါနီးလေ မျိုးဈေးက အဆမတန် ကြီးလေဆိုတော့ မကွေးဒေသခံတောင်သူတွေ မျိုးအတွက် စိတ်ပူနေကြရပါတယ်"ဟု ကြာကန်မှ တောင်သူ ဦးမြင့်စိုးကလည်း မြန်မာတိုင်းမ် နေ့စဉ်သို့ ပြောဆိုသည်။

 

Read More >>>>>  နယ်စပ်သစ်သီးဝလံဈေးကွက်ချဲ့ထွင်ရေး လုပ်ငန်းရှင်များကြိုဆို

 

ပြန်လည်ဖြန့်ဝေရောင်းချ

စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဆီထွက်သီးနှံဗဟိုသုတေသနစိုက်ပျိုးရေးခြံ (မကွေးမြို့)မှ မျိုးကောင်းမျိုးသန့်များဖြန့်ဝေကာ တိုင်းနှင့် ပြည်နယ်များသို့ ဈေးနှုန်းချိုသာစွာ ပြန်လည် ဖြန့်ဝေရောင်းချခဲ့ရာ ယခုအခါ မျိုးလက်ကျန် မရှိတော့ဘဲ မြေပဲမျိုးသာ အနည်းငယ်ကျန်တော့ကြောင်း ခြံမန်နေဂျာ ဒေါ်လှလှဝင်းက ပြောဆိုသည်။

 

"ကျွန်မတို့ခြံက တောင်သူတွေ ဦးစားပေးပြီး နှမ်းနက်တစ်ပြည် ၁/၁၃ မျိုးကို ကျပ် ၆၀ဝ၀ နဲ့ရောင်းခဲ့တာ အပြင်မှာ ခုရက်ပိုင်း ကျပ် ၇၅၀ဝ ဖြစ်နေပြီ။ တစ်နေ့ကပဲ အောက်ပိုင်း ဟင်္သာတကမှာလို့ ပို့လိုက်ရသေးတယ်" ဟု ၎င်းက ရှင်းပြခဲ့သည်။

Source: MM Time

Read times Last modified on Wednesday, 06 March 2019 17:11
Rate this item
(1 Vote)