Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


MAPCO နှင့် တရုတ်အစိုးရပိုင် CITIC တို့ပူးပေါင်း၍ ဆန်စက်စီမံကိန်းများ တိုးချဲ့ရန် စီစဉ်

မြန်မာ့လယ်ယာစီးပွား အများပိုင်ကော်ပိုရေးရှင်း (MAPCO) နှင့် တရုတ်အစိုးရပိုင် စီးပွားရေး လုပ်ငန်းဖြစ်သော CITICတို့ ပူးပေါင်း၍

တိုင်းဒေသကြီးနှင့် ပြည်နယ်တို့၌   မြန်မာ-တရုတ်ဆန်စက်ရုံ စီမံကိန်း  (MCRI) ကို   အမေရိကန်ဒေါ်လာ  သန်း ၁ဝဝ ခန့် ရင်းနှီးမြှုပ်နှံကာ တိုးချဲ့ရန် စီစဉ်နေကြောင်း  MAPCO    ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းအောင်ထံမှ သိရသည်။

 

ယင်းကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ဆွေးနွေးမှုများ ပြုလုပ်ထားပြီး ပထမအဆင့်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့၌ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်သည်။

 

ဒုတိယအဆင့်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁ဝ ခု၊ မြို့နယ် ၁၃ မြို့နယ်တို့၌ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းရင်းနှီး မြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၄ဝဝ ခန့်ရှိသည့် စိုက်ပျိုး စီးပွားဝန်ဆောင်မှု စင်တာစီမံကိန်းဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် MAPCO  မှ နေပြည်တော်၌ ဆန်စက်လုပ်ငန်းကို   ပူးပေါင်း ဆောင်ရွက်လိုသော ပြည်တွင်း၊ ပြည်ပ မိတ်ဖက်များအား ဖိတ်ခေါ်ထားသကဲ့သို့  စပါးဝယ်ယူ သိုလှောင်ကြိတ်ခွဲရောင်းချသည့်  လုပ်ငန်းများကို Joint Operation စနစ်ဖြင့် ပူးပေါင်း ဆောင်ရွက်လိုပါက ပြည်တွင်း၊   ပြည်ပအဖွဲ့အစည်းများကို  ဆက်သွယ် ဆောင်ရွက် နိုင်ကြောင်း သိရသည်။

 

MAPCO အနေဖြင့် ရိတ်သိမ်းခြွေလှေ့စက်များ အရစ်ကျရောင်းချပေးခြင်း၊ တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေနှင့် နည်းပညာများ ပံ့ပိုးကူညီပေးခြင်းများ အပါအဝင် ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းများ၌   ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။

 

Source: Myawady

Read times
Rate this item
(0 votes)