Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဆန်နှင့် ပြောင်းဖူးစေ့ကို ပုဂ္ဂလိကညှိနှိုင်းမှုဖြင့် တရားဝင်တင်ပို့ရန် စာချုပ်ချုပ်ဆိုနိုင်

ဆန်နှင့်ပြောင်းဖူးစေ့ကို ပုဂ္ဂလိကကဏ္ဍချင်း ညှိနှိုင်းပြီး တရားဝင်ရောင်းချနိုင်ရန် မြန်မာ၊ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ

လက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း မူဆယ်ရှိ ဆန်စပါးကုန်စည်ဒိုင် ဦးချမ်းသာဦးကပြောသည်။

 

မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၁၅,၀၀၀ နှင့် ပြောင်းဖူးစေ့တန် ချိန် ၁၀,၀၀၀ ကို နယ်စပ်မှတရား ဝင် ရောင်းချရန် စီးပွားရေးလုပ် ငန်းရှင်အချင်းချင်း နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်းဖြစ်သည်။

 

 နိုဝင်ဘာအတွင်းကလည်း ယူနန်ပြည်နယ်အစိုးရက မြန်မာ နိုင်ငံမှ ဆန်တန်ချိန် ငါးသောင်းနှင့်ငါးထောင် တရားဝင်ဝယ်ယူရန် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ် ရေးထိုးထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

 

တရုတ်အစိုးရကို တရားဝင် အခွန်ပေးဆောင်ပြီး အပင်ပိုးမွှား ရောဂါကင်းရှင်းကြောင်း ထောက် ခံချက်ဖြင့် တင်သွင်းမည်ဟု ၎င်း ကပြောသည်။

 

လက်ရှိတွင် ဆန်၊ ပြောင်းဖူး စေ့ အပါအဝင် လယ်ယာထွက် ကုန်ပစ္စည်းများကို မူဆယ်နယ်စပ်မှ တရုတ်နိုင်ငံသို့ တင်ပို့နိုင်မှု လျော့ကျနေသည်။ အောက်တို ဘာလဆန်းက စတင်ပြီး မူဆယ် နယ်စပ်တွင် လုံခြုံရေးတင်းကျပ် ထားခြင်းကြောင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး တုံ့ဆိုင်းနေမှု သုံးလခန့်ရှိပြီဟု မူဆယ်မြို့မှ ဆန် ကုန်သည်တစ်ဦးကဆိုသည်။

 

ထိုကဲ့သို့ တရုတ်နိုင်ငံမှ လုံ ခြုံရေးတင်းကျပ်ထားခြင်းကြောင့် မြန်မာနိုင်ငံမှ ဆန်၊ ပြောင်းဖူးစေ့ နှင့် သကြားများ ယခင်ကဲ့သို့ မ ရောင်းချနိုင်သဖြင့် ဘဏ္ဍာနှစ် သစ် ပထမနှစ်လအတွင်း မူဆယ် နယ်စပ်မှ ပို့ကုန်ကန်ဒေါ်လာသန်း ၃၀၀ ကျော် လျော့နည်းခဲ့သည်။

 

Source: 7 days new

Read times
Rate this item
(1 Vote)