Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဂျပန်နိုင်ငံမှ ပျားရည်ဝယ် ယူမှုများပြားသဖြင့် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၇ဝဝ ခန့်အထိရရှိနေ

မြန်မာနိုင်ငံမှထုတ်လုပ်သည့်ပျားရည်ကို ဂျပန်နိုင်ငံမှ တိုးမြှင့်ဝယ်ယူနေသဖြင့် လက်ရှိ တွင် ပျားရည်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၁၇ဝဝ ခန့်အထိ 

ဈေးနှုန်းရရှိလာကြောင်း မန္တလေးတိုင်းဒေသကြီး ပျားလုပ်ငန်း ရှင်များအသင်း၏ အသင်းဝင် ဦးသက်ဇင် အောင်ထံမှ သိရပါတယ်။

 

ယခင်နှစ်က ပျားရည်တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၁၃ဝဝ မှ ၁၅ဝဝ ဝန်းကျင်သာ ရရှိခဲ့ပြီး ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၅ဝဝ  မှ ၁၇ဝဝ ခန့်အထိ ဈေးနှုန်းရရှိလာကြောင်း သိရပါတယ်။

 

ယခုနှစ်တွင် ဂျပန်နှင့် ထိုင်းနိုင်ငံတို့မှ ဈေးပိုပေးကာ ဝယ်ယူနေခြင်းဖြစ်ပြီး တရုတ်နိုင်ငံမှ  ဝယ်ယူမှုမှာ  ပုံမှန်ရှိသော် လည်း ကနေဒါနိုင်ငံမှ   ဝယ်ယူမှုလျော့နည်းလာ ကြောင်း သိရပါတယ်။

 

''ဈေးပိုရတဲ့   အကြောင်းရင်းကတော့ ဂျပန်နိုင်ငံက  ပျားရည်ပိုဝယ်လာတယ်။ သူတို့က ဈေးပိုပေးဝယ်တော့ ကျန်တဲ့ နိုင်ငံ တွေကပါ ဈေးပိုပေးဝယ်နေကြတယ်။ ဒီနှစ် တစ်ပိုင်တစ်နိုင် ပျားလုပ်ငန်းရှင်တွေပါ  ဈေး ကောင်းရကြတယ်'' ဟု   ဦးသက်ဇင်အောင် ကပြောကြားခဲ့ပါတယ်။

 

ကနေဒါနိုင်ငံမှ   ပျားရည်ဝယ်ယူမှုမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃ဝဝဝ မှ ၃၅ဝဝ ကြားအထိ ဈေးရရှိခဲ့ပါတယ်။

 

''ကနေဒါ နိုင်ငံက ဝယ်ယူမှုရှိရင် ပျားရည် တစ်တန်ကို ဒီထက်တောင် ဈေးပိုရနိုင်တယ်။ ကနေဒါနိုင်ငံက   ဝယ်ယူမှုနည်း လာတယ်''ဟု ပျားလုပ်ငန်းရှင် ဦးရွှေဝင်းကပြောကြားခဲ့ပါတယ်။

 

လက်ရှိတွင်  ဂျပန်နှင့် ထိုင်းနိုင်ငံတို့မှ မြန်မာ့ပျားရည်ကို     ပိုမိုဝယ်ယူလာသည့် အတွက်  ပျားရည်ဈေးနှုန်းများ  မြင့် တက်နေကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times
Rate this item
(1 Vote)