Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပသို့ ပဲမျိုးစုံ တန် ၈ သိန်းကျော်တင်ပို့

ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လအတွင်း ပြည်ပသို့ မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်းတို့အပါအဝင် ပဲ မျိုးစုံ တန်ချိန် ရှစ်သိန်းကျော်တင်ပို့ပြီးဖြစ်ကြောင်း

မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းထံမှ သိရသည်။

 

သို့သော် ပြီးခဲ့သည့်နှစ် ကာလတူတင်ပို့မှုအောက် တန်ငါးထောင်ခန့်လျော့ကျပြီး အိန္ဒိယ၏ ဝယ်ယူခွင့်ကန့်သတ်ချက် များကြောင့် လျော့ကျခြင်းဖြစ်ကြောင်း ပဲကုန်သည်များက ဆိုသည်။

 

အိန္ဒိယက ကန့်သတ်ချက်နဲ့ဝယ်ပေမယ့် သူတို့ကုန်သည်တွေက အခုချိန်ထိ ဆက်ဝယ်နေလို့ တင်ပို့မှုတော့ မနှစ်က ထက် အများကြီးမလျော့ဘူး” ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အထွေထွေအတွင်းရေးမှူး ဦးမင်း ကိုဦးက ပြောဆိုသည်။

 

မြန်မာနိုင်ငံမှ မတ်ပဲနှင့် ပဲစင်းငုံတို့ကို အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့နေပြီး မတ်ပဲကို ပါကစ္စတန်၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်နှင့် အခြားနိုင်ငံအချို့သို့ ထပ်မံတင်ပို့နေခြင်းဖြစ်သည်။

 

ပဲတီစိမ်းကို တရုတ်နိုင်ငံသို့ အဓိကထားတင်ပို့လျက်ရှိပြီး ယခုနောက်ပိုင်းတွင် တရုတ်ဘက်က မတ်ပဲကို ပဲပင်ပေါက်နှင့် တိရစ္ဆာန်အစာများပြုလုပ်ရန်အတွက် ဝယ်မှုများရှိလာခဲ့သည်။

 

လက်ရှိပဲဈေးကွက်မှာ အိန္ဒိယနိုင်ငံမှ တစ်ရက်လျှင် တန်တစ်ထောင်ခန့် ပုံမှန်ဆက်လက်ဝယ်ယူနေခြင်းကြောင့် မတ် ပဲနှင့် ပဲစင်းငုံဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေပြီး လက်ရှိမတ်ပဲ (FAQ) တစ်တန် လျှင် ကျပ် ၇၅၉,၀၀၀ ကျော်၊ မတ်ပဲ (SQ) တစ်တန်လျှင် ၉၆၄,၀၀၀ ကျော်နှင့် ပဲစင်းငုံ တစ်တန်လျှင် ကျပ် ၆၁၂,၀၀၀ ဈေး ရှိကြောင်း ဘုရင့်နောင် ပဲဈေးကွက်အတွင်းမှ သိရသည်။

 

Source: Voice

Read times
Rate this item
(0 votes)