Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အော်ဂဲနစ် ဈေးကွက်

အော်ဂဲနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သော သစ်သီးဝလံများသည် ရန်ကုန်ဈေးကွက်တွင် အရောင်းအဝယ် တချို့ရှိနေသော်လည်း စားသုံးသူများ၏ ယုံကြည်မှု

အားကောင်းစေရန်နှင့် ထုတ်ကုန် ဈေးနှုန်းကျဆင်း လာစေရန် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလက်ထဲသို့ အော်ဂဲနစ် အသိအမှတ်ပြု လက်မှတ်နှင့် တံဆိပ်များ အမြန်ရောက်ရှိရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာလှအောင်ထံမှ သိရသည်။

 

''အော်ဂဲနစ်သီးနှံကို ရန်ကုန်ဈေးကွက်မှာ အရောင်းအဝယ် တချို့ရှိနေတယ်။ ဒါပေမဲ့ ဒီသီးနှံတွေကို အော်ဂဲနစ် သီးနှံတွေ ပါဆိုတဲ့ ထောက်ခံချက် ထုတ်ပေးနိုင်မှုက အရမ်းကို အားနည်းနေသေးတယ်။ လက်တွေ့မှာ အော်ဂဲနစ် စနစ်အတိုင်း စိုက်တယ်။ ထွက်လာတဲ့ သီးနှံတွေကို အော်ဂဲနစ်ပါလို့ ပြောရောင်းတဲ့အခါ စားသုံးသူက မယုံကြည်ဘူး။ အော်ဂဲနစ် တံဆိပ်လေးတွေနဲ့ ဈေးကွက်ကို တင်သွင်းရောင်းချနိုင်မယ် ဆိုရင်တော့ အော်ဂဲနစ် သီးနှံစားသုံးသူ များလာမှာပါ'' ဟု ဒေါက်တာလှအောင်က ပြောသည်။

 

ယခုအခါ အော်ဂဲနစ် နည်းစနစ်အတိုင်း စိုက်ပျိုးထုတ်လုပ်သော သီးနှံများကို အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးနိုင်ရေး၊ ဈေးကွက်တွင် အော်ဂဲနစ်သီးနှံ ဖြစ်ကြောင်း တံဆိပ်ကပ်ခွင့် ရရှိနိုင်ရေး၊ ထွက်ရှိသော သီးနှံများကို ဓာတုကင်းစင်မှု ရှိ၊ မရှိ ဓာတ်ခွဲခန်း၌ စစ်ဆေးနိုင်ရေးတို့ ဆောင်ရွက်မည် ဖြစ်သည်။ ယင်းအတွက် တောင်သူများ အနေဖြင့် သက်ဆိုင်ရာ စိုက်ပျိုးရေး ဦးစီးဌာနရုံးများ၌ စုံစမ်း လျှောက်ထားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

 

''စိုက်ပျိုးရေး ဦးစီးဌာန အနေနဲ့ တောင်သူတွေဆီက နေလာတဲ့ အော်ဂဲနစ်သီးနှံတွေ ဓာတ်ခွဲခန်းမှာ စမ်းသပ်မယ့် ကိစ္စမျိုး တွေကိုလည်း လျင်လျင်မြန်မြန် ဆောင်ရွက် ပေးနိုင်မယ်ဆိုရင် အော်ဂဲနစ်အတွက် လွယ်လွယ်ကူကူနဲ့ ပိုအဆင်ပြေ သွားနိုင်မယ်'' ဟု မှော်ဘီခြံမှ အော်ဂဲနစ် စိုက်ပျိုးသူတစ်ဦးက ပြောသည်။

 

လက်ရှိ အော်ဂဲနစ် အသိအမှတ်ပြု လက်မှတ်နှင့် တံဆိပ်များ ရရှိနိုင်ရေးကို အဆင့်ဆင့် ဆောင်ရွက် ရသည့်အတွက် တောင်သူများ လက်ထဲသို့ ရောက်ရှိနိုင်ရန် ကာလကြာမြင့်ရခြင်း ဖြစ်သည်။

 

အော်ဂဲနစ် သီးနှံသည် သာမန်သီးနှံ စိုက်ပျိုးမှုထက် အရင်းအနှီးများသောကြောင့် ပြန်လည် ရောင်းချရာတွင် ဈေးနှုန်းမြင့်နေကာ အော်ဂဲနစ် အာမခံတံဆိပ် လွယ်ကူစွာ ရရှိပြီး သီးနှံ စိုက်ပျိုးသူများ လာမည်ဆိုပါက အော်ဂဲနစ် ဈေးကွက်သည် ဈေးနှုန်းသက်သာစွာ တွင်ကျယ် လာနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

Source: Myawaddy

Read times
Rate this item
(1 Vote)