Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


လပွတ္တာ စပါးများကို နိုင်ငံတကာဈေးကွက် ချိတ်ဆက်မည့်အစီအစဉ် မိတ်ဆက်

စင်ကာပူကုမ္ပဏီ Golden Sunland နှင့် ပြည်တွင်းရှိ မြန်မာ့ဩဘာ၊ Mercy Corps အဖွဲ့အစည်းတို့ ပူးပေါင်း၍ လပွတ္တာမှ စပါးများကို နိုင်ငံတကာဈေးကွက်သို့

ချိတ်ဆက်ပေးမည့် 'Link to Labutta Market' (လပွတ္တာဈေးကွက်မှသည်) အစီအစဉ်ကို ဖေဖော်ဝါရီ ၁၈ ရက်တွင် စတင်မိတ်ဆက်ခဲ့သည်။

 

အဆိုပါ အစီအစဉ်သည် နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံ ရသည့် လပွတ္တာမြို့ကို ပြန်လည် တည်ဆောက်ရေး အစီအစဉ်အ ဖြစ် Mercy Corps က စီစဉ်ခဲ့သည်ဟု ထုတ်ပြန်သည်။

 

‘‘စပါးစိုက်တောင်သူတွေက အခက်အခဲအမျိုးမျိုးကို ရင်ဆိုင် နေရပြီး ဆင်းရဲမွဲတေမှု အကျပ် အတည်းတွေကြားမှာ ပိတ်မိနေ ကြပါတယ်’’ဟု Mercy Corps မှ တာဝန်ရှိသူ ဦးသက်ဦးက ပြော ကြားသည်။

 

ထိုအခက်အခဲများကို ကူညီ ရန် သဘာဝဘေးဒဏ်ခံရသည့် ဒေသများသို့ စွမ်းရည်နှင့် အရင်းအနှီးထောက်ပံ့မှုများ ဖြည့်ဆည်း ပေးရန်ဖြစ်သည်ဟု ၎င်းက ဆို သည်။

 

ယခုအစီအစဉ်ကို လပွတ္တာ မြို့နယ်အတွင်း စိုက်ဧက ၂၀၀ နှင့် တောင်သူ ၄၀ ဦးဖြင့် စတင်ခဲ့ ပြီး လက်ရှိ စီမံချက်အရ တောင် သူများ၏ အသက်မွေးဝမ်းကျောင်း နှင့် ဘဝရပ်တည်မှု ၃၀ ရာခိုင်နှုန်းအထိ တိုးတက်ရန်ဖြစ်သည် ဟုဆိုသည်။

 

စင်ကာပူကုမ္ပဏီ Golden Sunland က တောင်သူများ၏ မျိုးစေ့ကစတင်ပြီး ရိတ်သိမ်းသည် အထိ စိုက်ပျိုးရေးဆိုင်ရာ အလေ့ အကျင့်ကောင်းများ ဖြစ်ပေါ်လာ ရေး တာဝန်ယူမည်ဖြစ်သည်။

 

ထို့ အပြင် ထွက်ရှိလာသည့် စပါးများ ကို ဝယ်ယူ၍ နိုင်ငံတကာသို့ တင်ပို့ရောင်းချခြင်းကို စင်ကာပူ ကုမ္ပဏီက ကူညီမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်း သုံးခုက ကြေညာချက် ထုတ်ပြန်ထားသည်။

 

အဆိုပါလုပ်ငန်းကို မြန်မာ့ ဩဘာလုပ်ငန်းက မြေဆီလွှာစစ် ဆေးခြင်း၊ စိုက်ပျိုးရေးအကြံပေး ဝန်ဆောင်မှုများ ပံ့ပိုးပေးခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့ကျင့် ကောင်းများနှင့်အညီ အထွက်နှုန်းတိုးစေရန် ကူညီမည်ဟု ဆိုသည်။

 

Source: 7 day news

Read times
Rate this item
(1 Vote)