Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ယခုနှစ်ကြံရာသီတွင် ကြံဝယ်ယူရန် စက်ရုံအများစု နောက်ကျနိုင်

Unicode


ယခုနှစ်ကြံရာသီတွင် ကြံဝယ်ယူရန် စက်ရုံအများစု နောက်ကျနိုင်


ယခု ကြံရာသီ (ဒီဇင်ဘာမှ ဧပြီလ) အတွင်း ကြံဝယ်ယူရန် စက်ရုံအများစု နောက်ကျနိုင်ကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။

 

"ပြည်တွင်းမှာ သကြားစက်ရုံပေါင်း ၂၃ ရုံ ရှိပါတယ်။ လက်ရှိ ဒီထဲမှာ ဂရိတ်ဝေါနဲ့ နဝဒေးသကြားစက်ရုံ နှစ်ခုပဲ စတင်ဝယ်နိုင်သေးတယ်။ ဒီစက်ရုံ နှစ်ခုပဲ ဈေးဖွင့်ဝယ်ယူနေတယ်။ နဝဒေးစက်ရုံက ကြံတစ်တန်ကို စက်ရုံအရောက်ဈေး ကျပ် (၄၅၀ဝဝ) ပေးပြီးတော့၊ ဂရိတ်ဝေါကလည်း စက်ရုံအရောက်ဈေး တစ်တန်ကို ကျပ် (၄၁၅၀ဝ) ပေးဝယ်တယ်။ စက်တွေက အဆင်သင့်ဖြစ်ပေမယ့် စက်ရုံအလိုက် ကျန်ရှိနေတဲ့ သကြားလက်ကျန်အဟောင်းတွေကြောင့် ဈေး မဖွင့်နိုင်ကြသေးတာပါ" ဟု ယင်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောကြားပါတယ်။

 

လက်ရှိတွင် တရုတ်နိုင်ငံမှ မြန်မာ့သကြား ဝယ်ယူမှုကို ရပ်နားထားသည့် တစ်နှစ်အတွင်း စက်ရုံပိုင်ရှင်များနှင့် ကုန်သည်များ လက်ဝယ်တွင် တန်ချိန်များစွာ ရှိနေခြင်းကြောင့် သကြားတစ်ပိဿာလျှင် ကျပ် (၉၀ဝ) အောက် ကျဆင်းလျက်ရှိသည့်အတွက် အဆိုပါ သကြားများ ပြည်ပသို့ တင်ပို့ရောင်းချနိုင်မှသာ ကြံဈေးနှုန်းများ ပြန်လည်ကောင်းမွန်တော့မည်ဖြစ်ကြောင်း သိရပါတယ်။

 

Read More >>>>>  ၾကက္၊ ငါးတြဲဖက္ေမြးျမဴေရးစနစ္ေၾကာင့္ စားသံုးသူထိခိုက္ႏိုင္မႈရွိ/မရွိ ေလ့လာဆန္းစစ္ေပးရန္တင္ျပ

 

"စက်ရုံအများစုက ဒီဇင်ဘာ ဒုတိယပတ်နဲ့ တတိယပတ်လောက်ကျမှ ဝယ်ယူဖို့ ပြင်ဆင်နေကြတယ်။ ဒီအကျိုးဆက်က တောင်သူတွေကို နစ်နာလာစေမယ်။ ဒေသအလိုက် ဝယ်ယူမယ့် ရက်တွေ နောက်ကျလေလေ ကြံသိမ်းချိန် နောက်ကျလာပြီးတော့ ကြံရဲ့ အလေးချိန်ကို လျော့နည်းလာစေမှာ ဖြစ်တယ်။ နောက်တစ်ပိုင်းက လာမယ့် ကြံစိုက်ရာသီကို နောက်ကျနိုင်ပြီးတော့ နောက်ဆက်တွဲ ကြံအထွက်နည်းတာတွေ ဖြစ်လာနိုင်တယ်။ ဒီနှစ် ကြံဈေးကျဆင်းမှုဟာ လာမယ့်နှစ် ကြံစိုက်ပျိုးဧကတွေ များစွာ လျော့နည်းလာစေမယ်" ဟု ဦးဝင်းဌေးက သုံးသပ်ပြောကြားထားပါတယ်။

 

၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ကြံစိုက်ဧကပေါင်း (၄၄၀ဝဝဝ) ကျော်၊ သကြားတန်ချိန် (၄၅၀ဝဝဝ) ခန့်၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် စိုက်ဧကပေါင်း (၃၉၀ဝဝဝ) ကျော်၊ သကြားတန်ချိန် (၃၉၀ဝဝဝ) ကျော်၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် စိုက်ဧက (၄၀ဝဝဝ၀) ကျော်၊ သကြားတန်ချိန် (၃၇၀ဝဝဝ) ကျော်၊ ၂၀၁၇-၁၈ ခုနှစ်က ကြံစိုက်ဧက (၄၀ဝဝဝ၀) ကျော်၊ သကြားတန်ချိန် (၅၀ဝဝဝ၀) ကျော်၊ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ကြံစိုက်ဧက (၅၀ဝဝဝ၀) နီးပါး၊ သကြားတန်ချိန် ငါးသိန်းခန့် အသီးသီးထွက်ရှိခဲ့ကြောင်း သိရပါတယ်။

 

၂၀၁၅-၁၆ ခုနှစ် ကြံရာသီချိန်အတွင်း ကြံတစ်တန်လျှင် ကျပ် (၅၀ဝဝဝ)၊ ၂၀၁၆-၁၇ ခုနှစ်တွင် ကျပ် (၄၅၀ဝဝ)၊ ၂၀၁၇-၁၈ ခုနှစ်တွင် ကျပ် (၄၁၅၀ဝ)၊ ၂၀၁၈-၁၉ ခုနှစ်တွင် (၃၈၀ဝဝ) ကျပ်မှ (၄၀ဝဝဝ) ကျပ် အသီးသီး ဈေးရရှိခဲ့ကြောင်း သိရပါတယ်။

 

Source: Ministry Of Commerce

 

 

ယခုုႏွစ္ႀကံရာသီတြင္ ႀကံဝယ္ယူရန္ စက္႐ုံအမ်ားစု ေနာက္က်ႏုိင္

 

ယခု ႀကံရာသီ (ဒီဇင္ဘာမွ ဧၿပီလ) အတြင္း ႀကံဝယ္ယူရန္ စက္႐ုံအမ်ားစု ေနာက္က်ႏိုင္ေၾကာင္း ျမန္မာႏိုင္ငံသၾကားႏွင့္ ႀကံထြက္ပစၥည္း လုပ္ငန္းရွင္မ်ားအသင္းမွ သိရပါတယ္။

 

"ျပည္တြင္းမွာ သၾကားစက္႐ုံေပါင္း ၂၃ ႐ုံ ရွိပါတယ္။ လက္ရွိ ဒီထဲမွာ ဂရိတ္ေဝါနဲ႔ နဝေဒးသၾကားစက္႐ုံ ႏွစ္ခုပဲ စတင္ဝယ္ႏိုင္ေသးတယ္။ ဒီစက္႐ုံ ႏွစ္ခုပဲ ေဈးဖြင့္ဝယ္ယူေနတယ္။ နဝေဒးစက္႐ုံက ႀကံတစ္တန္ကို စက္႐ုံအေရာက္ေဈး က်ပ္ (၄၅၀ဝ၀) ေပးၿပီးေတာ့၊ ဂရိတ္ေဝါကလည္း စက္႐ုံအေရာက္ေဈး တစ္တန္ကို က်ပ္ (၄၁၅၀ဝ) ေပးဝယ္တယ္။ စက္ေတြက အဆင္သင့္ျဖစ္ေပမယ့္ စက္႐ုံအလိုက္ က်န္ရွိေနတဲ့ သၾကားလက္က်န္အေဟာင္းေတြေၾကာင့္ ေဈး မဖြင့္ႏိုင္ၾကေသးတာပါ" ဟု ယင္းအသင္း ဒုတိယဥကၠ႒ ဦးဝင္းေဌးက ေျပာၾကားပါတယ္။

 

လက္ရွိတြင္ တ႐ုတ္ႏိုင္ငံမွ ျမန္မာ့သၾကား ဝယ္ယူမႈကို ရပ္နားထားသည့္ တစ္ႏွစ္အတြင္း စက္႐ုံပိုင္ရွင္မ်ားႏွင့္ ကုန္သည္မ်ား လက္ဝယ္တြင္ တန္ခ်ိန္မ်ားစြာ ရွိေနျခင္းေၾကာင့္ သၾကားတစ္ပိႆာလွ်င္ က်ပ္ (၉၀ဝ) ေအာက္ က်ဆင္းလ်က္ရွိသည့္အတြက္ အဆိုပါ သၾကားမ်ား ျပည္ပသို႔ တင္ပို႔ေရာင္းခ်နိုင္မွသာ ႀကံေဈးႏႈန္းမ်ား ျပန္လည္ေကာင္းမြန္ေတာ့မည္ျဖစ္ေၾကာင္း သိရပါတယ္။

 

Read More >>>>>  ၾကက္၊ ငါးတြဲဖက္ေမြးျမဴေရးစနစ္ေၾကာင့္ စားသံုးသူထိခိုက္ႏိုင္မႈရွိ/မရွိ ေလ့လာဆန္းစစ္ေပးရန္တင္ျပ

 

"စက္႐ုံအမ်ားစုက ဒီဇင္ဘာ ဒုတိယပတ္နဲ႔ တတိယပတ္ေလာက္က်မွ ဝယ္ယူဖို႔ ျပင္ဆင္ေနၾကတယ္။ ဒီအက်ိဳးဆက္က ေတာင္သူေတြကို နစ္နာလာေစမယ္။ ေဒသအလိုက္ ဝယ္ယူမယ့္ ရက္ေတြ ေနာက္က်ေလေလ ႀကံသိမ္းခ်ိန္ ေနာက္က်လာၿပီးေတာ့ ႀကံရဲ႕ အေလးခ်ိန္ကို ေလ်ာ့နည္းလာေစမွာ ျဖစ္တယ္။ ေနာက္တစ္ပိုင္းက လာမယ့္ ႀကံစိုက္ရာသီကို ေနာက္က်ႏိုင္ၿပီးေတာ့ ေနာက္ဆက္တြဲ ႀကံအထြက္နည္းတာေတြ ျဖစ္လာႏိုင္တယ္။ ဒီႏွစ္ ႀကံေဈးက်ဆင္းမႈဟာ လာမယ့္ႏွစ္ ႀကံစိုက္ပ်ိဳးဧကေတြ မ်ားစြာ ေလ်ာ့နည္းလာေစမယ္" ဟု ဦးဝင္းေဌးက သုံးသပ္ေျပာၾကားထားပါတယ္။

 

၂၀၁၄-၁၅ ဘ႑ာႏွစ္တြင္ ႀကံစိုက္ဧကေပါင္း (၄၄၀ဝ၀ဝ) ေက်ာ္၊ သၾကားတန္ခ်ိန္ (၄၅၀ဝ၀ဝ) ခန္႔၊ ၂၀၁၅-၁၆ ဘ႑ာႏွစ္တြင္ စိုက္ဧကေပါင္း (၃၉၀ဝ၀ဝ) ေက်ာ္၊ သၾကားတန္ခ်ိန္ (၃၉၀ဝ၀ဝ) ေက်ာ္၊ ၂၀၁၆-၁၇ ဘ႑ာႏွစ္တြင္ စိုက္ဧက (၄၀ဝ၀ဝ၀) ေက်ာ္၊ သၾကားတန္ခ်ိန္ (၃၇၀ဝ၀ဝ) ေက်ာ္၊ ၂၀၁၇-၁၈ ခုႏွစ္က ႀကံစိုက္ဧက (၄၀ဝ၀ဝ၀) ေက်ာ္၊ သၾကားတန္ခ်ိန္ (၅၀ဝ၀ဝ၀) ေက်ာ္၊ ၂၀၁၈-၁၉ ဘ႑ာႏွစ္တြင္ ႀကံစိုက္ဧက (၅၀ဝ၀ဝ၀) နီးပါး၊ သၾကားတန္ခ်ိန္ ငါးသိန္းခန္႔ အသီးသီးထြက္ရွိခဲ့ေၾကာင္း သိရပါတယ္။

 

၂၀၁၅-၁၆ ခုႏွစ္ ႀကံရာသီခ်ိန္အတြင္း ႀကံတစ္တန္လွ်င္ က်ပ္ (၅၀ဝ၀ဝ)၊ ၂၀၁၆-၁၇ ခုႏွစ္တြင္ က်ပ္ (၄၅၀ဝ၀)၊ ၂၀၁၇-၁၈ ခုႏွစ္တြင္ က်ပ္ (၄၁၅၀ဝ)၊ ၂၀၁၈-၁၉ ခုႏွစ္တြင္ (၃၈၀ဝ၀) က်ပ္မွ (၄၀ဝ၀ဝ) က်ပ္ အသီးသီး ေဈးရရွိခဲ့ေၾကာင္း သိရပါတယ္။

 

Source: Ministry Of Commerce

Read times Last modified on Monday, 03 February 2020 15:23
Rate this item
(0 votes)