Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သွန်နီဈေးကျပြီး စိုက်ပျိုးစရိတ်အောက်ရောက်ရှိနေသဖြင့် ထိန်းညှိပေးရန်အစိုးရသို့တင်ပြထား

ကြက်သွန်နီဈေးကျပြီး စိုက်ပျိုးစရိတ်အောက်ရောက်ရှိနေသဖြင့် စိုက်ပျိုးသူတောင်သူများအရှုံးနှင့် ရင်ဆိုင်နေရသောကြောင့် ဈေးနှုန်းထိန်းညှိပေးရန်အစိုးရသို့ တင်ပြထားကြောင်း မြန်မာနိုင်ငံကြက်သွန်ဖြူ ကြက်သွန်နီနှင့်

စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

 

 “မန္တလေးတိုင်းအသင်းက အစိုးကို ကြက်သွန်နီဈေးကျလို့ ဈေးထိန်းညှိပေးဖို့တင်ထားပါတယ်။ကြက် သွန်က အခြားဟာတွေနဲ့မတူဘူး။ မနှစ်ကငါးသိန်းဆိုရင်ဝယ်တယ်။ ဒီနှစ်ကိုဘယ်လောက် ဆိုရင်ဝယ်မလဲ သတ်မှတ်ပေးဖို့တွေပြန်မလုပ်ခင် မနှစ်ကဈေးနှုန်းကိုပဲ အတည်ပြုပြီးတော့ အဲဒီအတိုင်း ပြန်ဝယ်ရမှာပေါ့။ ကြက်သွန်ကထားသိုဖို့လည်း မလွယ်ဘူး။ ပြီးတော့ အဝယ်ရှိပြီ ဆိုရင် ချက်ချင်းဝုန်းဒိုင်းဆို ဈေးအများကြီးပြန်တက်နိုင်တယ်။ တက်ရင်လည်းမြန်သလို ကျရင်လည်းမြန် ပြီးတော့ ကုန်စိမ်းဆန်တယ်။

 

လက်ရှိမှာတော့စိုက်ပျိုးစရိတ်အောက်ရောက်နေတယ်။ တစ်ပိဿာကို ကျပ် ၃၅၀ ကနေ ၄၀၀ လောက်ရှိတယ်။ အစိုးရဆီကိုစာတင်တာကတော့ ပြီးခဲ့တဲ့ ၃ ရက်လောက် ကတင်ထားတာပါ။ အကြောင်းပြန်တာ မျိုးတော့မရှိသေးပါဘူး” ဟု မြန်မာနိုင်ငံကြက်သွန်ဖြူ ကြက်သွန်နီနှင့် စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးခင်ဟန်က မြန်မာတိုင်းမ်နေ့စဉ်သို့ မတ် ၂၈ ရက်ကပြောဆိုသည်။

 Read more >>>>> ဟင်္သာတခရိုင်အတွင်း စိုက်ပျိုးရေးဆေးဆိုင်များကို ရှောင်တခင်စစ်ဆေးမည်

လက်ရှိအခြေအနေတွင် ရန်ကုန်တိုင်းနှင့်မန္တလေးတိုင်းအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားတွင် ကြက်သွန်နီများစတင်ထွက်ရှိနေပြီဖြစ်ပြီး လာမည့်လများတွင် ယင်းနေရာအနှံ့အပြားမှထွက်ရှိ လာမည့်ကြက်သွန်နီများ ဈေးကွက်အတွင်းဝင်ရောက်လာမည်ဖြစ်ရာ ကြက်သွန်နီဈေးများထပ်မံ ကျဆင်းလာနိုင်သည်။ ထို့ကြောင့် စိုက်ပျိုးထုတ်လုပ်သူများ အခက်အခဲဖြစ်လာနိုင်သည့်အတွက် ဈေးနှုန်းတစ်ခုသတ်မှတ်ကာ ဝယ်ယူထိန်းညှိပေးခြင်း သို့မဟုတ် ဈေးကွက်တည်ငြိမ်ရေးအတွက် ကူညီပံ့ပိုးပေးရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ တင်ပြထားခြင်းဖြစ်ကြောင်းသိရသည်။

 

မြန်မာ့ကြက်သွန်နီကို ယခင်က မလေးရှား ဗီယက်နမ် အင်ဒိုနီးရှား စင်ကာပူစသည့်နိုင်ငံများကဝယ်ယူ ခဲ့သော်လည်း လက်ရှိတွင် တရုတ်နိုင်ငံတစ်ခုတည်းသာ အနည်းငယ်ဝယ်ယူလျက်ရှိကြောင်း၊ ကြက်သွန်နီသစ်များဈေးကွက်အတွင်းဝင်ရောက်လာခြင်းကြောင့် ဈေးနှုန်းကျဆင်းပြီး ကြက်သွန်စိုက် တောင်သူများ အရှုံးနှင့်ရင်ဆိုင်နေရသဖြင့် ပြည်တွင်းပိုလျှံကြက်သွန်နီများကို လုပ်ငန်းရှင်များနှင့် အစိုးရတို့ပူးပေါင်းကာ ပြည်ပပို့ကုန်အဖြစ်ဆောင်ရွက်နိုင်ပါက တောင်သူများအနေဖြင့် အဆင်ပြေလာနိုင်မည်ကြောင်း သိရသည်။

Source: Myanmar Time

Read times Last modified on Friday, 29 March 2019 11:14
Rate this item
(1 Vote)