Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တစ်သျှူးငှက်ပျောကို ပြည်ပသို့ အများဆုံး တင်ပို့နေရ

တစ်သျှူးငှက်ပျောကို  ပြည်ပမှ ကြိုက်နှစ်သက်မှုများပြီး တရုတ်နှင့် တောင်ကိုရီးယား နိုင်ငံတို့သို့ တင်ပို့နေရသော်လည်း ပြည်တွင်း ဈေးကွက်အတွင်း၌

ကြိုက်နှစ်သက်သူ မရှိ သလောက် နည်းကြောင်း မြန်မာနိုင်ငံ ငှက်ပျောစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်း အတွင်းရေးမှူး ဦးမန်းသန်းဌေး ထံမှ သိရပါတယ်။

 

လတ်တလောတွင် တစ်သျှူးငှက်ပျောကို ဧရာဝတီတိုင်းဒေသကြီး အတွင်းမှ ကျုံပျော်နှင့် ပန်းတနော်မြို့နယ်တို့၌ ဧက ၁ဝဝ ခန့် စိုက်ပျိုးကာ တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့ လျက်ရှိသည့်အပြင် ကချင်ပြည်နယ်အတွင်းမှ စိုက်ပျိုးထွက်ရှိလာသည့် တစ်သျှူးငှက်ပျော များကို  တရုတ်နိုင်ငံသို့  တင်ပို့ကြခြင်းဖြစ်ကြောင်း သိရပါတယ်။

 

''တစ်သျှူးငှက်ပျောက ပြည်ပကို တင်ပို့ နေရပေမယ့် ပြည်တွင်းဈေးကွက်ထဲကို သိပ်မပို့ရဘူး။  ပြည်တွင်းက  အခွံဝါမျိုးကို ကြိုက်ကြတာများတယ်။အခွံစိမ်းမျိုးက အရောင် ကလည်း မထွက်တဲ့အပြင် မှည့်တာနဲ့ သူက ကြွေတာလေ။ အရသာကပေါ့တယ်။ ပြည် တွင်းအခွံဝါမျိုးက အရသာလည်း ရှိတယ်။ အနံ့လည်းမွှေးတဲ့အတွက်    ပြည်တွင်းမှာ ကြိုက်ကြတယ်'' ဟု ဦးမန်းသန်းဌေး ကပြောကြားခဲ့ပါတယ်။

 

တစ်သျှူးငှက်ပျောကို အဝါရောင်သန်းစေရန် အအေးခန်းအတွင်း၌ နည်းပညာဖြင့် ပြုလုပ်နိုင်သော်လည်း  ပြည်တွင်း၌  ကြိုက်နှစ်သက်မှု မရှိသည့်အတွက် ဈေးကွက်အတွင်း အနည်းငယ်သာ   တင်ပို့နေရသောကြောင့် စိုက်ပျိုးမှု နည်းပါးနေသေးကြောင်း သိရပါတယ်။

 

တစ်သျှူးငှက်ပျောကို မြစ်ကြီးနား၊ မိုးမောက်၊ မံစီ၊ ဝိုင်းမော်နှင့် ရွှေကူမြို့နယ်တို့၌ အများဆုံး စိုက်ပျိုးကြပြီး နယ်စပ်ကုန်သွယ်ရေး စခန်းများမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ကြခြင်း ဖြစ်ကြောင်း သိရပါတယ်။

 

Source: Myawady

 

Read times
Rate this item
(2 votes)