Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရန်ကုန်ဘဏ်လမ်းတွင် ဘန်ကောက်ညဈေးနှင့် ပုံစံတူ ဈေးဖွင့်မည်ဟုသိရ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်အတွင်းရှိ ဘဏ်လမ်းနှင့် ပန်းဆိုးတန်းလမ်း (အောက်ဘလောက်)တို့တွင် အပတ်စဉ် စနေ၊ တနင်္ဂနွေတိုင်းဖွင့်လှစ်ရောင်းချမည့်

Yangon Weekend Market ၌ အဖျော်ယမကာဆိုင်များပါ ဖွင့်လှစ် ရောင်းချလာနိုင်ကြောင်း သတင်းရရှိပါတယ်။

 

Yangon Weekend Market ကို လာမည့် မေလမှစတင်ဖွင့်လှစ်မည်ဖြစ်ပြီး အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း နံနက် ပိုင်းနှင့် ညပိုင်းဟူ၍ အပိုင်း ၂ ပိုင်းသတ်မှတ်၍ ဖွင့်လှစ်ရောင်းချမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက News Watch သို့ ပြောကြားခဲ့ပါတယ်။

 

”ဘဏ်လမ်းတောက်လျှောက်နဲ့ ပန်းဆိုးတန်းအောက်လမ်း ၂ နေရာလုပ်မယ်ပေါ့။ ပန်းဆိုးတန်းအောက်မှာ သူတို့က တခြမ်း တောင်းထားတာ။ ကားပါကင်နေရာကိစ္စလည်းရှိနေတော့ အဲဒါလည်း ပြန်ညှိရဦးမယ်။ စနေ၊ တနင်္ဂနွေနေ့တွေမှာ အဲဒီမှာ တကယ့်ကို အဆင့်မီမီလေးပေါ့။ အဓိကကတော့ နိုင်ငံခြားသားတွေ သွားပြီးလည် ပတ်လို့ရတဲ့နေရာတစ်ခုအဖြစ်နဲ့ Bangkok Night Market လိုမျိုးဖြစ်အောင်ဆိုပြီး အဆင့်မီမီလေးနဲ့ ဘီယာဆိုင်လေး ၄ ဆိုင်လောက်ပါမယ်။

 

အစား အသောက်ဆိုရင်လည်း လုံးဝ standard ပြည့်ပြည့်လေးတွေနဲ့ နာမည်ရှိပြီးသား စားသောက်ဆိုင်လေးတွေပါမယ်ပေါ့။ အဓိကတိုင်းရင်းသားအစားအစာတွေလည်း ပါမှာပေါ့”ဟု ၎င်းက ပြောကြားခဲ့ပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရက Yangon Weekend Market ဖြစ်မြောက်ရေးအတွက် တင်ဒါခေါ်ယူဆောင် ရွက်ခဲ့ရာ Golden Market Myanmar ကုမ္ပဏီမှ Operator အဖြစ် လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်းသိရပါတယ်။

 

မတ်လ ၂၅ ရက်နေ့တွင် Yangon Weekend Market ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ဘဏ်လမ်းတွင် လက်ရှိရောင်းချနေသည့် ဈေးသည်များ ကိစ္စကို ထည့်သွင်းဆွေးနွေးဖြစ်ခဲ့ကြောင်း ဒေါ်ကြည်ပြာကပြောကြားခဲ့ပါတယ်။

 Read More >>>>>  သင်္ကြန်ကာလအတွက် စားသောက်ကုန်များ ကြိုတင်ဝယ်ယူစုဆောင်းမှုများကြောင့် ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ရောင်းအားကောင်းနေ

”အဲဒီဈေးသည်တွေကို သူတို့က စနေ၊ တနင်္ဂနွေတွေမှာ မရောင်းခိုင်းဘူးပေါ့။ ပြီးတော့ အဲဒီဈေးသည်တွေက စနေ၊ တနင်္ဂနွေ ဆိုရင်လည်း များသောအားဖြင့်မရောင်းကြဘူး။ သူတို့က ဝန်ထမ်းတွေကို အဓိကအားထားပြီး ရောင်းကြတာ ဆိုတော့ များသောအားဖြင့်က မရောင်းဘူး။ မရောင်းကြဘူးဆိုတော့ စည်ပင်က သူတို့ ကို ရေဖိုး၊ မီးဖိုးကောက်တဲ့အခါမှာ ၁ လစာ မှာ ၈ ရက်ကို ပြန်လျှော့ပေးမယ်။

 

ပြီးရင် အဲဒီရက် သူတို့ကိုမရောင်းခိုင်းဘူး။ ကြား ရက်တွေမှာပဲရောင်းပေါ့။ အကယ်၍ သူတို့ကမဖြစ်မနေရောင်းချင်တယ်ဆိုရင် စံသတ်မှတ်ချက်တွေရှိ တယ်။ ဒီဟာက တစ်ရက်ကို ဘယ်လောက် ပေးရမယ်။ အစားအသောက်ဆို ဘယ်လို၊ ဘယ်ပစ္စည်းကို သုံးရမယ် ဆိုတာမျိုး standard တွေကို မီနိုင်ရင်တော့ သူတို့ သတ်မှတ်တဲ့ ဈေးနှုန်းအတိုင်းမီရင်တော့ သူတို့ကို ထည့်သွင်းစဉ်းစားပေးမယ်လို့ သိရပါတယ်”ဟု ၎င်းကပြောကြားခဲ့ပါတယ်။

 

သို့သော်လည်း Operator အဖြစ် လုပ်ကိုင်ခွင့်ရကုမ္ပဏီမှ အဆိုပါနေရာတွင် ဆိုင်ခန်းဖွင့်လှစ်ရောင်းချ လိုသူများအား မည်သည့်ပုံစံဖြင့် မည်သို့မည်ပုံ နေရာချပေးမည်ကို မသိရှိရသေးပေ။ ရန်ကုန်မြို့ တော်စည်ပင် သာယာရေး ကော်မတီ အနေဖြင့် ယခုတစ်ပတ်အတွင်း ဘဏ်လမ်းရှိဈေးသည်များနှင့်တွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေး သွားမည်ဟုသိရကြောင်း ဒေါ်ကြည်ပြာက ပြောကြားခဲ့ပါတယ်။

 

Yangon Weekend Market ဖွင့်လှစ်မည်ဆိုပါက ဘဏ်လမ်းရှိဈေးသည်များကိစ္စ၊ ပန်းဆိုးတန်းလမ်း (အောက်ဘ လောက်)တွင် ကားပါကင်ရှိနေရာကိစ္စများအပါအဝင် မြေပြင်အခြေအနေများနှင့်ပတ်သက်၍ ကြိုတင်ပြင်မှုများ ကို ဧပြီလအတွင်း အပြီးဆောင်ရွက်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် Yangon Weekend Market ဖြစ်မြောက်ရေး လုပ်ငန်းကော်မတီနှင့် Golden Market Myanmar ကုမ္ပဏီတို့ စာချုပ် ချုပ်ဆိုမှုကို လာမည့်တပတ်အတွင်းပြုလုပ်မည်ဟု သိရပါတယ်။

 

Credit: Phoe Wa

Read times Last modified on Friday, 05 April 2019 10:08
Rate this item
(1 Vote)