Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ငါး၊ ပုစွန်အရှင်များကို ပြည်ပနိုင်ငံများသို့ စက်တင်ဘာလတွင် တိုက်ရိုက်တင်ပို့မည်

ပြည်တွင်းရေထွက်ကုန် တင်ပို့မှုလုပ်ငန်းများ ဝင်ငွေပိုမိုရရှိလာစေဖို့အတွက် ပင်လယ်ရေထွက်ကုန်အရှင်များကို ပြည်ပနိုင်ငံများသို့ စက်တင်ဘာလမှာ တိုက်ရိုက်တင်ပို့သွားမယ်လို့ သိရပါတယ်။

 

ပြည်တွင်း ပင်လယ်ရေထွက်ကုန်များဖြစ်တဲ့ ကျောက်ငါး၊ ကျောက်ပုစွန်၊ ပုစွန်နဲ့ ကဏန်းများကို ဟောင်ကောင်၊ ထိုင်ဝမ်၊ မကာအို၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ တရုတ်နိုင်ငံတွေဆီ တိုက်ရိုက်တင်ပို့သွားမှာဖြစ်ပါတယ်။

 

ပြည်တွင်း ငါးဖမ်းလုပ်ငန်းများ ပိုမိုတိုးတက်လာစေရန်၊ ပင်လယ်ရေထွက်ကုန်များကို ရှာဖွေနေတဲ့ ရေလုပ်သားများ ဝင်ငွေပိုမို ရရှိလာစေရန်၊ ငါးဖမ်းလုပ်ငန်းကို မြှင့်တင်ရာရောက်ပြီး ပြည်တွင်းရှိ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေရန် ရည်ရွယ်ကြောင်း Super Search Investment (Hong Kong) Company Limited မှ မြန်မာနိုင်ငံရုံးတာဝန်ခံ ဦးမိုက်အောင်မြင့်ထွန်းက ပြောပါတယ်။

 

လက်ရှိအနေအထားအရ မြန်မာနိုင်ငံမှာ ရေထွက်ကုန်အရှင်များကို အပို့နည်းနေပြီး အေးခဲပြီးသား ရေထွက်ကုန်များကိုသာ ပြည်ပနိုင်ငံများဆီ တင်ပို့နေရပါတယ်။၊ ဈေးကွက်အရလည်း ပြည်တွင်းဈေးကွက်နဲ့ ပြည်ပဈေးကွက် ကွာခြားမှုရှိပြီး ပြည်တွင်းမှာ ကြိုက်ငါး၊ ကြိုက်ပုစွန်များကို ရောင်းချနိုင်ကြောင်း၊ ပြည်ပနိုင်ငံများသို့ ရေထွက်ကုန်များ တင်ပို့ရန်အတွက် သတ်မှတ်အရွယ်အစား၊ အရည်အသွေးများ ရရှိစေရန် လိုအပ်ကြောင်း၊ ရေထွက်ကုန်အရှင် တင်ပို့ရာတွင် ကုန်ကျစရိတ် များပြားသော်လည်း ဈေးကောင်း ပိုမိုရရှိကြောင်း သိရပါတယ်။

 

အဆိုပါ ပြည်တွင်းရေထွက်ကုန်များကို ထုပ်ပိုးသယ်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးမှာ ဇူလိုင် (၂၉) ရက်ကစတင်ပြီး သင်တန်းသား၊ သင်တန်းသူ (၂၆) ဦးကို ဝါရင့်နိုင်ငံခြားပညာရှင်နှစ်ဦးက သင်တန်းပို့ချပေးလျက်ရှိပြီး သင်တန်းကို ဇူလိုင် (၃၁) ရက်အထိ ပို့ချပေးမှာဖြစ်ပြီး ပင်လယ်ရေထွက်ဒေသများဖြစ်တဲ့ မြိတ်၊ ဘုတ်ပြင်းနဲ့ ကော့သောင်းမြို့များမှာလည်း သင်တန်းများ ထပ်မံပို့ချပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။


Read More >>>>>   ကုန်ဖလှယ်စနစ်ဖြင့် တရုတ်သို့ ဆန်တန်ချိန်တစ်သိန်း ပထမဆုံးအကြိမ် တင်ပို့မည်

 

ဒါ့အပြင် ပင်လယ်ရေထွက်ကုန်များ တင်ပို့ရန်အတွက် ပထမဦးစားပေး အဆင့်အနေနဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ဒုတိယ ဦးစားပေးအနေနဲ့ ရခိုင်ပြည်နယ်၊ တတိယဦးစားပေးအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့ကို ရွေးချယ်ထားကြောင်းနဲ့ ရေထွက်ကုန်များကို အချိန်မီ တင်ပို့နိုင်ရန်အတွက် လေကြောင်းလိုင်းများကိုလည်း ရွေးချယ်ထားပြီးဖြစ်ကြောင်း သိရပါတယ်။

 

Source: MOI
Myanmar Food Industry Directory

Read times Last modified on Wednesday, 31 July 2019 14:50
Rate this item
(0 votes)