Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပသို့ စပါးတင်ပို့ခွင့်ပေးနိုင်ကြောင်း စီးပွားကူးသန်းပြော

အချိန်ကာလနှင့် အရေအတွက်ထိန်းပြီး ပြည်ပသို့ တရားဝင်စပါး တင်ပို့ခွင့်ပြုပေးနိုင် ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနလက် ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

 

ပြည်တွင်း၌ ယခင်နှစ်ဆန် လက်ကျန် တန်ချိန်တစ်သန်း ကျော်အပိုရှိပြီး နွေစပါး အသစ်ပေါ်ချိန်တွင် စပါးဈေး ကျဆင်း နေသည်။ ပြည်တွင်းစပါးဈေးနှုန်း ကျဆင်းမှုသည် ဝယ်လိုအားနည်း ခြင်းကြောင့်ဖြစ်ပြီး ပြည်ပနိုင်ငံ များမှ ဝယ်ယူရန် ကမ်းလှမ်းပါက ဆွေးနွေးသုံးသပ်ပြီး ခွင့်ပြုနိုင်မည် ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်ကပြော ကြားသည်။

 

‘‘ပို့မယ်ဆိုလည်း အတိုင်းအ တာတစ်ခုပေါ့။ ဘယ်လောက်ပို့ မယ်၊ ဘယ်ကာလအထိ ပို့မယ် ဆိုတာ တွက်ပြီးရင် ဒါက ဆောင် ရွက်ပေးလို့ ရပါတယ်’’ဟု ဦးခင် မောင်လွင်က ပြောသည်။

 

တရုတ်နိုင်ငံက မြန်မာနိုင်ငံ မှ စပါးကို ၂၀၁၈ မိုးစပါးပေါ်ချိန် က လယ်ကွင်းထဲ အရောက်ဆင်း ပြီး တရားမဝင်ဝယ်ယူမှုများရှိခဲ့ သည်။ ပေါက်ဈေးထက်ပိုပေးပြီး တင်း ၁၀၀ လျှင် ကျပ်ခြောက်သိန်း ခွဲခန့်ဖြင့် ဝယ်ယူခြင်းဖြစ်သည်။

 

သို့သော် တရားမဝင်ဝယ်ယူ မှုကြောင့် ရှမ်းပြည်နယ် နမ့်ခမ်း မြို့တွင် ဌာနပေါင်းစုံပူးပေါင်းအ ဖွဲ့က စပါးတင်ပို့သည့် ခြောက်ဘီးယာဉ် ၁၇ စီးကို ဖမ်းဆီးပြီး နောက်ပိုင်း အဝယ်ရပ်သွားကြောင်း ပဲခူး တိုင်းမှ လယ်သမားအချို့က ပြောသည်။

 

တရုတ်နိုင်ငံသို့ တရားမဝင် စပါးတင်ပို့မှုများကို ဖမ်းဆီးခြင်း ကြောင့် ပြည်တွင်းတွင် မိုးစပါး တင်း ၁၀၀ လျှင် ၂၀ ရာခိုင်နှုန်း ခန့် ဈေးကျခဲ့ကြောင်း ပဲခူးတိုင်းအရှေ့ ဆန်စပါးအသင်းတာဝန် ရှိသူအချို့က ပြောသည်။ လက်ရှိ တရားဝင်စပါးတင်ပို့ခွင့်ပြုပေး လျှင် ယခင်ကဲ့သို့ ဝယ်ယူမည့် ကုန်သည်များရရှိရန် မလွယ်သေး ကြောင်း ၎င်းတို့က ပြောသည်။

 

Read More >>>>>  လေးဘက်နာသမားများအတွက် သပြုသီး၏ အသုံးဝင်ပုံ

 

‘‘စပါးပို့ခွင့်ပေးလည်း ဝယ် သူရှိမှလေ’’ဟု ပဲခူးတိုင်းအရှေ့ ခြမ်းမှ လယ်သမား ဦးဝင်းဌေးက ပြောသည်။

 

လက်ရှိ ပဲခူးတိုင်းအရှေ့ခြမ်း တွင် စပါးဈေးနှုန်းက မျိုးစုံဖြစ်နေ ပြီး စပါးအရည်အသွေးနှင့် အလေးချိန်ပေါ် မူတည်ပြီး ပျမ်းမျှတင်း ၁၀၀ လျှင် အများဆုံး ကျပ်လေး သိန်းကိုးသောင်းမှ လေးသိန်းခွဲ အကြား ပေါက်ဈေးရှိကြောင်း ၎င်းက ပြောသည်။

 

Source: 7 day news

Read times Last modified on Monday, 13 May 2019 14:00
Rate this item
(1 Vote)