Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်ဝယ်လိုအားကြောင့် မြေပဲဆန်အနီဈေးအမြင့်ဆုံးသို့ရောက်

မန္တလေးကုန်စည်ဒိုင်တွင် ယခုရက်ပိုင်းအတွင်း မြေပဲဆန်အနီဈေးနှုန်းမှာ စံချိန်တင်အမြင့်ဆုံးဈေးသို့ရောက်ရှိခဲ့ကြောင်း ပဲ၊ နှမ်း ကုန်သည်များထံမှ သိရသည်။

 

ယမန်နှစ်ကာလတူအချိန်တွင် မြေပဲဆန်အနီလုံးဆန် တစ်ပိဿာ၏ ဈေးနှုန်းသည် ၃၀၀၀ ကျပ်သာ ရှိခဲ့သော်လည်း ယခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် မြေပဲ အနီလုံးဆန်၏ အမြင့်ဆုံးဈေးနှုန်းသည် ၃၉၅၀ ကျပ် ဈေးသို့ ရောက်ရှိခဲ့ကြောင်း မန္တလေးကုန်စည်ဒိုင်၏ သီးနှံဈေးနှုန်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

မြေပဲဆန်သည် တရုတ်၏ ကောင်းမွန်သော ဝယ်လိုအားကြောင့် ဈေးကွက်တွင် ဆီထွက်သီးနှံများ ဈေးကောင်းရနေပြီး ယခုနှစ်တွင် မြေပဲဆန်အထွက်နှုန်းလျော့ကျနိုင်သောကြောင့် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ် ကြောင်း စိုးဝင်းမြင့် ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က သုံးသပ်ပြောကြားသည်။

 

မြစ်ရေတက်သဖြင့် ကျွန်းများတွင် စိုက်စရာမရှိသကဲ့သို့ အညာဒေသများတွင်လည်း ရာသီဥတုကြောင့် ပဲပင်များ အထွက်နည်းနိုင်သောကြောင့် မြေပဲဆန်ဈေးနှုန်းများ မြင့်တက်လာရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

 

"တရုတ်က ဝယ်အားသန်နေတယ်။ ဈေးကွက်အတွင်း မြေပဲဆန်သည် လက်ကျန်နည်းနေတယ်။ ဈေးက ဆက်တက်ဖို့ အလားအလာများတယ်လို့  "၎င်းကဆိုသည်။

 

Read More >>>>  တိုင်းနှင့် ပြည်နယ်များတွင် စားသောက်ကုန်တန်ဖိုးမြှင့်ထုတ်လုပ်သည့် နည်းပညာဖြန့်ဖြူးမည်

 

အညာဒေသမှ အသစ်ထွက်ရှိသောမည့် ခြောက်လပဲ (မြေပဲပင်) များမှာလည်း ရာသီဥတုဖျက်ဆီးမှုကြောင့် အထွက်နှုန်းနည်းနိုင်ကြောင်း ကုန်သည်အချို့ ထံမှ သိရသည်။

 

မန္တလေးကုန်စည်ဒိုင်၏ ဇူလိုင်လ ၁၇ ရက် ထုတ်ပြန်ချက်များအရ အခြားမြေပဲဆန်အမျိုးအစားများ၏ တစ်ပိဿာလျှင် အမြင့်ဆုံးရရှိသော ဈေးနှုန်းများမှာ S1 လုံးဆန်(သစ်) ၃၇၀၀ ကျပ်၊ အနီလုံး ဆန် (ရှမ်း) ၃၅၀၀ ကျပ်၊ M တွဲလုံးဆန် ၃၆၀၀၊ ရှမ်းဆီဆန် ၂၈၀၀ ကျပ်နှင့် အနီရွေးဆန် ၃၇၀၀ ကျပ်ရှိကြောင်း သိရသည်။


#Myanmar Food Industry Directory

Source: The Voice

Read times Last modified on Thursday, 18 July 2019 11:41
Rate this item
(0 votes)