Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မိုးစပါးစိုက်ပျိုးပြီး ဧက ၉၈၈ဝ ရေကြီးနစ်မြုပ်

တနင်္သာရီတိုင်းဒေသကြီး    မြိတ်ခရိုင်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်  မြို့နယ်ရှိ   ကျေးရွာပေါင်း  ၄၇  ရွာတွင်   မိုးစပါးစိုက်ပျိုးပြီး လယ်ယာမြေဧက ၉၈၈ဝ ရေကြီးနစ်မြုပ်လျက် ရှိကြောင်း မြိတ်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရပါတယ်။

 

မြိတ်ခရိုင်အတွင်း မြို့နယ်များရှိ ကျေးရွာများ၌ ဇွန်လမတိုင်မီက မိုးစပါးများကို အချိန်မီပြီးစီးအောင် စိုက်ပျိုးလျက်ရှိရာ  သြဂုတ်လ ပထမပတ်ကစပြီး မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးမှုများဖြစ်ပေါ်ခဲ့ပါတယ်။

 

Read More >>>>> အရသာပျက်စေတဲ့ ဟင်းချက်နည်းအမှားများ

 

ထိုသို့     မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုကြောင့်   ယခုအခါ   မြိတ်မြို့၌ မိုးစပါးစိုက်ပျိုး လုပ်ကိုင်သည့် ကျေးရွာများ အနက်မှ ကျေးရွာပေါင်း ၁၂ ရွာတွင် စိုက်ပျိုးထားသော မိုးစပါးစိုက်ပျိုးမြေဧက  ၁၉ဝ၉ ဧက၊ ပုလောမြို့နယ်၌ မိုးစပါးစိုက်ပျိုး လုပ်ကိုင်သည့် ကျေးရွာများအနက်မှ ကျေးရွာပေါင်း ၁၈ ရွာတွင်  စိုက်ပျိုးထားသော   မိုးစပါး စိုက်ပျိုးမြေဧက ၄၄၇ဝ နှင့် တနင်္သာရီမြို့၌ မိုးစပါးစိုက်ပျိုး လုပ်ကိုင်သည့်  ကျေးရွာများအနက်မှ   ကျေးရွာပေါင်း   ၁၇    ရွာ တွင် စိုက်ပျိုးပြီး လယ်ယာမြေဧက ၃၅ဝ၁ ဧက  စုစုပေါင်းကျေးရွာ  ၄၇ ရွာ၌မိုးစပါးစိုက်ပျိုးပြီး လယ်ယာမြေဧကပေါင်း ၈၁၅၂၃ မှ ဧက ၉၈၈ဝ ရေကြီးနစ်မြုပ်လျက် ရှိကြောင်း သတင်း ရရှိပါတယ်။

 

Source: Myawady

Read times Last modified on Friday, 16 August 2019 10:41
Rate this item
(1 Vote)