Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြေပဲဆီကြိတ်ဆီဆုံ လုပ်ငန်း လုပ်ကိုင်သူများ အငှားကြိတ်ခြင်းသာ ဦးစားပေး လုပ်ကိုင်နေရ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ်အတွင်း မြေပဲ ဈေးနှုန်း မြင့်တက်နေခြင်းကြောင့်   မြေပဲကြိတ်ဆီဆုံ လုပ်ငန်းရှင်အများစု ရပ်နားထားရကြောင်း သိရပါတယ်။


ငါ့သရောက်မြို့နယ်၌  မြေပဲဆီကြိတ် လုပ်ငန်းရှင်များ ကိုယ်တိုင်  ဆီကြိတ်ကာ ရောင်းချခြင်း၊ အငှားမြေပဲဆီကြိတ် ရောင်းချသည့်  တစ်ပိုင်တစ်နိုင် လုပ်ငန်းလုပ်ကိုင်သည့်   ဆီကြိတ်ဆီဆုံ အများအပြားရှိပြီးမြေပဲဈေးနှုန်း နှစ်နှစ်ဆက် မြင့်တက်နေခြင်းကြောင့် တစ်ပိုင်တစ်နိုင် ဆီကြိတ်လုပ်ငန်းရှင်များ မြေပဲဈေးနှုန်းကျချိန်ထိ စောင့်နေရကြောင်း သိရပါတယ်။

 


''မြေပဲစိုက်ပျိုးချိန်ဈေးနှုန်း ကြီးနေတော့ တစ်ပိုင်တစ်နိုင် မြေပဲဆီကြိတ် လုပ်ငန်းတွေ မရင်းနှီးရဲတော့ဘူး။ အငှားကြိတ်လောက်သာ လက်ခံကြိတ်ပေးပါတယ်။ မြေပဲဆန် အငှားကြိတ် တစ်တင်းကို ငွေကျပ်သုံးထောင်နဲ့ ကြိတ်ပေး ရတယ်။ကြိတ်ခတစ်တင်း သုံးထောင်ကျပ်က အရင်ကဈေး၊  ခုဟာက အစစအရာရာ ဈေးတက်နေတော့ လာ ရောက် အငှားမြေပဲကြိတ်သူတွေကို ချက်ချင်းတက်ယူလို့က မရပြန်တော့ အရင်ဈေး အတိုင်း လုပ်ပေးနေရတယ်''ဟု ငါ့သရောက် မြို့နယ် ကုလားတဲကျေးရွာမှ မြေပဲဆီကြိတ်လုပ်ငန်း လုပ်ကိုင်သည့်  ဦးသန်းထိုက်က ပြောကြားခဲ့ပါတယ်။

 

Read More >>>>>  ရန်ကုန် ပဲခူးနှင့်ဧရာဝတီတိုင်း ဒေသကြီးတို့မှ ကုန်များ ဝင်ရောက်မှုများ


မြေပဲဆန် တစ်တင်းကြိတ်လျှင် မြေပဲဆီ ခြောက်ပိဿာထွက်ကာ  တစ်ပိဿာလျှင် ငွေကျပ်ရှစ်ထောင်ဖြင့် ရောင်းချရကြောင်း၊ မြေပဲဆီကြိတ်ရာတွင် ပြန်ရောင်းသည့်ဈေးနှင့် မြေပဲဆန်ဝယ်ရသည့်ဈေး တန်းတူဖြစ်နေခြင်းကြောင့်   တစ်ပိုင်တစ်နိုင် ဆီဆုံထောင်သူ အများစုမှာ လုပ်ငန်း ရပ်နားထားကာ အငှားကြိတ်သည့် လုပ်ငန်းဘက်တွင်သာ ဦးစားပေး လုပ်ကိုင်နေရကြောင်း  သိရပါတယ်။

 

Source: Myawady

Read times Last modified on Thursday, 22 August 2019 11:04
Rate this item
(1 Vote)