Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အသက်သေဆုံးနိုင်တဲ့ Coffee နှင့် Candy (၃) မျိုးကို FDA ထုတ်ပြန်

Unicode >>>>>

အသက်သေဆုံးနိုင်တဲ့ Coffee နှင့် Candy (၃) မျိုးကို FDA ထုတ်ပြန်


ASEAN Post-marketing Alert System ဖြင့် အကြောင်းကြားမှုအရ စင်္ကာပူနိုင်ငံရှိ Health Sciences Authority (HSA) ၏ဈေးကွက်ထောက်လှမ်းခြင်းနှင့် နမူနာကောက်ယူ စစ်ဆေးခြင်းလုပ်ငန်းစဉ်တွင် Coffee Shop များနှင့် Online တွင် ရောင်းချနေသော Health Products (၃)မျိုးသည် အနောက်တိုင်းဆေးဝါးများ ရောနှောပါဝင်နေသည့်အတွက် သောက်သုံးရန် မသင့်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။


Tea Leaves Warehouses လက်ဖက်ရွက်ကုန်လှောင်ရုံများ (43) ခုကိုရှာရန်နှိပ်ပါ။


၎င်း Coffee နှင့် Candy (၃) မျိုးကတော့  -


Kopi Jantan All Macca Coffee,  Kopi Panggung AL-Ambiak Natural Herbs Coffee,  Berry Jaga Chewable Candy တို့ ဖြစ်ပါတယ်။


Kopi Jantan Ali Macca Coffee တွင် Sildenafil ပါဝင်နေခြင်း၊ Kopi Panggung Al-Ambiak Natural Herbs Coffee တွင် Desmethyl carbodenafil ပါဝင်နေခြင်း၊ Berry Jaga Chewable Candy တွင် Tadalafil ပါဝင်နေခြင်းကို တွေ့ရှိရကြောင်း သိရပါတယ်။


အထက်ပါ Coffee နှင့် Candy တွင် ထည့်သွင်းဖော်ပြထားတဲ့  ဆေးဝါးများက ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲရတဲ့ ဆေးဝါးများဖြစ်ပြီး Coffee နှင့် Candy ထဲတွင် ပါဝင်တဲ့ ဆေးပမာဏကို မသိရှိနိုင်ခြင်းကြောင့် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ (လေဖြတ်ခြင်း (Stroke)၊ နှလုံးရောဂါ (Heart attack)၊ သွေးပေါင်ကျခြင်း (Low blood pressure)) ဖြစ်နိုင်ချေ ပို၍များပါတယ်။ အထူးသဖြင့် နှလုံးရောဂါအတွက် သောက်ရသော (Nitrates) ဆေးဝါးသုံးစွဲ နေရသူများ သောက်သုံးမိပါက အသက်အန္တရာယ် စိုးရိမ်ရသော သွေးပေါင်ကျခြင်း (Life-threatening low blood pressure) ကြောင့် အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။


ယင်းCoffee နှင့် Candyများကို Online တွင် တရားမဝင်ရ ရောင်းချခြင်းများရှိပါက ပြည်သူများအနေဖြင့် သိရှိ ရှောင်ရှားနိုင်ရန်နှင့် ဖြန့်ဖြူးရောင်းချသူများကို ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း အသိပေး ကြေညာထားကြောင်း သိရပါတယ်။


Read More >>>>>    ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် စားသောက်ကုန် (၅)မျိုးလှူဒါန်းမည်


အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအနေဖြင့်လည်း ဈေးကွက်ထောက်လှမ်းခြင်း (Postmarketing Surveillance) ကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရပါတယ်။


#MFID

Home Page Food

COVID 19

 

Zawgyi  >>>>>>

 


 


 


 


 


 


 


 


 


 


 

#MFID

Read times Last modified on Tuesday, 07 April 2020 11:41
Rate this item
(0 votes)