Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မုန့်ကျွဲသည်းပြုလုပ်နည်း

မုန့်ကျွဲသည်းပြုလုပ်နည်း Google

လွယ်လွယ်ကူကူနဲ့ မုန့်ကျွဲသည်းလုပ်စားမလား။ ကလေးကော လူကြီးတွေအတွက် သင့်တော်တဲ့ မုန့်လေးပါ။ လွယ်ကူပြီး စားကောင်းတာမို့ လက်မလွတ်သင့်ပါဘူး။ လုပ်စားကြည့်လို့ရအောင် မျှဝေလိုက်ပါတယ်နော်။

 

ပါဝင်သောပစ္စည်းများ


၁။ ဆန်စိမ်းမှုန့် - ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း


၂။ ကွမ်းယာမှာထည့်တဲ့ စားထုံး (lime stone) - လက်ဖက်ရည်ဇွန်း တဝက်


၃။ ရေ - ၁ လီတာ

 

၄။ ညောင်စေးကျအောင်ကြိုထားသော ထန်းလျက်ရည် - ထမင်းစားဇွန်း ၈ ဇွန်း


၅။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ


၆။ ဆီ - ထမင်းစားဇွန်း ၂ ဇွန်း


၇။ အုံးသီးခြစ်ဖတ်


ပြုလုပ်နည်း


၁။ ထုံးကို ရေ၁ လီတာထဲထည့်ပြီး ကြက်ဥခလောက်တံဖြင့်နာနာခလေက်ပါ။ ပြီးရင် အနည်းဆုံး ၈ နာရီခန့် ထားပါ။

 

118075667_2924799797625722_5678301687666800364_n.jpg


၂။ ထုံးကို ၈ နာရီခန့်ရေစိမ်ပြီးရင် အပေါ်ထုံးရည်ကြည်ကို ၇၅၀ မီလီလီတာကို ယူပါ။ (ထုံးရည်ကြည်ယူလျှင် စိမ်ထားတဲ့ ဇလုံကို ဘေးစောင်းပြီး ရေကိုအခြားခွက်ထဲကို ဖြည်းဖြည်းချင်းလောင်းယူပါ။ ထုံးရည်ကို ခပ်ပြီးမယူရပါ။ ခပ်ပြီးယူရင်ထုံးတွေပါလာတတ်ပါတယ်။)

 

118012516_2650051971915248_9148083825429472025_n.jpg


၃။ ဇလုံတခုထဲမှာ ဆန်စိမ်းမှုန့်၊ ထုံးရည်ကြည် ၇၅၀ မီလီလီတာ၊ ဆား၊ ထန်းလျက်ရည်၊ ဆီတို့ကိုထည့်ရျ် သမအောင်လုပ်ပါ။

 

118072266_305107890550222_4829243316441581175_n.jpg


၄။ ထို့နောက် မကပ်တဲ့ အိုးထဲကို ဖျော်ထားသော အရည်များထည့်ရျ် အပူပေးပါ။

 

117774587_336668047472275_7481815421893431644_n.jpg


၅။ အပူပေးထားသောအိုးကို အဆက်မပျက်မွှေပေးပါ။ ၁၅ မိနစ်လောက်မွှေပြီးလျှင် ပုံမှာပြထားသလိုပျစ်လာပါလိမ့်မည်။

 

၆။ ပုံမှာပြထားသလိုပျစ်လာလျှင် ဆီသုတ်ထားသော မုန့်ထည့်အအေးခံမည့် ထဲကိုထည့်ပါ။ ထို့နောက်အအေးခံပါ။


၇။ လုံးဝအေးသွားလျှင် ကြိုက်နှစ်သက်သလိုလှီး၍ အုံးသီးဖြူးပြီး သုံးဆောင်နိုင်ပါပြီရှင်။

 

118239493_1224550781224989_1745161127638275447_n.jpg


By Myanmar Food Guide


#EiSansHomemadeInspiration

Read times
Rate this item
(1 Vote)