Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဘဏ္ဍာနှစ် (၁၁) လအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် နှစ်သန်းခန့် တင်ပို့ထား

လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာ (၁) ရက်မှ သြဂုတ် (၂) ရက်အထိ ပြည်ပသို့ အမေရိကန်ဒေါ်လာ (၅၉၇.၆၃၉) သန်း တန်ဖိုးရှိ ဆန်နှင့် ဆန်ကွဲတန်ချိန် (၁၉၇၈၈၃၃.၇၄၂) မက်ထရစ်တန် တင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။

 

ဆန်တန်ချိန် (၁၅၇၈၁၄၄.၁၃၂) မက်ထရစ်တန်ကို နိုင်ငံပေါင်း (၆၁) နိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ကာ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ (၄၉၀.၄၉၂) သန်း ရရှိခဲ့ပြီး ဆန်ကွဲတန်ချိန် (၄၀၀၆၈၉) မက်ထရစ်တန်ကို နိုင်ငံပေါင်း (၃၆) နိုင်ငံသို့ တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ (၁၀၇.၁၄၇) သန်းရရှိခဲ့ပါတယ်။

 

Read More >>>>>   ရန်ကုန်ဈေးကွက်သို့ ဧရာဝတီတိုင်းဒေသကြီးထွက် ပေါ်ဆန်းဆန်အဝင်များပြီး ဈေးနှုန်းမြင့်တက်

 

ဆန်နဲ့ ဆန်ကွဲများတင်ပို့ရာတွင် မက်ထရစ်တန် (၅၉၁၅၂၀.၉၆၀) ကို နယ်စပ်ကုန်သွယ်ရေးမှ တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေအားဖြင့် အမေရိကန်ဒေါ်လာ (၁၇၇.၂၉၇) သန်းရရှိခဲ့ပါတယ်။ ပင်လယ်ရေကြောင်းမှ ဆန်နဲ့ ဆန်ကွဲ (၁၃၈၇၃၁၂.၇၈၂) မက်ထရစ်တန် တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ (၄၂၀.၃၄၂) သန်းရရှိခဲ့ပါတယ်။

 


ပြည်တွင်းမှ ဆန်ကို တရုတ်၊ ဖိလစ်ပိုင်၊ ကို့ဒီဗွား (COTE D'IVOIRE)၊ ကမ်မရွန်း (CAMEROOM)၊ မာဒါဂါစကာ (MADAGASCAR) စတဲ့နိုင်ငံ (၅) နိုင်ငံဆီ အများဆုံးတင်ပို့ထားပြီး ဆန်ကွဲကိုတော့ ဘယ်လ်ဂျီယမ်၊ အင်ဒိုနီးရှား၊ တရုတ်၊ နယ်သာလန်၊ ယူကေနိုင်ငံတွေဆီ အများဆုံးတင်ပို့ထားတာဖြစ်ပါတယ်။

 

Myanmar Food Industry Directory

Read times Last modified on Tuesday, 20 August 2019 16:43
Rate this item
(0 votes)