Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပထမဆုံး အော်ဂဲနစ်လက်မှတ်ရ Genius ကော်ဖီ အမေရိကန်နှင့် သြစတြေးလျသို့ ဈေးကွက်ချဲ့ထွင်မည်

မြန်မာနိုင်ငံတွင် ပထမ ဆုံးအော်ဂဲနစ်လက်မှတ်ရရှိသည့် Genius ကော်ဖီကိုအမေရိကန်နှင့် ဩစတြေးလျနိုင်ငံတွင် ရောင်းချ နိုင်ရန်

ပြင်ဆင်နေကြောင်း Genius ကော်ဖီလုပ်ငန်းပိုင်ရှင်ဦးငွေ ထွန်းက ပြောသည်။ကုမ္ပဏီရုံးခွဲကို ယခုနှစ်အ တွင်း ဖွင့်လှစ်နိုင်ရန်ပြင်ဆင်နေ သော်လည်း ရုံးခန်းရရှိမှုအနေအ ထား၊ ကုန်ပစ္စည်းတင်ပို့နိုင်မှုနှင့် ၀န်ထမ်းရရှိမှုအခြေအနေပေါ်မူ တည်၍ ဖွင့်လှစ်နိုင်မည့်လကို အ တိအကျမပြောနိုင်သေးကြောင်း ၎င်းကဆိုသည်။

 

‘‘နိုင်ငံတကာကို တင်ပို့ ရောင်းချရာမှာ ကော်ဖီကိုဒီကနေ ယူသွားပြီး ကျွန်တော်တို့စံချိန်စံ ညွှန်းအတိုင်းရောင်းချတာမဟုတ် ဘဲနဲ့ သူတို့အကြိုက်ကိုလိုက်ပြီး ရအောင် ရောင်းချပေးတာပါ။ ကျွန်တော်တို့ကော်ဖီရဲ့အားသာ ချက်ကတော့ ဘယ်နိုင်ငံသွားသွား သူတို့ကြိုက်တဲ့ ပုံစံဖြစ်အောင် ကော်ဖီစေ့ကို လှော်လို့ရပါတယ်’’ ဟု ၎င်းကဆိုသည်။

 

ကော်ဖီဈေးနှုန်းသည်တစ် နိုင်ငံနှင့်တစ်နိုင်ငံ တူညီမည် မဟုတ်ဘဲ ယင်းနိုင်ငံ၏ကော်ဖီ ပေါက်ဈေးပေါ်မူတည်၍ ဈေးနှုန်းများသတ်မှတ်ရောင်းချကြောင်း၊ ပြီးခဲ့သည့်နှစ် စက်တင်ဘာက ကနေဒါနိုင်ငံတွင် Geniusကော်ဖီ ကုမ္ပဏီရုံးခွဲဖွင့်လှစ်ပြီး ယခုနှစ် မေလဆန်းက ကုမ္ပဏီ ဖွင့်ပွဲနှင့် ပစ္စည်းမိတ်ဆက်ပွဲ ပြုလုပ် ခဲ့ကြောင်း ဦးငွေထွန်းက ပြော ကြားသည်။

 

ကနေဒါနိုင်ငံတွင် Genius ကော်ဖီကို ဖြန့်ဖြူးရောင်းချသူ များရှိသလို အွန်လိုင်းစတိုးနှင့် ကော်ဖီဆိုင်များတွင် ၀ယ်ယူရရှိ နိုင်ကြောင်း ၎င်းကဆိုသည်။

 

ကမ္ဘောဒီးယား နိုင်ငံတွင် လည်း Genius ကော်ဖီဆိုင်ဖွင့် လှစ်ထားပြီး ထိုင်း၊ ဟောင်ကောင် နှင့်စင်ကာပူနိုင်ငံတို့တွင် ကော်ဖီ ဆိုင်များ ဖွင့်လှစ်ရန်ပြင်ဆင်နေ ကြောင်း ဦးငွေထွန်းကဆိုသည်။

 

အော်ဂဲနစ်သီးနှံဖြစ်ကြောင်း လက်မှတ်ရရှိပါက ၀င်ငွေတစ်ဆခွဲကျော်များပြားကြောင်း၊ ပြည်ပ နိုင်ငံများသို့ လစဉ်ကော်ဖီနှစ်တန် မှ နှစ်တန်ခွဲအထိတင်ပို့ရောင်း ချရကြောင်း ဦးငွေထွန်းက ပြောကြားသည်။

 

ကော်ဖီစိုက်ခင်းနှင့် ကြိတ်ခွဲ စက်များကို ၂၀၁၄ ကစတင်ကာ ၂ နှစ်အတွင်း အဆင့်ဆင့်စစ်ဆေး အပြီးတွင် Genius ကော်ဖီသည် အမေရိကန်နှင့် EU အဆင့်မီနိုင်ငံ တကာအသိအမှတ်ပြု အော်ဂဲနစ် လက်မှတ်ကို ၂၀၁၆ ဇူလိုင်တွင် ရရှိခဲ့သည်။

လက်ရှိ ကော်ဖီအစိမ်းတစ် ပိဿာပေါက်ဈေးသည် အမျိုးအ စားအပေါ်မူတည်၍ ကျပ် ၉၀၀ မှ ကျပ် ၁,၅၀၀ အထိရှိသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 13:39
Rate this item
(1 Vote)