Food & Livestock
×
Warning
JUser: :_load: Unable to load user with ID: 540
သီးနှံအခြောက်ခံစက်နှင့် သိုလှောင်ရုံကို နေရာပေါင်း ၁၀၀ တွင် တည်ဆောက်မည်
*** Unicode ***
တောင်သူများ သီးနှံအရည်အသွေးကောင်းမွန်စေရန် သီးနှံအခြောက်ခံစက်နှင့် သိုလှောင်ရုံကို နေရာပေါင်း ၁၀၀ တွင် တည်ဆောက်မည်
ြ့မန်မာနိုင်ငံတွင် တောင်သူများသီးနှံအရည်အသွေးကောင်းမွန်စေရန် သီးနှံအခြောက်ခံစက်နှင့် သိုလှောင်ရုံကို နေရာပေါင်း ၁၀၀ တွင် တည်ဆောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး
အသင်းချုပ်မှ အောက်တိုဘာလ ၂၅ ရက်တွင် သိရပါတယ်။
အဆိုပါသီးနှံအခြောက်ခံစက်နှင့် သိုလှောင်ရုံတည်ဆောက်ခြင်းဟာ တောင်သူများ သီးနှံအရည်အသွေးကောင်းမွန်စေရန်နှင့် စျေးကောင်းရရှိစေရေးအတွက် ယခုဘဏ္ဍာနှစ်အတွင်း စတင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါတယ်။
Cold Storage အအေးခန်းသိုလှောင်နိုင်သည့်လုပ်ငန်းပေါင်း ၆၁ ခုကိုရှာရန်နှိပ်ပါ။
" အခြောက်ခံစက်၊ သိုလှောင်ရုံတွေမရှိတော့ တောင်သူတွေက သီးနှံပေါ်ပေါ်ချင်းထုတ်ရောင်းရတယ်။ ဒီတော့ စျေးကောင်းမရဘူး။ အခြောက်ခံစက်တွေ သိုလှောင်ရုံတွေ ပြီးသွားရင်တော့ လေလွင့် ဆုံးရှုံးတာတွေ လျော့နည်းသွားမယ်။ ဝင်ငွေလည်းတိုးလာမယ်။ အခုအခြောက်ခံစက်တွေ ထားမယ့်နေရာတွေကို ကွင်းဆင်းလေ့လာနေတယ်  " ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံတွင် သီးနှံအခြောက်ခံစက်နှင့် သိုလှောင်ရုံများကို ဧရာဝတီတိုင်းဒေသကြီးတွင် ၂၂ နေရာ၊ ပဲခူးတိုင်းဒေသကြီးတွင် ၂၀ နေရာ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၅ နေရာ၊ နေပြည်တော်ကောင်စီ နယ်မြေတွင် ခြောက်နေရာ၊ မကွေးတိုင်းဒေသကြီးတွင် ခြောက်နေရာ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၅ နေရာ၊ ရခိုင်ပြည်နယ်တွင် ခြောက်နေရာ၊ ရှမ်းပြည်နယ်တွင် ၁၀ နေရာတည်ဆောက်ရန် ကနဦးစီစဉ် ထားကြောင်း သိရပါတယ်။
Read More >>>>>  ဆန်စက်လုပ်ငန်းရှင်များပါဝင်သော အများပိုင်ကုမ္ပဏီတစ်ခု ဖွဲ့စည်းမည်
" အခြောက်ခံစက်တစ်ခုတည်းတင်မဟုတ်ပါဘူး။ ထွန်ယက်တာတွေ၊ ကြိတ်ခွဲတာတွေပါ ဝန်ဆောင်မှုပေးသွားမှာပါ  " ဟု ယင်းက ဆက်လက်ပြောကြားကြောင်း သိရပါတယ်။
Source: Pyimyanmar
မြန်မာနိုင်ငံတွင် တောင်သူများသီးနှံအရည်အသွေးကောင်းမွန်စေရန် သီးနှံအခြောက်ခံစက်နှင့် သိုလှောင်ရုံကို နေရာပေါင်း ၁၀၀ တွင် တည်ဆောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အောက်တိုဘာလ ၂၅ ရက်တွင် သိရပါတယ်။
အဆိုပါသီးနှံအခြောက်ခံစက်နှင့် သိုလှောင်ရုံတည်ဆောက်ခြင်းဟာ တောင်သူများ သီးနှံအရည်အသွေးကောင်းမွန်စေရန်နှင့် ဈေးကောင်းရရှိစေရေးအတွက် ယခုဘဏ္ဍာနှစ်အတွင်း စတင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါတယ်။
Cold Storage အအေးခန်းသိုလှောင်နိုင်သည့်လုပ်ငန်းပေါင်း ၆၁ ခုကိုရှာရန်နှိပ်ပါ။
Read More >>>>>  ဆန်စက်လုပ်ငန်းရှင်များပါဝင်သော အများပိုင်ကုမ္ပဏီတစ်ခု ဖွဲ့စည်းမည်
Source: Pyimyanmar
Read times Last modified on Tuesday, 11 February 2020 13:22
Rate this item
(1 Vote)