Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကွမ်းသီးဈေးနှုန်းကြောင့် လက်လီသမားများအခက်တွေ့

ကွမ်းသီးဈေးနှုန်းများ ဆက်လက်ကျဆင်း​ပါက လက်လီရောင်းချသူတွေကို ပိုမို အခက်တွေ့လာစေနိုင်တယ်

လို့ ကွမ်းသီးရောင်းဝယ်သူ တချို့၏ ပြောကြားချက်အရ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာမြို့နယ်က ကွမ်းသီးလက်ကားဖြန့်ဖြူးသူတစ်ဦးက “ရန်ကုန်မှာ အခုဆိုရင် ၄၀၀ ၀န်းကျင်လောက်ရှိတယ်။ အရင်လထက် ဈေးကျသွားပြီး ပွဲရုံမှ လက်ကားဆိုင်တွေကို ပြန်ဖြန့်သူတွေကတော့ မသိသာပါဘူး။ ဈေးအမြင့်ကြီးတွေနဲ့ ၀ယ်ထားမိပြီးမှ ဈေးနှိမ်ရောင်းရသူတွေကျတော့ ထိခိုက်မှုတွေ ရှိတယ်” လို့ ပြောစကားအရ သိရပါတယ်။

ကွမ်းသီးက မြန်မာနိုင်ငံမှာ အဓိက ကုန်စည်အမျိုးအစားမှာပါဝင်သလို ပြည်တွင်းဈေးကွက်မှာလည်း ဈေးကွက်တွင်ကျယ်ခဲ့ကြောင်း သိရပါတယ်။

ထားဝယ်ခရိုင်၊ ကော့သောင်းခရိုင်နဲ့ နယ်စုံက တင်ပို့တဲ့ ကွမ်းသီးတွေကိုတော့ ဘုရင့်နောင်ကုန်စည်ဒိုင် ပွဲရုံတွေက တစ်ဆင့် ရန်ကုန်ဈေးကွက်ကို ပြန်လည်ဖြန့်ဖြူးပေးနေကြောင်း သိရပါတယ်။ လက်ရှိ ရန်ကုန်ဈေးကွက်အတွင်း မြိတ်ကွမ်းသီးတစ်ပိဿာကို ၄၃၀၀ ကျပ်နဲ့ ၄၅၀၀ ကျပ်၊ ထားဝယ်ကွမ်းသီး တစ်ပိဿာကို ၄၁၀၀ ကျပ်၊ ၄၂၀၀ ကျပ် ဈေးနှုန်းတွေနဲ့ လက်ကားရောင်းချနေကြောင်း သိရပါတယ်။

တနင်္သာရီတိုင်းဒေသကြီးက ဒေသတချို့မှာတော့ ကွမ်းသီးတစ်​ပိဿာကို ကျပ် ၃၅၀ဝ၊ ကျပ် ၄၀၀၀​ ၀န်းကျင် ဈေးနှုန်းတွေနဲ့ ဖေဖော်ဝါရီလအထိ ရောင်းဝယ်ခဲ့ပြီး မတ်လမှာတော့ တစ်​ပိဿာကို ကျပ် ၃၀၀၀ အထိ ဈေးကျနေတယ်လို့လည်း သိရပါတယ်။

မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေးစခန်းတွေမှာ ဖေဖော်ဝါရီ တတိယပတ်အတွင်း အမေရိကန် ဒေါ်လာ သုည ဒဿမ ၇၀၀ သန်းဝန်းကျင်ရှိ ကွမ်းသီး တန် ၈၀၀ ၀န်းကျင် တင်ပို့ခဲ့ပြီး ဖေဖော်ဝါရီလ နောက်ပိုင်းမှာတော့ ရိဒ်ကုန်သွယ်ရေးစခန်းနဲ့ တမူးကုန်သွယ်ရေးစခန်းတွေရဲ့ ကွမ်းသီးတင်ပို့မှုတွေပါ ကျဆင်းခဲ့တယ်လို့ ဈေးကွက် ကျွမ်းကျင်သူတွေထံမှ သိရပါတယ်။

Read times Last modified on Wednesday, 19 September 2018 11:18
Rate this item
(1 Vote)