Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံသို့ ဘဲအကောင်လိုက် ရောင်းချမှု ပိုများလာ

ဘဲအစာဈေးနှုန်းကြီးမြင့်နေသည့် အတွက်ပြည်တွင်း၌ ဘဲဥစားသုံးမှုထက်

တရုတ်နိုင်ငံသို့ ဘဲအကောင်လိုက် ရောင်းချမှု ပိုများလာကြောင်း မြန်မာနိုင်ငံ ဘဲဥ၊ ကြက်ဥဖြန့်ဖြူးရောင်းချသူများအသင်း ဥက္ကဋ္ဌ ထံမှ သိရပါတယ်။

 

ထိုသို့ရောင်းချရာတွင် ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဘဲများကို စုဆောင်းကာ တစ်ကောင်လျှင် ငွေကျပ်၂၅ဝဝ ဖြင့် မူဆယ်မြို့မှတစ်ဆင့် တရုတ်နိုင်ငံ သို့ တင်ပို့နေခြင်းဖြစ်ပြီး မေလမှ လက်ရှိအချိန်ထိ ဘဲကောင်ရေ တစ်သိန်းကျော် တင်ပို့ထားပြီးဖြစ်ကြောင်း သိရပါတယ်။

 

''အစာကုန်ကြမ်းဈေး မြင့်တက်လာတဲ့အတွက် မွေးရတာတွက်ခြေမကိုက်တော့ဘူး။ အစာဈေးနှုန်းကျတဲ့ အချိန်မှာမွေးရင်တော့ တွက်ခြေကိုက်နိုင်ပေမယ့် မွေးမြူသူအများစုက တစ်ပိုင်တစ်နိုင် မွေးမြူ ကြတာဖြစ်တဲ့ အပြင် အခုက အစာဖိုးအတွက် ကြိုထုတ်ထားတဲ့ငွေကို ဘဲဥရောင်းပြီး ပြန်ဆပ်နေကြရတယ်။ ဒါကြောင့် တွက်ခြေမကိုက်လို့ အကောင်လိုက်ပြန်ရောင်းနေကြရတာပါ'' ဟု မြန်မာနိုင်ငံ ဘဲဥ၊ ကြက်ဥဖြန့်ဖြူးရောင်းချသူများအသင်း ဥက္ကဋ္ဌ မှ ပြောကြားခဲ့ပါတယ်။

 

ယမန်နှစ်ကထက် ယခုနှစ်တွင် စပါးဈေးနှုန်းများမြင့်တက်နေပြီး လတ်တလောတွင် ဆန်ကွဲတစ်အိတ်လျှင် ငွေကျပ် ၁၉၅ဝဝ၊ ပြောင်းတစ်ပိဿာလျှင် ငွေကျပ် ၆၅ဝ၊ ငါးခြောက်တစ် ပိဿာလျှင် ငွေကျပ် ၁၂ဝဝ၊ ပဲပုပ်တစ်ပိဿာလျှင် ငွေကျပ် ၁၂ဝဝနှင့် ခရုခွံတစ်ပိဿာလျှင် ငွေကျပ် ၁ဝဝတို့ဖြင့် ဝယ်ယူနေရကြောင်း သိရပါတယ်။

 

ယခုကဲ့သို့ အစာဈေးနှုန်းများ မြင့်တက်နေသည့်အတွက် ဘဲများကို သားမဖောက်တော့ဘဲ အကောင်လိုက် ရောင်းချခြင်းကြောင့် ပြည်တွင်း၌ ဘဲဥလိုအပ်ချက်များ ပိုမိုရှိလာနိုင်သည့်အတွက် သက်ဆိုင် ရာမှ အစာဈေး နှုန်းများ ကျဆင်းစေရေး ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း သိရပါတယ်။

 

လတ်တလောတွင် ရောင်းချထား သည့်ဘဲကောင်ရေများနေသဖြင့် ဘဲသားပေါက်များ အစားထိုးမွေးမြူနိုင်ပါက ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလမှသာ အစားထိုးဘဲဥများ ထွက်ရှိနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

 

Source: Myawady

Read times Last modified on Tuesday, 18 September 2018 11:46
Rate this item
(3 votes)