Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပန်းခြံများတွင် အပန်းဖြေ စားသောက်ဆိုင်များဖွင့်လှစ်ရန် စိတ်ဝင်စားမှု အဆိုပြုလွှာ (EOI) ခေါ်ယူ

Unicode


ပန်းခြံများတွင် အပန်းဖြေ စားသောက်ဆိုင်များဖွင့်လှစ်ရန် စိတ်ဝင်စားမှု အဆိုပြုလွှာ (EOI) ခေါ်ယူ


ရန်ကုန်မြို့ရှိ  ပန်းခြံများတွင်  အဆင့်မြင့် အပန်းဖြေ စားသောက်ဆိုင်များ ဖွင့်လှစ်ရန် စိတ်ဝင်စားမှု အဆိုပြုလွှာ (EOI)ခေါ်ယူမည်ဖြစ်ကြောင်း      ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၏  ပြောကြားချက်အရ သိရပါတယ်။


အဆိုပါ ပန်းခြံများအတွင်း  အပန်းဖြေ အနားယူသူများ    အဆင်ပြေမှုရှိစေရေး စားသောက်ဆိုင်များ ဖွင့်လှစ်ရန်  ဆောင်ရွက်ခြင်းဖြစ်ပြီး စိတ်ဝင်စားမှု အဆိုပြုလွှာ ခေါ်ယူပြီးပါက   တင်ဒါခေါ်ယူရွေးချယ်၍  တည်ဆောက် မည်ဖြစ်ကြောင်း သိရပါတယ်။


Prepared/Ready Made Food (29) အသင့်ပြုလုပ်ထားသောအစားအစာ (၂၉) ခုကိုရှာရန်နှိပ်ပါ။


လက်ရှိတွင်  ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်း   ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ စီမံဆောင်ရွက်နေသော အများပြည်သူ အပန်းဖြေနိုင်မည့်    ပန်းခြံအရေအတွက်သည် အရှေ့ုပိုင်း ခရိုင်၌ ၁၅ ခု၊ အနောက်ပိုင်းခရိုင်၌ ၁၉ ခု၊ တောင်ပိုင်း ခရိုင်၌ ၁၄ ခု၊  မြောက်ပိုင်းခရိုင်၌ ၁၃ ခု စုစုပေါင်း ၆၁ ခုရှိပြီး  ယင်းပန်းခြံများ၌ အဆင့်မြင့် စားသောက်ဆိုင်များ   ဖွင့်လှစ်နိုင်ရေးအတွက်   ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရပါတယ်။


ယင်းသို့ စိတ်ဝင်စားမှု အဆိုပြုလွှာခေါ်ယူရာတွင် အများပြည်သူ နှစ်သက်ပြီးသား စားသောက်ဆိုင်များကိုသာ ဦးစားပေး ရွေးချယ်မည်ဖြစ်ပြီး အထူးသဖြင့် ပန်းခြံပျက်စီးမှု မရှိနိုင်သည့် စားသောက်ဆိုင်များကို ရွေးချယ် မည်ဖြစ်ကြောင်း၊ စားသောက်ဆိုင်များ အနေဖြင့်လည်း ထွက်ရှိလာသည့် အမှိုက်များကို   ပန်းခြံမပျက်စီးစေရန် စနစ်တကျ စွန့်ပစ်ရမည်ဖြစ်ပြီး သတ်မှတ်စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း  သိရပါတယ်။


Read More >>>>>  COOK ပဲပိစပ်ဆီ၊ နေကြာဆီနှင့် ကန်နိုလာဆီ


ထို့ပြင် သင့်တင့်သော ဈေးနှုန်းဖြင့် ပြည်သူများအတွက်  ဝန်ဆောင်မှု ပေးနိုင်မည့်  စားသောက်ဆိုင်များကို ရွေးချယ်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် ပန်းခြံများကို အများပြည်သူ အပန်းဖြေအနားယူနိုင်မည့် နေရာများဖြစ်လာစေရန် လည်းကောင်း၊ ကျန်းမာရေးအရ  လေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်မည့် နေရာများအဖြစ် လည်းကောင်း  ပုံဖော်ဆောင်ရွက်ပေးလျက် ရှိကြောင်း  သိရပါတယ်။


#MFID

 

 

 

 

ပန္းၿခံမ်ားတြင္ အပန္းေျဖ စားေသာက္ဆုိင္မ်ားဖြင့္လွစ္ရန္ စိတ္၀င္စားမႈ အဆိုျပဳလႊာ (EOI) ေခၚယူ

 

ရန္ကုန္ၿမိဳ႕ရိွ  ပန္းၿခံမ်ားတြင္  အဆင့္ျမင့္ အပန္းေျဖ စားေသာက္ဆုိင္မ်ား ဖြင့္လွစ္ရန္ စိတ္၀င္စားမႈ အဆိုျပဳလႊာ (EOI)ေခၚယူမည္ျဖစ္ေၾကာင္း      ရန္ကုန္ၿမိဳ႕ေတာ္၀န္ ဦးေမာင္ေမာင္စိုး၏  ေျပာၾကားခ်က္အရ သိရပါတယ္။

 

အဆိုပါ ပန္းၿခံမ်ားအတြင္း  အပန္းေျဖ အနားယူသူမ်ား    အဆင္ေျပမႈရိွေစေရး စားေသာက္ဆိုင္မ်ား ဖြင့္လွစ္ရန္  ေဆာင္ရြက္ျခင္းျဖစ္ၿပီး စိတ္၀င္စားမႈ အဆိုျပဳလႊာ ေခၚယူၿပီးပါက   တင္ဒါေခၚယူေရြးခ်ယ္၍  တည္ေဆာက္ မည္ျဖစ္ေၾကာင္း သိရပါတယ္။

 

Prepared/Ready Made Food (29) အသင့္ျပဳလုပ္ထားေသာအစားအစာ (၂၉) ခုကိုရွာရန္ႏွိပ္ပါ။

 

လက္ရိွတြင္  ရန္ကုန္စည္ပင္သာယာ နယ္နိမိတ္အတြင္း   ပန္းဥယ်ာဥ္ႏွင့္ အားကစားကြင္းမ်ား ဌာနမွ စီမံေဆာင္ရြက္ေနေသာ အမ်ားျပည္သူ အပန္းေျဖႏိုင္မည့္    ပန္းၿခံအေရအတြက္သည္ အေရွ႕ုပုိင္း ခ႐ိုင္၌ ၁၅ ခု၊ အေနာက္ပိုင္းခ႐ိုင္၌ ၁၉ ခု၊ ေတာင္ပိုင္း ခ႐ိုင္၌ ၁၄ ခု၊  ေျမာက္ပိုင္းခ႐ိုင္၌ ၁၃ ခု စုစုေပါင္း ၆၁ ခုရိွၿပီး  ယင္းပန္းၿခံမ်ား၌ အဆင့္ျမင့္ စားေသာက္ဆိုင္မ်ား   ဖြင့္လွစ္ႏိုင္ေရးအတြက္   ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရပါတယ္။

 

ယင္းသို႔ စိတ္၀င္စားမႈ အဆုိျပဳလႊာေခၚယူရာတြင္ အမ်ားျပည္သူ ႏွစ္သက္ၿပီးသား စားေသာက္ဆိုင္မ်ားကုိသာ ဦးစားေပး ေရြးခ်ယ္မည္ျဖစ္ၿပီး အထူးသျဖင့္ ပန္းၿခံပ်က္စီးမႈ မရိွႏိုင္သည့္ စားေသာက္ဆိုင္မ်ားကုိ ေရြးခ်ယ္ မည္ျဖစ္ေၾကာင္း၊ စားေသာက္ဆိုင္မ်ား အေနျဖင့္လည္း ထြက္ရိွလာသည့္ အမိႈက္မ်ားကုိ   ပန္းၿခံမပ်က္စီးေစရန္ စနစ္တက် စြန္႔ပစ္ရမည္ျဖစ္ၿပီး သတ္မွတ္စည္းကမ္းမ်ားအတုိင္း လိုက္နာေဆာင္ရြက္ရမည္ ျဖစ္ေၾကာင္း  သိရပါတယ္။

 

Read More >>>>>  COOK ပဲပိစပ္ဆီ၊ ေနၾကာဆီႏွင့္ ကန္ႏိုလာဆီ

 

ထုိ႔ျပင္ သင့္တင့္ေသာ ေစ်းႏႈန္းျဖင့္ ျပည္သူမ်ားအတြက္  ၀န္ေဆာင္မႈ ေပးႏုိင္မည့္  စားေသာက္ဆိုင္မ်ားကို ေရြးခ်ယ္မည္ျဖစ္ေၾကာင္း၊ လက္ရိွတြင္ ပန္းၿခံမ်ားကုိ အမ်ားျပည္သူ အပန္းေျဖအနားယူႏိုင္မည့္ ေနရာမ်ားျဖစ္လာေစရန္ လည္းေကာင္း၊ က်န္းမာေရးအရ  ေလ့က်င့္ခန္းမ်ား ေဆာင္ရြက္ႏုိင္မည့္ ေနရာမ်ားအျဖစ္ လည္းေကာင္း  ပံုေဖာ္ေဆာင္ရြက္ေပးလ်က္ ရိွေၾကာင္း  သိရပါတယ္။

 

#MFID

Read times
Rate this item
(0 votes)