Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


၂၀၁၉ -၂၀၂၀ ရာသီ၌ ကမ္ဘာ့သကြားလိုအပ်မှု ဖြစ်ပေါ်ကာ သကြားဈေးကောင်းရန်ရှိ

၂၀၁၉ -၂၀၂၀ ရာသီမှာ ကမ္ဘာ့သကြား လိုအပ်ချက်ဟာ တန်ချိန် (၂.၅) သန်းရှိလာနိုင်ပြီး ကုန်ပိုလျှံမှုကြောင့် နှစ်အတန်ကြာ ဈေးကျဆင်းခဲ့တဲ့ သကြားဈေးများ ပြန်ကောင်းလာဖို့ရှိကြောင်း အာဆီယံ သကြားလုပ်ငန်းပူးပေါင်းအဖွဲ့က ခန့်မှန်းထားပါတယ်။


ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့မှာ ဇွန်လ (၁၇) ရက်က ပြုလုပ်ခဲ့တဲ့ အာဆီယံ သကြားလုပ်ငန်းပူးပေါင်းအဖွဲ့ရဲ့ စတုတ္ထအကြိမ်မြောက် အစည်းအဝေးမှာ ၎င်းခန့်မှန်းချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

 


ထိုင်းနိုင်ငံ MITR Phol သကြားကော်ပိုရေးရှင်းမှ ဈေးကွက်သုတေသီ Ms.Sasathorn Sanguandeekul က ၂၀၁၉ -၂၀၂၀ ခုနှစ်မှာ ထိုင်း၊ အိန္ဒိယတို့ရဲ့ သကြားအထွက် ကျဆင်းနိုင်ခြေကြောင့် အာရှတိုက်မှာ သကြားလိုအပ်မှု တန်ချိန် (၉.၅) သန်းဝန်းကျင် ရှိနိုင်ပါတယ်လို့ ပြောပါတယ်။

 


ကမ္ဘာ့သကြားထုတ်လုပ်မှုနဲ့ တင်ပို့မှု အများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံဟာဆိုရင် ကြံပင်များ ကြီးရင့်လာခြင်းနဲ့ မိုးခေါင်ခြင်းကြောင့် ၂၀၁၈ -၂၀၁၉ ရာသီက သကြားထုတ်လုပ်မှုမှာ တန်ချိန် (၂၆.၅) သန်းသို့ လျော့ကျခဲ့ပါတယ်။ ဘရာဇီးနိုင်ငံအနေနဲ့ ၂၀၁၉ -၂၀၂၀ ရာသီမှာ သကြားထုတ်လုပ်မှု တန်ချိန် (၂၆ သန်းမှ ၂၈ သန်း) အကြား ရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

 


တရုတ်နိုင်ငံရဲ့ သကြားထုတ်လုပ်မှုမှာ ၂၀၁၈ -၂၀၁၉ ရာသီက တန်ချိန် (၁၁.၆၃) သန်းနဲ့ ၂၀၁၉ -၂၀ ရာသီမှာ တန်ချိန် (၁၁.၂) သန်း ရှိနိုင်ပြီး နိုင်ငံရဲ့ သကြားလိုအပ်ချက်ထက် လျော့နည်းမယ်လို့ ခန့်မှန်းထားတဲ့အပြင် တရုတ်အနေဖြင့် ပြည်ပမှ သကြား တန်ချိန် (၄.၅) သန်းဝန်းကျင် တင်သွင်းရဖွယ်ရှိပါတယ်။

 


ထိုင်းနိုင်ငံကလည်း ၂၀၁၈ -၂၀၁၉ ရာသီက သကြားတန်ချိန် (၁၄.၆) သန်း ထုတ်လုပ်ခဲ့ရာမှ ၂၀၁၉ -၂၀၂၀ ရာသီမှာ မိုးခေါင်ခြင်း၊ တောင်သူများ သီးနှံပြောင်းစိုက်ခြင်းတို့ကြောင့် သကြားတန်ချိန် ( ၁၃ ) သန်းဝန်းကျင်သာ ထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

 


Read More >>>>>   မူဆယ်နယ်စပ်မှာ သောင်တင်နေတဲ့ မြန်မာ့ဆန်တွေကို တရုတ်က ပြန်ဝယ်နေ


 

ကမ္ဘာ့ဈေးကွက်မှာ သကြားပိုလျှံမှုကို နှစ်အတန်ကြာ ကြုံတွေ့ခဲ့ရာမှ ၂၀၁၉ -၂၀၂၀ ရာသီမှာ သကြားလိုအပ်မှုဖြစ်လာခြင်းမှ TTC Sugar လုပ်ငန်းအပါအဝင် သကြားကုမ္ပဏီကြီးများအတွက် အခွင့်အလမ်းဖြစ်လာနိုင်ကြောင်း လုပ်ငန်းကျွမ်းကျင်သူများက ပြောပါတယ်။

 


“သကြားဈေးဟာ ရေတိုကာလမှာ တစ်ပေါင်ကို (၁၂) စင့်ကနေ (၁၃.၅) စင့်အကြား ဖြစ်နိုင်တယ်။ ရေရှည်မှာတော့ သကြားအလိုပြနိုင်တာကြောင့် ဈေးက (၁၂.၅) စင့်ကနေ (၁၄.၅) စင့်အကြား ရောက်လာနိုင်ပါတယ်” လို့ Ms.Sasathorn ကပြောပါတယ်။

 

Source: The Farmer Myanmar

Read times Last modified on Wednesday, 03 July 2019 11:38
Rate this item
(1 Vote)