Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကျေးလက်ဒေသများတွင် မချစ်စုသရက်သီးထွက်နှုန်းကောင်းသော်လည်း ဈေးနှုန်းကျဆင်းနေ

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ကျေးလက်ဒေသများတွင် မချစ်စုသရက်သီးမှာ လှိုင်လှိုင်ထွက်ရှိနေရာ ရန်ကုန်ဈေးကွက်ဝယ်လိုအားကျဆင်းနေမှုကြောင့်

ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရပါတယ်။ အခုလောလောဆယ်တော့ မချစ်စုသရက်သီးကို နည်းနည်းထိန်းပြီး ၀ယ်နေတယ်။ ရန်ကုန်မှာဈေးကျနေလို့ပါ။ ဒီမှာ တစ်ပိဿာကို ငွေကျပ် ၁၅၀ နဲ့ဝယ်တာ။

 

ရန်ကုန်ကိုတော့ ရထားနဲ့တစ်ရက်ကိုခြင်း ၃၀ လောက်ပဲတင်နိုင် တယ်။ ၁၂ ပိဿာ လောက်ပါတဲ့ခြင်းတစ်ခြင်းမှာ ငွေကျပ် ၁၃၀၀၀ မှ ၁၅၀၀၀ လောက်ပဲရတော့ တွက်ခြေမကိုက်တော့ဘူး။ အဲဒါကြောင့် သရက်သီးရောင်းမယ့်သူတွေကို ခဏထိန်းထားတာ။

 

ဒီလကုန်လောက်ဆိုရင်တော့ ဈေးပြန်တက်မယ်လို့ထင်တယ်ဟု ဆွာမြို့ဘူတာအနီးရှိ သရက်အ၀ယ်ဒိုင်လုပ်ကိုင်သူတစ်ဦးကပြောခဲ့ပါတယ်။

 

အခြားသော စီးပွားဖြစ်သရက်စိုက်ပျိုးကြသူများအနေဖြင့် စိန်တစ်လုံး သရက်ပင်ပေါင်း ထောင်နှင့်ချီကာ စိုက်ပျိုးကြပြီး ယခုအချိန်တွင် မန္တလေးဈေးကွက်သို့ တင်ပို့ရောင်းချသည့်အပြင် အနယ်နယ်အရပ်ရပ်ရှိ စားသောက်ဆိုင်များသို့လည်း တင်ပို့ရောင်းချနိုင်သည့်အတွက် ဈေးနှုန်းကောင်းမွန်လျက်ရှိကြောင်း သိရပါတယ်။

 

ဒီနှစ်က မိုးဦးလေဦးတိုက်လို့ကြွေကုန်တာလည်း နည်းတာမဟုတ်ဘူး။ ၀ယ်တဲ့သူကလည်း အသီးစိမ်းကိုပဲ ၀ယ်ကြတာ။ မချစ်စုဆိုတာက ချဉ်တဲ့အမျိုးမဟုတ်ဘူးလေ။ အစိမ်းကို အခွံနွှာပြီး တို့ စရာနဲ့တို့စားတယ်။ စိမ်းစားငါးပိအရည်ဖျော်နဲ့ နေပူပူရာသီစာအဖြစ် စားကြတာများတယ်။ မိုးရွာလာလို့ အသီးမှည့်ချိန်ဆို ငှက်ကိုက်တာနဲ့ကုန်ရော ငှက်တွေစားလို့ကျန်မှသာစားကြရတာဟု ဆွာတောင်ကမ်းကျေးရွာမှ ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။ Source: Myawaddy

Read times Last modified on Tuesday, 18 September 2018 13:33
Rate this item
(3 votes)