Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဈေးနှုန်းကျခြင်းကြောင့် ပြောင်းစိုက် တောင်သူများ အရှုံးပေါ်

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်၊ ထန်းတပင်မြို့နယ်၊ အုတ်တွင်းမြို့အတွင်းရှိ စစ်တောင်းမြစ်ဝှမ်း တစ်လျှောက်

ကိုင်းသီးနှံဖြစ်သော ပြောင်းစိုက်ပျိုးသူများ အနေဖြင့် ယခုအချိန်တွင် ပြောင်းဈေးနှုန်း ကျဆင်းနေခြင်းကြောင့်  ပြောင်းစိုက်တောင်သူများ အရှုံးပေါ်လျက် ရှိကြောင်း သိရပါတယ်။

 

''ဧက ၄ဝ လောက် ပြောင်းစိုက်ပျိုးပါတယ်။ မျိုးစရိတ်၊ လုပ်သားငှားရမ်းခ၊ ထွန်ယက်စရိတ်၊ အခြားအထွေထွေ ကုန်ကျစရိတ် သိန်း ၁ဝဝ ကျော်လောက်ကုန်တယ်။ အခုပြောင်းပေါ်ချိန်ရောက်တော့ တောင်ငူအရောက်မှ ပြောင်းဖူး အဖူး ၁ဝဝ ကို  ငွေကျပ် ၈ဝဝ လောက်ပဲရတယ်။

 

စက်လှေခ၊  အလုပ်သမားခတွေက စက်လှေတစ်စင်းကို ငွေကျပ် ၈ဝဝဝဝ လောက်ကုန်တော့ နောက်ဆုံးမှာ ကျွန်တော်တို့ဘက်က အရှုံးနဲ့ရောင်းရတော့တာပါပဲ''ဟု  တောင်ငူမြို့နယ်  ရှမ်းစုကြီးကျေးရွာအုပ်စု၊  ပေါက်တောကျေးရွာဒေသခံ တောင်သူ တစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

ဒေသထွက်ပြောင်းများကို သယ်ယူရာတွင် စစ်တောင်းမြစ်ကြောင်းအတိုင်း  ဆန်တက်၍ တောင်ငူမြို့  စစ်တောင်းတံတားဆိပ်ကို  တင်ပို့ရပြီး အဝယ်ဒိုင်များသို့ ပေါက်ဈေးဖြင့် သွင်းရခြင်းဖြစ်ကြောင်း  တောင်သူ တစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

''ကျွန်မတို့ဆီကို ခေါင်းရမ်း၊ ရှမ်းဝတီး၊ ချောင်းဝ၊ ကြို့ကုန်းရွာတွေဘက်က လာရောင်းကြတာ များပါတယ်။ လာရောင်းတဲ့ တောင်သူတွေဆီက သောင်းပြောင်းအဖူး ၁ဝဝ ကို ငွေကျပ် ၈ဝဝ နဲ့ဝယ်တယ်။

 

ဝယ်ပြီးတဲ့ပြောင်းဖူးတွေကို ဒီမှာပုံပြီးတော့ အဖူးသေး၊ အဖူးလတ်၊ အဖူးကြီးဆိုပြီး သုံးမျိုးခွဲတယ်။ ဈေးနှုန်းသုံးမျိုးပေါ့၊ အဓိကတင်ပို့တာကတော့ ရန်ကုန်၊ ပဲခူး၊ညောင်လေးပင်၊ ပဲနွယ်ကုန်း၊ ကျောက်တံခါး၊ လမ်းမြို့တွေမှာလည်း ရောင်းရတာတွေ ရှိပါတယ်။

 

ခုချိန်က အခြားဒေသတွေမှာလည်း ပြောင်းတွေကဖြိုင်ဖြိုင်ပေါ်နေတော့ ဒီဘက်ကို အမှာနည်းသွားတော့ ဈေးအေးသွားတာပေါ့''ဟု တောင်ငူမြို့ စစ်တောင်းတံတားထိပ်ရှိ ပြောင်းအဝယ်ဒိုင် ဖွင့်လှစ်ထားသူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

ဈေးကွက်၏ဝယ်လိုအားအပေါ်မူတည်ကာ တစ်ရက်လျှင် ဖူးရေ ၈ဝဝဝဝ ခန့်တင်ဆောင်ထားသည့် ပြောင်းတင်စက်လှေ  ငါးစင်း၊ခြောက်စင်း ဝင်ရောက်လေ့ရှိေ ကြာင်း   သိရပါတယ်။

Read More >>>>> နှမ်းဈေးကွက် အတက်ဈေးဖြင့် ငြိမ်နေ

Source: Myawady

Read times Last modified on Tuesday, 18 September 2018 11:47
Rate this item
(4 votes)