Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့ရေထွက်ကုန်အပေါ် ပေးထားသည့်အခွင့်အရေးများ ရုပ်သိမ်းတားဆီးခံရမည့်အရေး ငါးလုပ်ငန်းအဖွဲ့ချုပ် စိုးရိမ်

Unicode


မြန်မာ့ရေထွက်ကုန်အပေါ် ပေးထားသည့်အခွင့်အရေးများ ရုပ်သိမ်းတားဆီးခံရမည့်အရေး ငါးလုပ်ငန်းအဖွဲ့ချုပ် စိုးရိမ်


ပင်လယ်ပြင် ရေလုပ် ငန်းတွင် လူ့အခွင့်အရေးချိုး ဖောက်မှုများ ရှိနေသည်ဟု နိုင်ငံ တကာ မီဒီယာအချို့၏ စွပ်စွဲချက် ကြောင့် မြန်မာ့ရေထွက်ကုန်များ နိုင်ငံတကာဈေးကွက်တွင် အခွင့် အရေးများ ရုပ်သိမ်းခြင်း၊ ပိတ်ဆို့ ခြင်းခံရမည်ကို စိုးရိမ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်း ကြိုင်က ပြောသည်။

 

နိုင်ငံတကာ ဈေးကွက်တွင် မြန်မာနိုင်ငံမှ တင်ပို့သည့် ငါး၊ ပုစွန် အပါအဝင် ရေထွက်ကုန် များ မစားသုံးရန် နိုင်ငံတကာ မီဒီ ယာအချို့တွင် ပြီးခဲ့သည့် ရက်ပိုင်းက ဖော်ပြခဲ့သည်။ ထိုင်းနိုင်ငံကဲ့ သို့ ကျွန်လိုခိုင်းစေပြီး လူ့အခွင့် အရေး ချိုးဖောက်မှုများ ရှိနေခြင်းကြောင့် မြန်မာနိုင်ငံမှ ရေထွက် ကုန်များမစားသုံးရန် လှုံ့ဆော်မှု များ ရှိနေသည်။

 

ထိုအချိန်တွင် ဖျာပုံကျား ဖောင် (အင်္ဂလန်ဖောင်ဟုလည်း ခေါ်)များတွင် အလုပ်သမားများ အပေါ် လူ့အခွင့်အရေးချိုးဖောက် ပြီး ခိုင်းစေမှုများနှင့် ပတ်သက်၍ သတင်းများ ထွက်ပေါ်လာသည်။

 

Read More >>>>>   အိန္ဒိယနိုင်ငံမှ ကောလာဟလ သတင်းများကြောင့် ပြည်တွင်း၌ မတ်ပဲဈေးကျဆင်း

 

‘‘အရေးယူခံရရင် ရမယ့်အ ခွင့်အရေးတွေမရတော့မှာ စိုးရိမ် ပါတယ်’’ဟု ဦးဝင်းကြိုင်က ပြော သည်။

 

 ပင်လယ်ပြင်လုပ်ငန်းများ တွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ ရှိနေကြောင်း စွပ်စွဲကာ အမေရိကန်အစိုးရက ထိုင်းရေထွက်ကုန်များအပေါ် ပေးထားသည့် အခွန်သက်သာခွင့် (GSP)ကို ရုပ်သိမ်းသည်ဆိုသည့် သတင်းများ အောက်တိုဘာလ ကုန်က ထွက်ပေါ်ခဲ့သည်။

 

ယခုနှစ် ဇွန်လကစတင်ပြီး ဥရောပသမဂ္ဂအဖွဲ့က ငါး၊ ပုစွန် မွေးမြူရေး ထုတ်ကုန်များကို စတင်တင်ပို့ခွင့်ပြုထားသည်။

 

စားသောက်ကုန်နဲ့ပတ်သက်တဲ့အကြောင်းအရာများသိချင်ရင် ဤနေရာကိုနှိပ်ပါ။

 

ပြီးခဲ့သည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ် တွင် ပြည်ပသို့ ကန်ဒေါ်လာ သန်း ၇၀၀ ကျော် တင်ပို့နိုင်ခဲ့သော မြန်မာ့ရေထွက်ကုန်များအတွက် အခွင့်အလမ်းကောင်းအဖြစ် လုပ် ငန်းရှင်များက မျှော်လင့်နေသည်။

 

Source: 7 day news

 

 

 


 


 


 


 

Read More >>>>>   အိန္ဒိယနိုင်ငံမှ ကောလာဟလ သတင်းများကြောင့် ပြည်တွင်း၌ မတ်ပဲဈေးကျဆင်း

 


 


 


 

စားသောက်ကုန်နဲ့ပတ်သက်တဲ့အကြောင်းအရာများသိချင်ရင် ဤနေရာကိုနှိပ်ပါ။

 


 

Source: 7 day news

Read times Last modified on Wednesday, 05 February 2020 16:05
Rate this item
(1 Vote)