Food Industry
×
Warning
JUser: :_load: Unable to load user with ID: 540
Unicode
ဒီကနေ့ ကလေးများအကြိုက်တွေ့စေမယ့်အပြင် လွယ်လင့်တကူပြုလုပ်နိုင်တဲ့ ကြက်ဥကိုမွှေပြီး ကြက်ဥနဲ့ကြော်ထားတဲ့နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
Published in Chinese
ဝက်သားကို အချိုချက်လေး ကြိုက်နှစ်သက်သူများအတွက် ဝက်မြေအိုးချက်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
Published in Thailand
Unicode
ဂေါ်ရခါးညွန့်နှင့် ကြက်သွန်ငရုတ်သီးကြော်
Published in Myanmar
Unicode
ထိပ်တန်းအစားအသောက် ဝန်ဆောင်မှု ဖြစ်သည့် GrabFood ကို  ရန်ကုန်မြို့တွင် စတင်မိတ်ဆက်
Published in Food & Livestock
Unicode
ပင်လယ်စာဂုံးချဉ်စပ်လေးကို ဘယ်လိုအရသာရှိအောင်ချက်မလဲ
Published in Myanmar
Unicode
ရဲယိုသီးရဲ့ အံ့မခန်းအစွမ်းနဲ့ အသုံးပြုပုံများ
Published in Food & Health
 Unicode
မာလာရှမ်းကောဆိုတာနဲ့ သွားရည်ကျနေတဲ့  အစားတလိုင်းတွေအတွက် အိမ်မှာစမ်းပြီး လုပ်စားဖို့ မာလာရှမ်းကော လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ မာလာအနှစ်ထုပ်၊ အသီးအရွက်များ၊ ကြက် (သို့) ဝက် (သို့) ပင်လယ်စာ မိမိကြိုက်တာရွေးချယ်ထားပါ။  ခေါက်ဆွဲနဲ့ အခြား အသားတုတွေကိုလည်း အဆင်ပြေသလို ကြိုက်တာထည့်လို့ရပါတယ်။   
ဆီသတ်ဖို့အတွက် ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးအခြောက်တောင့်တွေကိုပြင်ဆင်ပါ။   ပြီးရင် အသီးအရွက်နဲ့ အသားတွေကို ပြင်ဆင်ထားပါ။
အသီးအရွက်တွေကိုရေစင်စင်ဆေးပေးပါ။ ရေ လေးငါးထပ်ကို ရေများများနဲ့ဆေးပါ။ မှိုတွေကိုရေစစ်ထားပါ။ အရွက်စိမ်းတွေကို ဆိုင်မှာအတိုင်း စိမ်းစိမ်းလေးစားချင်ရင် ဆားရည်နဲ့ နာရီဝက်ခန့် စိမ်ထားပါ။ စိမ်ပြီးသားကိုရေစစ်ပြီး ရေခဲသေတ္တာထဲ ဆယ်ငါးမိနစ်ခန့်ထားပေးပါ။  သို့မှသာ ရေနွေးဖျောပြီးလည်း စိမ်းစိမ်းကြွပ်ကြွပ် အရွက်လေးတွေကို ရမှာဖြစ်ပါတယ်။ အရွက်တွေကို လှီးချွတ်ရင် အရမ်းမသေးသွားဖို့ သတိထားပေးပါ။ အရမ်းသေးပြီး ကြေမွသွားရင်တော့ စားမကောင်းတော့ပါ။
အသားတွေကို အညှိအချွဲတွေဖယ်ပြီး ရေစင်စင်ဆေးပါ။ အတုံးသေးသေးလေးတွေတုံးပေးပါ။ ပင်လယ်စာတွေကိုတော့ မလိုအပ်တာဖယ်ပြီးရင်ရပါပြီ။ လှီးဖြတ်စရာမလိုပါ။ အသားတွေကို လည်း ရေနွေးတစ်ထပ်ဖျောပေးပါ။ မပြုတ်ပါနဲ႕။
Read More >>>>  ထမင်းမြိန်စေမယ့် ပြည်ကြီးငါးချဉ်စပ်ချက်နည်း
ပြီးရင် ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးတွေထည့်ပြီး ဆီသတ်ပါမယ်။ ဆီကို အသားနဲ့အသီးအရွက် ပမာဏပေါ်မူတည်ပြီး ရွှဲရွှဲထည့်ပေးပါ။ ဆီသတ်ရင်းမွှေးလာရင် အသားတွေကို အရင်ထည့်ပြီး ဆီသတ်ပါ။ အနှစ်ထုပ်ထဲက အနှစ် အနည်းငယ်ကို ထည့်ပြီး နာနာမွှေပါ။ ပင်လယ်စာတွေကိုကြာကြာဆီသတ်ရင် မာပြီး စားမကောင်းတတ်ပါဘူး။ အသားတွေကို စိတ်ကြိုက် ဆီသတ်ပြီးရင် မှိုတွေထည့်ပါ။ ပြီးရင် အရွက်တွေထည့်ပြီး အနှစ်ထပ်ထည့်ပါ။ အနှစ်ကိုတစ်ခါတည်းမထည့်တာက နောက်ထည့်တဲ့အရွက်ထဲအနှစ်မဝင်ပဲ အရင်ထည့်တဲ့အသားတွေပဲလေးသွားတတ်ပါတယ်။
ခေါက်ဆွဲထည့်မယ်ဆိုရင်လည်း ပြုတ်ပြီး ရေအေးစိမ်ထားပေးပါ။ အသားတွေဆီသတ်ပြီး အရွက်တွေမထည့်ခင်မှာ ခေါက်ဆွဲကိုထည့်ပေးပါ။ ဒါဆိုရင် စျေးသက်သက်သာသာနဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ အဝစားနိုင်မယ့် မာလာရှမ်းကောလေးကို မြိန်ယှက်စွာသုံးဆောင်နိုင်ပါတယ်။
Myanmar Food Industry Directory
ပိတ်ရက်လေး အိမ်မှာ မာလာရှမ်းကော လုပ်စားကြရအောင်
Published in Myanmar
Unicode
မာလာရှမ်းကောလေးလုပ်စားရအောင်  
Published in Myanmar
Unicode
ယိုးဒယားစတိုင်  ကြက်ပြောင်းဖူးကြော်
Published in Thailand
***  Unicode ***
ကင်ချီအရသာ ကြက်ဥပြုတ်လေး လုပ်စားရအောင်
Published in Myanmar
Page 2 of 29