Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရွှေဖရုံသီး အထွက်နည်းသဖြင့် တောင်သူတို့ အရှုံးပေါ်

မိတ္ထီလာမြို့မှတစ်ဆင့် အခြားမြို့နယ်များသို့ လက်လီလက်ကား ဖြန့်ဖြူးနေသည့် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်မှ ထွက်ရှိသည့်  ရွှေဖရုံသီးများ ယခုနှစ်တွင် အထွက်နှုန်း နည်းပါး၍ စိုက်ပျိုးသည့် တောင်သူများ အရှုံးပေါ်လျက်ရှိကြောင်း သိရပါတယ်။

 

ယခု ရွှေဖရုံသီးများ ခူးဆွတ်ပြီး မိတ္ထီလာမြို့မှ တစ်ဆင့် မန္တလေး၊ မုံရွာ၊မြင်းခြံ၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ ကူမဲ၊ မလှိုင်၊ သာစည်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်တို့သို့ ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း သိရပါတယ်။

 

လယ်ဝေးမြို့နယ်  ကူသပိတ်ကျေးရွာတွင် အိမ်ခြေ  ၃၅ဝ  ကျော်ရှိရာ တစ်ရွာလုံး ရွှေဖရုံသီးများကို တန်ခူးလမှ စတင်စိုက်ပျိုးပြီး ဝါဆိုလမှ တော်သလင်းလအထိ ရွှေဖရုံသီးများ ခူးဆွတ်ကာ မိတ္ထီလာမြို့ဈေးကွက် အတွင်းသို့  နှစ်စဉ်လာရောက်၍ မိတ္ထီလာမြို့မှတစ်ဆင့် အခြားမြို့နယ်များသို့ လက်လီလက်ကား ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း သိရပါတယ်။

 

Read More >>>>>   ကုန်ဖလှယ်စနစ်ဖြင့် တရုတ်သို့ ဆန်တန်ချိန်တစ်သိန်း ပထမဆုံးအကြိမ် တင်ပို့မည်


ထိုသို့ ရောင်းချရာတွင်လည်း ရွှေဖရုံသီးအကြီး တစ်လုံးလျှင်ငွေကျပ် ၁၄ဝဝ၊ အလတ်တစ်လုံး ငွေကျပ် ၁၃ဝဝ နှင့် အသေးတစ်လုံး ငွေကျပ် ၇ဝဝ ဈေးနှုန်းဖြင့် လက်လီလက်ကား ဖြန့်ဖြူးရောင်းချရသော်လည်း ၂၀၁၉ ခုနှစ် စိုက်ပျိုးပြီးချိန်တွင် မိုးများပြီး စိုက်ခင်းအတွင်း၌ ရေများဝင်ရောက်၍  အပင်များ ပျက်စီးခြင်းကြောင့် တစ်ဧကလျှင် ရွှေဖရုံသီး အနည်းငယ်သာ ထွက်ရှိသဖြင့် တစ်ဧက စိုက်ပျိုးစရိတ် ပြန်လည်ရရှိခြင်းမရှိဘဲ  အရှုံးပေါ်နေခြင်းတို့ကြောင့် ကူသပိတ်ကျေးရွာမှ မိတ္ထီလာဈေးကွက်အတွင်းသို့ လာရောက်ရောင်းချသူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

#Myanmar Food Industry Directory (WWH)

Read times Last modified on Tuesday, 30 July 2019 09:04
Rate this item
(0 votes)