Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ယင်းမာပင်ခရိုင် မြို့နယ်သုံးမြို့နယ်ရှိ အင်းများအတွင်းသို့ ငါးသားပေါက်ကောင်ရေ ရှစ်သိန်း ကျော်စိုက်ထည့်

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်အတွင်း မြို့နယ်သုံးမြို့နယ်ရှိ အင်းများ၌ ယမန်နေ့က ငါးသားပေါက်များ စိုက်ထည့်ကြောင်း သိရပါတယ်။

 

ထိုသို့ ငါးသားပေါက်များ စိုက်ထည့်ရာတွင် ဆားလင်းကြီးမြို့နယ်ရှိ ကျောင်းကြီးအင်း၊ လက်ပ တောင်းအင်းနှင့် နက်စက်အင်းတို့၌ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ ၁၆၄၇၅ ကောင်ကို လည်းကောင်း၊ ကနီမြို့နယ်ရှိ ယင်း၊ ကင်း၊ ဘုမ္မဇင်း၊ ဆင်အို၊ ထူးပေါက်၊ လက်ပံစု၊ ကျော်ရွာ၊ ဝယာ၊ ကနဲအင်းနှင့် ဝက်ချောင်းကလေးအင်းတို့၌ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ ၂၅ဝ၂ ၂၅ ကောင်၊ ထိုင်းငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ ၂ဝဝဝဝဝ နှင့် ရွှေဝါငါးကြင်းကောင်ရေ ၁၇ဝဝဝဝ တို့ကိုလည်းကောင်း၊ ယင်းမာပင် မြို့နယ်ရှိ စုန်းချောင်းအင်း၊ ပင်လယ်အင်းနှင့် သံကန်အင်းတို့၌ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ ၅၆၂၅ဝ ကိုလည်းကောင်း စိုက်ထည့် ခြင်းဖြစ်ပါတယ်။

 

 

''အခုလို ငါးသားပေါက်များ စိုက်ထည့်ပေးရခြင်းက သဘာဝမြစ်၊ ချောင်း၊ အင်း၊ အိုင်များထဲမှာ ငါးဖမ်းမှုများကြောင့် ငါးသားပေါက်များနဲ့ ငါးမျိုးများတဖြည်းဖြည်း လျော့နည်းလာခြင်းများကို ပြန်လည်ဖြည့်တင်းခြင်းဖြင့် ငါးမျိုးစိတ်များ ပေါများလာစေရေး၊ ဒေသတွင်းပြည်သူများ ငါးစား သုံးမှု ဖူလုံစွာရရှိနိုင်ရေးတို့အတွက် ဖြစ်ပါတယ်။ နှစ်စဉ်စိုက်ထည့်ပေးလျက်ရှိပါတယ်။ အခု ကျွန်တော်တို့ ဒီနှစ်ဆိုရင် ခရိုင်အတွင်းက အင်း ၁၇ အင်းကို ငါးသားပေါက်ကောင်ရေ ရှစ်သိန်း ကျော် မြို့နယ်အလိုက် စိုက်ထည့်ပေးခြင်း ဖြစ်ပါတယ်''ဟု ယင်းမာပင်ခရိုင် ငါးလုပ်ငန်းဦးစီး ဌာန လက်ထောက်ဦးစီးမှူး ဦးကိုကိုမောင်က ပြောကြားခဲ့ပါတယ်။

 

 

ယင်းငါးသားပေါက်များကို စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ငါးလုပ်ငန်းစခန်းမှ သယ်ယူ စိုက်ထည့်ခြင်းဖြစ်ကြောင်း ယင်းမာပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန လက်ထောက် ဦးစီးမှူး ထံမှ သိရပါတယ်။

 

 

Source: Myawady

 

 

Read times Last modified on Monday, 17 September 2018 16:57
Rate this item
(2 votes)