Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြယ်ပဲကို ပြည်ပမှ ဈေးကောင်းပေး ဝယ်ယူသော်လည်း မှာယူသလောက် တင်ပို့နိုင်ခြင်း မရှိသေး

မြန်မာ့ကြယ်ပဲကို    ပြည်ပနိုင်ငံများမှ ဈေးကောင်းပေး ဝယ်ယူနေသော်လည်း စိုက်ပျိုးဧက နည်းပါးနေသဖြင့် မှာယူသည့် ပမာဏပြည့်မီအောင်

တင်ပို့နိုင်ခြင်း မရှိသေးကြောင်း မြန်မာ့ကြယ်ပဲ   စိုက်ပျိုးထုတ်လုပ်သူများ အသင်းနာယက ဦးသိန်းဖေထံမှ သိရသည်။

 

''ကြယ်ပဲက   ဈေးကွက်ကောင်းတယ်။ ပြည်တွင်းမှာလည်း ဈေးကွက်ရှိတယ်။ ပြည်ပကဆိုရင်လည်း ဈေးကောင်းပေးဝယ်တယ်။  

 

ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ ကြယ်ပဲစိုက်ဧက အရမ်းနည်းတယ်။ အဲဒီတော့ ပြည်ပကို လိုသလောက်  တင်ပို့နိုင်ခြင်းမရှိသေးဘူး'' ဟု ဦးသိန်းဖေကပြောသည်။

 

လက်ရှိတွင်  မြန်မာ့ကြယ်ပဲကို  တရုတ်နိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံတို့က ဝယ်ယူလျက်ရှိပြီး  ဈေးနှုန်းမှာ ယခင်နှစ်များထက် နှစ်ဆကျော်အထိ  တိုးမြင့်ရရှိလာကြောင်းသိရသည်။

 

ကြယ်ပဲဈေးနှုန်းများမှာ ယခင်က တစ်ကီလိုလျှင် ငွေကျပ် ၂ဝဝဝ ခန့်သာရှိရာမှ ယခုနှစ်တွင် တစ်ကီလိုလျှင် ငွေကျပ် ၅ဝဝဝ မှ ၆ဝဝဝ အထိ ရရှိလာကြောင်း သိရသည်။

 

ကြယ်ပဲသည်    နှစ်ရှည်ပင် အမျိုးအစား ဖြစ်ပြီး ကုန်ကျစရိတ်မှာ  စိုက်ပျိုးရေးသုံး ပစ္စည်းများပေါ် မူတည်ပြီး ကုန်ကျနိုင်ကြောင်း သိရသည်။

လက်ရှိတွင် ကြယ်ပဲကို ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့၌ အများဆုံးစိုက်ပျိုးလျက်ရှိပြီး တစ်နိုင်ငံလုံး အနေအထားအရ ကြယ်ပဲစိုက်ဧကမှာ  ၃ဝဝဝ ကျော်သာ ရှိသေးကြောင်းနှင့်  ကြယ်ပဲကို  တောင်ပေါ်နှင့် မြေပြန့်တို့၌  စိုက်ပျိုးနိုင်ကြောင်း သိရသည်။        

 

Source: Myawady

Read times
Rate this item
(1 Vote)