Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဆီထွက်သီးနှံ ကဏ္ဍတွင် ပဲပုပ်ကို အစားထိုး သီးနှံအဖြစ် ထည့်သွင်းနိုင်ရန် ဆောင်ရွက်နေ

ပြည်တွင်းဆီထွက်သီးနှံ ကဏ္ဍတွင် ပဲပုပ်ကို အစားထိုးသီးနှံအဖြစ် ထည့်သွင်းနိုင်ရန်   ဆောင်ရွက်လျက် ရှိကြောင်း  မြန်မာ့ပဲပုပ်   အများပိုင် တောင်သူကုမ္ပဏီ ဥက္ကဋ္ဌ ဦးဝင်းဇော်အေး ၏ပြောပြချက်အရ   သိရပါတယ်။

 

 ယခုအခါ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ  မူဝါဒများ ရေးဆွဲကာ ပဲပုပ်အခန်းကဏ္ဍကို   မြှင့်တင်ရန် ဆောင်ရွက်နေသည့်အပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ဒိုင်းမွန်းစတား ကုမ္ပဏီတို့ ပူးပေါင်းကာ ပုဂ္ဂလိကကုမ္ပဏီမှ တောင်သူအစုအဖွဲ့များနှင့် မူဝါဒများရေးဆွဲရာတွင် အတော်အတန် ပြီးမြောက်နေပြီဖြစ်ကြောင်း သိရပါတယ်။

 

''ပဲပုပ်ကို  နိုင်ငံရဲ့စားသုံးဆီကဏ္ဍမှာ အစားထိုးနိုင်ဖို့ ကြိုးစား လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ တောင်သူတွေက သီးနှံတစ်မျိုးမျိုးကို ပြောင်းလဲပြီးစိုက်ရင်  အခက်အခဲ ရှိလာနိုင်တယ်။  အဓိကက ဈေးကွက်ရယ်၊ ဒေသနဲ့ ကိုက်ညီတဲ့ မျိုးရယ်က  အခက်အခဲရှိနေတော့ ကြိုးစားနေပါတယ်။ တောင်သူ တော်တော်များများက စိတ်ဝင်စားမှု ရှိလာပြီ''ဟု ဦးဝင်းဇော်အေး ကပြောကြားခဲ့ပါတယ်။

 

လတ်တလောတွင် ပြည်တွင်း၌ ပဲပုပ်တန်ချိန် သုံးသိန်းသာထွက်ရှိပြီး  တိရစ္ဆာန်အစာ ကုန်ကြမ်းအတွက် တစ်နှစ်လျှင် အနည်းဆုံး ပဲပုပ်တန်ချိန် ရှစ်သိန်းကို ပြည်ပမှ တင်သွင်းလျက်ရှိကြောင်း သိရပါတယ်။

 

''နောက်ပိုင်းမှာ ပဲပုပ်ဆီသာ ထုတ်လုပ်မယ်ဆိုရင် ပြည်တွင်းမှာ ပဲပုပ်လိုအပ်ချက်က   မတ်ပဲထက်တောင်  ပိုလာဦးမယ်''ဟု ဦးဝင်းဇော်အေး ကပြောကြားခဲ့ပါတယ်။

 


Read More >>>>>>    ယခုနှစ်အတွင်း မြိတ်မျှင်ငါးပိများ ရောင်းအားကျပြီး ဈေးနှုန်းထက်ဝက်ခန့် ကျဆင်းနေ

 


ထို့ကြောင့်   စိုက်ပျိုးရေး ဦးစီးဌာနနှင့် ချိတ်ဆက်ကာ ဒေသနှင့် ကိုက်ညီသည့်မျိုးများ ရရှိစေရန် ရှမ်းပြည်နယ်ရှိ တောင်သူမျိုးစေ့ထုတ် ကုမ္ပဏီ အစုအဖွဲ့ငယ်များနှင့် ချိတ်ဆက်ကာ   ဆောင်ရွက်လျက်ရှိကြောင်း  သိရပါတယ်။

 

အဆိုပါအစုအဖွဲ့ငယ်များမှ   မျိုးစေ့များကို   သက်ဆိုင်ရာ မျိုးစေ့ဌာနများ၌ စစ်ဆေးပြီးပါက  ပြန်လည်ဖြန့်ဖြူးလျက်ရှိပါတယ်။

 

လတ်တလောတွင် တစ်နိုင်ငံလုံး၌ ပဲပုပ်စိုက်ဧက   သုံးသိန်းဝန်းကျင်ရှိပြီး    တိုးချဲ့စိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

 

Source: Myawady

Read times Last modified on Thursday, 08 August 2019 10:52
Rate this item
(1 Vote)