Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရာသီဥတု ဆိုးရွားမှုကြောင့် ကုန်စိမ်းဈေးတက်


 မိုးကြီးမှုကြောင့် စိုက် ခင်းများ ပျက်စီးခြင်း၊ သယ်ယူပို့ ဆောင်ရာတွင် နှောင့်နှေးကြန့် ကြာခြင်းတို့ကြောင့် ကုန်စိမ်းအ ချို့ဈေးတက်နေကြောင်း

သီရိမင်္ဂ လာဈေးရှိ ကုန်စိမ်းဒိုင်များက ပြောသည်။

 


ယခင်က တညင်းသီးတစ် တင်းလျှင် ကျပ်နှစ်သောင်းခွဲခန့်သာရှိရာမှ လက်ရှိတွင်သုံး သောင်းခွဲခန့်အထိ ဈေးတက်လာကြောင်း တညင်းသီးပွဲစား ဦးမင်းခိုင်က ပြောသည်။

 


‘‘ဈေးတက်တာက တစ်ပတ် လောက်တော့ရှိပြီ။ ဓာတ်ဆီဈေး တွေမြင့်လာလို့၊ သယ်ယူစရိတ် များလို့ ဈေးတက်လာတာပါ။ မိုး များလို့ ကုန်တွေအ၀င်ကျဲလာတာ လည်းပါပါတယ်။ ဂေါ်ဖီအထွက် နည်းလာလို့ ဂေါ်ဖီတွေလည်းဈေး တက်ပါတယ်’’ ဟု ဦးမင်းခိုင်က ပြောသည်။

 


ပြီးခဲ့သည့်တစ်ပတ်က ဂေါ်ဖီ တစ်ထုပ်လျှင် ကျပ်လေးရာခန့် သာရှိသော်လည်း လက်ရှိတွင် တစ်ထောင့်ငါးရာကျပ်အထိ ဈေး မြင့်တက်လာကြောင်း၊ ၁၀ ပိဿာခန့်ပါဝင်သည့် ခရမ်းချဉ် သီးတစ်သေတ္တာလျှင် တစ် သောင်းလေးထောင်ကျပ်မှ လက် ရှိတွင် နှစ်သောင်းနှစ်ထောင်ကျပ် အထိမြင့်တက်လာကြောင်း ကုန် စိမ်းဒိုင်များကဆိုသည်။

 


‘‘အမျိုးအစားအားလုံး ဈေး တက်တာတော့မဟုတ်ပါဘူး။ တ ချို့ပဲဈေးတက်တာပါ။ ဂေါ်ရခါး သီးဆို ဈေးနည်းနည်းပြန်ကျပေ မယ့် အရင်နှစ်နဲ့ယှဉ်ရင်ဈေးမြင့် နေသေးတဲ့အနေအထားမှာပဲရှိ တယ်’’ ဟု ကုန်စိမ်းဒိုင်ကိုသန်း ထိုက်က ပြောသည်။

 


ယခင်နှစ်က ခရမ်းသီးတစ် ပိဿာလျှင် ၆၀၀ ကျပ်ခန့်သာရှိ သော်လည်း လက်ရှိတွင်တစ် ပိဿာလျှင် ၈၀၀ ကျပ်ခန့်ပေါက် ဈေးရှိနေကြောင်း ၎င်းကဆို သည်။ ‘‘ကုန်စိမ်းဈေးကတော့ မပြောင်းဘူး။ ဒါပေမဲ့ ပါတဲ့အ ရွက်အရေအတွက်နည်းသွားတာ သတိထားမိတယ်။ ကန်စွန်းရွက် ဆိုရင်တစ်စည်းကို လေး၊ ငါးပင် ပဲပါတော့တယ်။ ဈေးကမပြောင်း ဘူး’’ ဟု သာကေတမြို့နယ်ရှိ အိမ်ရှင်မ မခိုင်က ပြောသည်။

 


သီရိမင်္ဂလာဈေးအတွင်း မန္တ လေးရင်ကွဲ သရက်သီးအချို့ လည်းဈေးတက်ကြောင်း၊ ယခင် က မန္တလေးရင်ကွဲသရက်သီးတစ် ခြင်းလျှင် ကျပ်တစ်သောင်းခုနစ် ထောင်ခန့်သာ ရှိသော်လည်း လက်ရှိတွင် ကျပ်နှစ်သောင်းဈေး ရှိကြောင်း မြသပြေသစ်သီးပွဲရုံ ပိုင်ရှင်ဦးဆန်းဝင်းက ပြောသည်။

 


‘‘မိုးကျတာကြောင့် သရက် သီးအ၀င်နည်းလို့ ဈေးတွေတက် လာတာပါ’’ ဟုဦးဆန်းဝင်းက ပြောသည်။

 


ဂေါ်ဖီသည် ဈေးတက်သည့် လပုံသေမရှိသော်လည်း တစ်နှစ် လျှင် တစ်ကြိမ်ခန့်ဈေးတက်လေ့ရှိ ကြောင်း၊ ယခုနှစ်တွင် ယခင်ဈေး တက်ချိန်ကထက် ကျပ်ငါးရာခန့် ဈေးပိုများနေကြောင်း၊ ကျန်အ သီးအနှံများသည် ရာသီဥတုဆိုး ရွားမှုကြောင့် ယခုနှစ်တွင်မှ ဈေး တက်လာကြောင်း ကုန်စိမ်းဒိုင် များက ပြောသည်။

 

Source: 7 days new

 

Read More >>>>> တရုတ်နိုင်ငံသို့ ဘဲအကောင်လိုက် ရောင်းချမှု ပိုများလာ

Read times Last modified on Tuesday, 18 September 2018 11:46
Rate this item
(1 Vote)