Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့လက်ဖက်ကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန် ပလောင်လက်ဖက်စိုက်ပျိုးသူများအသင်းမှ စီစဉ်ဆောင်ရွက်နေ

၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ လက်ဖက်ကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရှမ်းပြည်နယ် (တောင်ပိုင်း) ပလောင်လက်ဖက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းမှ သိရသည်။

 

တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန် စနစ်တစ်ခုသတ်မှတ်ပြီး ပင်ကြီးလက်ဖက်မျိုးများကို အဓိကတင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

 

" ကျွန်တော်တို့က တရုတ်ပြည်ကို ပို့ဖို့ စနစ်တစ်ခုသတ်မှတ်ပြီး ပို့မယ်။ ပင်ကြီးလက်ဖက်မျိုးကို တင်ပို့သွးမယ်။ ကိုင်းဖြတ်ပြီး တင်ထားတဲ့ လက်ဖက်မျိုးတော့ မဟုတ်ဘူး။ လက်ဖက်မျိုးတွေ ရွေးချယ်ပြီး တရုတ်ပြည်ကို တင်ပို့ဖို့ စီစဉ်နေပါတယ်" ဟု  ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးဇော်ညွန့်က ပြောသည်။

 

မြန်မာ့လက်ဖက်ကို တရုတ်နိုင်ငံသာမက ပြင်သစ်နိုင်ငံအထိ တင်ပို့သွားမည်ဖြစ်ပြီး လက်ဖက်တစ်ပိဿာလျှင် ကျပ် ၁၅၀၀၀ မှ ကျပ် ၂၀၀၀၀ အထိ ဈေးနှုန်းရရှိလာစေရန် စီစဉ်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း မြန်မာတစ်နိုင်ငံလုံးကို အတိုင်းအတာအနေဖြင့် လက်ဖက်စိုဧကစုစုပေါင်း ၂၂၀၀၀၀ ကျော်ရှိကြောင်း သိရသည်။

 

Source: Voice

Read times
Rate this item
(1 Vote)