Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးခြောက်ဈေးနှုန်း အတက်အကျ မရှိသော်လည်း ဝယ်သူနည်းတဲ့အတွက် အရောင်းအဝယ် အေးနေ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ မြို့မဈေးကြီး ကုန်စိမ်းတန်းတွင် ရောင်းချလျက်ရှိသော  ငါးခြောက်ဆိုင်များတွင် ငါးခြောက်ဈေးနှုန်း အတက်အကျ မရှိသော်လည်း ဝယ်သူနည်းပါးနေပြီး  အရောင်းအဝယ် အေးနေကြောင်း   ငါးခြောက်အရောင်းအဝယ် လုပ်ကိုင်သူတစ်ဦးထံမှ သိရပါတယ်။

 

''ကျွန်မတို့က  ငါးခြောက်ရောင်းလာတာ ကြာပါပြီ။ ရန်ကုန်ဘုရင့်နောင် ပွဲရုံကပဲ အဓိကယူရောင်းတယ်။ အခြားဒေသက ငါးခြောက်လည်း ယူရောင်းရတာပေါ့။ အခုအချိန်က အရောင်းအဝယ်  သိပ်မကောင်းဘူး။  မိုးကာလ လည်းဖြစ်တာကတစ်ကြောင်း သိရပါတယ်။

 

Chemicals မုန့်ဖုတ်လုပ်ငန်းသုံး ဓာတုပစ္စည်းထုတ်လုပ်ငန်းပေါင်း ၁၉၉ ခုကိုရှာရန်နှိပ်ပါ။

 

သွားလာရတာလည်း  ခက်ခဲတာလေးတွေလည်း ရှိတော့ ဝယ်တဲ့သူ သိပ်မရှိဘူး။ နှစ်စဉ်ဒီရာသီက  အချို့ငါးတွေမဖမ်းရတော့ ဈေးတက်လေ့ ရှိပါတယ်။ ကျွန်မတို့ ဆိုင်မှာကတော့ ငါးခြောက်ကို  တစ်မိုးစာလောက် လုံလောက်အောင် လှောင်ထားတယ်။ ဒါမှလည်း ပုံမှန်ဈေးနဲ့ရောင်းချရတာ အဆင်ပြေတာပေါ့''ဟု ဒေါ်သန်းသန်းယုက ပြောကြားခဲ့ပါတယ်။

 

Food Flavours အစားအစာသုံး အနံ့အရသာလုပ်ငန်းပေါင်း ၈၈ ခုကိုရှာရန်နှိပ်ပါ။

 

ငါးခြောက်များကို ရန်ကုန်ဘုရင့်နောင် ပွဲရုံ၊ ပဲခူး၊ ဒိုက်ဦး၊ ကသာ၊ ညောင်လေးပင်နှင့် မဒေါက်ဒေသတို့မှ သယ်ယူရောင်းချလျက် ရှိရာ ငါးရံ့ခြောက်  တစ်ပိဿာလျှင် ငွေကျပ် ၂ဝဝဝဝ မှ ၄ဝဝဝဝ၊ ငါးဖန်းမ တစ်ပိဿာလျှင် ငွေကျပ် ၆ဝဝဝ မှ ၁ဝဝဝဝ ၊ အာပဲ့ခြောက်  တစ်ပိဿာလျှင် ငွေကျပ် ၅ဝဝဝ မှ ၁ဝဝဝဝ၊ ငါးပုတ်သင်လုံး တစ်ပိဿာလျှင် ငွေကျပ် ၆ဝဝဝ မှ ၁ဝဝဝဝ၊  ငါးနီတူတစ်ပိဿာလျှင်  ငွေကျပ်  ၆ဝဝဝ မှ ၁ဝဝဝဝ၊ ငါးတန်မျှင်  တစ်ပိဿာလျှင် ငွေကျပ် ၆ဝဝဝ မှ ၈ဝဝဝ၊ လသာချို တစ်ပိဿာလျှင် ငွေကျပ် ၈ဝဝဝ မှ ၁ဝဝဝဝ၊ ငါးပြက်တစ်ပိဿာလျှင် ငွေကျပ် ၁ဝဝဝဝ၊ ငါးစင်ရိုင်း တစ်ပိဿာလျှင် ငွေကျပ် ၅ဝဝဝ မှ ၈ဝဝဝ၊ ပလာတူး  တစ်ပိဿာလျှင် ငွေကျပ် ၃ဝဝဝ မှ ၄ဝဝဝ၊ ထိုင်လုံးထိုင်ကွဲ တစ်ပိဿာလျှင် ငွေကျပ် ၃ဝဝဝ မှ ၄ဝဝဝ၊ ပုစွန်ပွခြောက်တစ်ပိဿာလျှင် ငွေကျပ် ၄ဝဝဝ မှ ၆ဝဝဝ၊  ပုစွန်အချိုခြောက် တစ်ပိဿာလျှင် ငွေကျပ် ၁၅ဝဝဝ မှ ၃၅ဝဝဝ အထိ   အရောင်းအဝယ် ပြုလုပ်လျက် ရှိကြောင်း သိရပါတယ်။

 

Read More >>>>>  ကောက်ပဲသီးနှံဈေးနှုန်းများ ထုတ်လုပ်မှုကုန်ကျစရိတ်အောက် ရောက်ရှိပါက နိုင်ငံတော်မှ ဝယ်ယူသွားမည်

 


Source: Myawady

Read times Last modified on Friday, 30 August 2019 15:41
Rate this item
(0 votes)